Sunday, November 26, 2023

ဟားမတ်စ်အဖွဲ့ ထိန်းသိမ်းထားသည့် ဓားစာခံများ ဒုတိယ အသုတ် လွှတ်ပေး

Myanmar Digital News
Nov 27,2023
ဂျေရုဆလင်၊ နိုဝင်ဘာ ၂၆

ဟားမတ်စ်အဖွဲ့က ၎င်းတို့ထိန်းသိမ်းထားသည့် ဓားစာခံများကို နိုဝင်ဘာ ၂၆ ရက်တွင် ဒုတိယအသုတ် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယခုလွှတ်ပေးသည့်် ဓားစာခံများမှာ အစ္စရေး နိုင်ငံသား ၁၃ ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ဖြစ်သည်။

လက်ရှိအချိန်တွင် ဓားစာခံများလွှတ်ပေးရေးဆိုင်ရာ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပြီး ၎င်းအရေးညှိ နှိုင်းမှုတွင် အီဂျစ်နိုင်ငံက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူက မှတ်ချက်ပြု ပြောကြားသည်။
ရရှိထားသည့် လေးရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့က ၎င်းတို့ ထိန်းသိမ်းထားသည့် ဓားစာခံ ၅၀ ကို လွှတ်ပေးရမည်ဖြစ်သည်။

ပထမအကြိမ် ဓားစာခံလွှတ်ပေးမှုတွင် ဓားစာခံ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး ၎င်းတို့တွင်အစ္စရေးနိုင်ငံသား ၁၃ ဦး ပါဝင်ခဲ့သည်။ ၎င်းဓားစာခံများ လွတ်မြောက်လာခဲ့ပြီးနောက်အစ္စရေးနိုင်ငံကလည်းကလေးငယ် များနှင့် အမျိုးသမီးများအပါအဝင် ပါလက်စတိုင်း အကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ယခု ဒုတိယအကြိမ် အကျဉ်းသားလဲလှယ်မှုတွင် အစ္စရေးအကျဉ်းထောင်များမှ ပါလက်စတိုင်း ကလေး ငယ် ၃၃ ဦးနှင့် အမျိုးသမီးခြောက်ဦးအား လွှတ်ပေးမည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာ န ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသနယ်စပ်တွင် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် ထရပ်ကား ၁၃၇ စီး ရောက်ရှိနေကြောင်းနှင့် ၎င်းယာဉ်များသည် အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာဒေသသို့ ဝင်ရောက် မည့် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာဉ်တန်းဖြစ်ကြောင်းကုလသမဂ္ဂလူသား ချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ကြေညာချက်ထုတ်ပြန် ခဲ့သည်။


ကိုးကား - ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */