" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 17, 2023

ရခိုင်တွင် တပ်အင်အားမလုံလောက်၍ စခန်းငယ်များကို ရုပ်သိမ်းပြီး တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွား ရောက်ပူးပေါင်း

Narinjara
ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃

( အမ်းမြို့နယ်မှ စစ်ကောင်စီအထိုင်စခန်းနှစ်ခု ထပ်မံစွန့်ခွာ)

ရခိုင်ပြည်နယ် စစ်တပ်အင်အား မလုံလောက်၍ အထိုင်ချထားသည့် စခန်းငယ်များကို ရုပ်သိမ်းကာ တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွားရောက်ပူးပေါင်းနေကြသည်ဟု သတင်းရရှိသည်။

အင်အား မလုံလောက်နှင့်ရင်ဆိုင်နေရပြီး AA၏ ခြိမ်းခြောက်မှုကို ခံနေရသည့် အမ်းမြို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ အထိုင်စခန်းနှစ်ခုမှ စစ်သားများကို ထပ်မံရုပ်သိမ်းကာ ပူးပေါင်းသွားခဲ့သည်ဟု သိ ရသည်။

စခန်းစွန့်ခွာသွားသည် တပ်စခန်းနှစ်ခုမှာ အမ်းမြို့နယ်မှ ကညှင်တောင်အထိုင်စခန်းနှင့် ပိန္နဲတောင် အ ထိုင်တပ်စခန်းများမှဖြစ်ပြီး ရုပ်သိမ်းသွားသည့် တပ်ဖွဲ့ဝင်ဦးရေကိုမူ အတိအကျမသိရှိရ​သေးကြောင်း အမ်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

" သူတို့ မနေ့ကညပိုင်းမှာစခန်းက စွန့်ခွာသွားကြတာ ဖြစ်နိုင်တယ်ပေါ့နော်။ အခုမနက်ပိုင်းမှာတော့ အဲဒီစခန်းနှစ်ခုစလုံးမှာ စစ်သားတွေတယောက်မှမရှိတော့ဘူး" ဟု သူကပြောသည်။

အဆိုပါစစ်စခန်းနှစ်ခုမှ စွန့်ခွာထွက်ပြေးသွားသည့်စစ်သားများသည် အမ်းမြို့ပေါ်ရှိတပ်ရင်းများသို့ ပူး ပေါင်းသွားခြင်းဖြစ်ကြောင်း သူကပြောသည်။

" အဲဒီစစ်သားတွေက အမ်းကိုပြောင်းရွှေ့သွားတာလို့သိရတယ်။ အရင်က အနောက်ပိုင်းစစ်ဌာနချုပ် ကို ကာထားတဲ့ အမ်းမြို့နယ်ထဲက စခန်းငယ်တွေကို အကုန်လုံးရုပ်သိမ်းပြီး အမ်းမြို့ပေါ်က တပ်ရင်း တွေမှာ သွားပေါင်းထားတယ်လို့ သိရပါတယ်" ဟု နိရဥ္စရာသို့ပြောသည်။

ကညှင်တောင်စစ်စခန်းမှာ လုံးကောက်ကျေးရွာအုပ်စု၊ညောင်ချောင်းကျေးရွာအနီးတွင်တည်ရှိပြီး ပြီး ခဲ့သည့် ၂၀၂၀ ခုနှစ်တကျော့ပြန်တိုက်ပွဲကာလကပင် အထိုင်ချတပ်စွဲနေသည့်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

အလားတူ ပိန္နဲတောင်စစ်စခန်းမှာလည်း ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာအနီးတွင်တည်ရှိပြီး ၂၀၁၈ ရခိုင်တိုက်ပွဲကာလကပင် တပ်စွဲထားခြင်းဖြစ်ကြောင်းသိရသည်။

ယခင်ရခိုင်တိုက်ပွဲတုန်းက စစ်ကောင်စီသည် တပ်မ ၉၉၊ တပ်မ ၅၅၊ တပ်မ ၂၂၊ တပ်မ ၁၁ အပါအဝင် တပ်မ ၅ မလောက်ကို ရခိုင်တွင် ဖြန့်ကျက်ချထားခဲ့သော်လည်း လက်ရှိတွင် တပ်မ ၂၂ နှင့် တပ်မ ၁၁ သာ ကျန်ရှိတော့သည်ဟု သိရသည်။

စစ်ရေးလေ့လာအကဲခတ်သူတစ်ဦးက “ကျွန်တော်သိရသလောက်ဆိုရင် အရင် တပ်မ ၅၅ ထိုင်ခဲ့တဲ့ မြောက်ဦးမှာ ပလက်၀မှာ ရှိနေတဲ့ တပ်မ ၁၁ ကိုခေါ်ယူပြီး အစားထိုးထားတယ်။ တပ်မ ၅၅ ကတော့ ကရင်နီနဲ့ ရှမ်းတောင်ကို ရောက်သွားတယ်လို့ သိရတယ်။ တပ်မ ၂၂ ကတော့ ဘူးသီးတောင်မှာ နေရာ ချထားတယ်လို့ သိရတယ်။ ရခိုင်မှာ စစ်တပ် အင်အားသိပ်မရှိဘူး။ အေအေထိုးစစ်ကို ခံစစ်နဲ့ သူတို့ ကာမယ်။ နောက်ဝေဟင်နဲ့ ရေကနေ သူတို့ ဝိုင်းရံမယ်။ အဲသလိုမျိုးတော့ မြင်ရတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်စစ်ပွဲအနေအထားမှာ ရက္ခိုင့်တပ်တော် အေအေက ထိုးစစ်အနေအထားဖြင့် တိုက်ပွဲဝင် ရန် အခြေအနေရှိနေပြီး စစ်ကောင်စီတပ်မှာ ခံစစ်အနေအထားနဲ့ တိုက်ပွဲရန် ပြင်ဆင်နေသည့် အနေ အထားကို တွေ့ရသည်ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ရခိုင်တွင် သာလွန်အင်အားဖြင့် တိုက်ခိုက် မည်ကို စိုးရိမ်ရသဖြင့် စခန်းငယ်များကို ရုပ်သိမ်းကာ နောက်တပ်ရင်းများတွင် စုဖွဲ့မှုပြုလုပ်နေရ ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ရခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော်က စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဖော်ဆောင်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့များသည် အေအေထံ လက်နက်ချ အလင်းဝင်မှု များပြားလာသည်ဟု သိရသည်။(NN-23)ပုံစာ-ဓာတ်ပုံ ပုံဟောင်းဖြစ်ပါသည်။ မူရင်းပိုင်ရှင် Crd ပေး ပါ သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */