" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 31, 2023

ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်နေချိန် ရိုဟင်ဂျာတွေနေရပ် ပြန်ရေး စစ်ကောင်စီကြိုးပမ်း

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.10.31

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် မိုးရာသီအတွင်း မြေပြိုမည့်အန္တရာယ်မှ ကာကွယ်ရန် လမ်းများကို ပြုပြင်နေကြသည့် ရိုဟင်ဂျာများအား ၂ဝ၁၉ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ Reuters

ရက္ခိုင့်တပ်တော် AA ပါဝင်ပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကိုလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ရပ်နေတဲ့ ရခိုင် မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရခိုင်လူထုကြား ရှိနေပါတယ်။

ဒီလိုအချိန်မှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ဖို့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့မှာ သွားရောက်ပြီး ဒုက္ခသည် တွေ ကို သွားရောက်တွေ့ဆုံဆွေးနွေးနေပါတယ်။

"နိုင်ငံတကာရဲ့ဖိအားတွေ လျော့ကျအောင် ဟန်ပြသဘောမျိုးခေါ်ယူတဲ့အပေါ်မှာ အင်မတန်စိုးရိမ်ပါတယ်။ မြန် မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင် အခုက တိုက်ပွဲပေါင်းများစွာ ဖြစ်နေတာကို တွေ့ရတယ်။ ဒီအပေါ်မှာလဲ အင်မ တန်စိုးရိမ်တယ်။”

စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးစောနိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ပထမနေ့မှာ ဒုက္ခသည် ၁၅၀ လောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပါတယ်။

“ အခု ၁၅၀ လောက်နဲ့တွေ့တယ်ပြောတယ်။ သူတို့ ဒီအသုတ်ပြီးရင် နောက်အသုတ်နဲ့လည်း တွေ့ချင်တွေ့မှာပေါ့။ သူတို့က နှစ်နိုင်ငံ စာရင်းဇယားနဲ့ တိုက်ဆိုင်စိစစ်အတည်ပြုထားတဲ့ ဒုက္ခသည်တော်တော်များများနဲ့ တွေ့မယ် ထင်တယ်။ ဒီလူတွေနဲ့ လာရောက်ညှိနှိုင်းတာပေါ့။ စကစက သူတို့ရဲ့ Plan ပေါ့။ မူလနေရာမှာ ထားမယ်ဆိုပြီး ဒီတစ်ခုတော့ အပြောင်းအလဲ လုပ်မယ်ထင်တယ်။ ဒါကလဲ သိပ်ပြီးတော့ မရိုးသားဘူး။ ဒီဒုက္ခသည်တွေကို စည်း ရုံးဖို့ မက်လုံးပေးတဲ့ သဘောလဲဖြစ်နိုင်တယ်။”

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေက လုံခြုံရေးအာမခံချက်ပေးဖို့၊ နိုင်ငံသားအခွင့်အရေးပေးဖို့၊ မူလနေရာမှာ ပြန်လည်နေရာချထားပေးဖို့၊ ဆုံးရှုံးခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ပြန်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပြီး ဒါတွေ ပြန်ရမှ နေရပ်ပြန်မယ်လို့ ပြောထားပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိနေလို့ နေရပ်ပြန်ရေးက အရင်ထက် ပိုအလှမ်းဝေးနေတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းက ဦးကျော်မြင့် ကပြောပါ တယ်။

“ နိုင်ငံတကာရဲ့ဖိအားတွေ လျော့ကျအောင် ဟန်ပြသဘောမျိုးခေါ်ယူတဲ့အပေါ်မှာ အင်မတန်စိုးရိမ်ပါတယ်။ မြန် မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင် အခုက တိုက်ပွဲပေါင်းများစွာ ဖြစ်နေတာကို တွေ့ရတယ်။ ဒီအပေါ်မှာလည်း အင် မတန်စိုးရိမ်တယ်။ နောက် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်မလား။ အရင်ထက် အခုလတ် တလော အခြေအနေက ပိုပိုဆိုးလာမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီလိုအခက်အခဲကြား၊ စိုးရိမ်ရတဲ့အနေအထား ကြားမှာ စစ်ကောင်စီက ကျွန်တော်တို့ရဲ့ လုံခြုံရေးအာမခံချက်မရှိဘဲ နိုင်ငံတကာရဲ့ Security မရှိဘဲ ဒီအတိုင်း ပရမ်းပတာ ခေါ်ယူတဲ့ လုပ်ငန်းစဉ်လုပ်လာတယ်။”

အခုခရီးစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင် ပြည်နယ်ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီဟာ ကားဂိတ်တွေ၊ ဆိပ်ကမ်းတွေမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေက ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြသလို ဆိုရှယ်မီဒီယာတွေမှာ ရခိုင်လူထုအချင်းချင်းကြား တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြဖို့ သတိပေးတာတွေလည်း ဒီရက်ပိုင်းအတွင်း များလာနေတယ်လို့ စစ်တွေမြို့ခံ တစ်ဦးက ပြောပါတယ်။

“ AA ကနေပြီးတော့ တခြားဧရိယာတွေမှာ ထိထိရောက်ရောက်ပါဝင်ပြီး မဟာမိတ်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတဲ့အခါမှာ စစ်ကောင်စီဘက်က အထိနာနေတဲ့အလျှောက် ဒေါသအရ အညှိုးတွေထားပြီး တိုက်ပွဲတွေမဖြစ် ဖြစ်အောင် ပုံဖော်လာမဲ့ အနေအထားတွေ ရှိလာနေမလားဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေတယ်။ တချို့လိုင်းပေါ်မှာ Channel တွေကနေ တစ်ဆင့် ပြင်ဆင်မှုတွေလုပ်ထားဖို့ လှုံ့ဆော်နေတာတွေလည်း ကြားနေရပါတယ်။”

လုံခြုံရေးအရ စစ်တွေမြို့ခံရဲ့ပြောကြားချက်ကို အသံအစားထိုးနဲ့ တင်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ၊ တက္ကနပ်မြို့တွင် ရိုဟင်ဂျာများ နေရပ်ပြန်ရေး ဆွေးနွေးရန် ရောက်ရှိလာသည့် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေကြသော ရိုဟင်ဂျာများ။ (Photo: AFP)
ရိုဟင်ဂျာတွေကို လုံခြုံရေးမပေးနိုင်ဘဲ စစ်ကောင်စီက ပြန်ခေါ်ရေး တွန်းအားပေးလုပ်ဆောင်နေတာဟာ နိုင်ငံ တကာတရားရုံး ICJ မှာ ရင်ဆိုင်နေရတဲ့ အမှုအတွက် ဟန်ပြလုပ်ဆောင်နေတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ရှုမြင်ကြ ပါတယ်။

“ဒီမှာနေတဲ့ ရိုဟင်ဂျာတွေလဲ ရှိတယ်။ မွတ်စလင်တွေလဲ ရှိတယ်။ သူတို့အတွက်တောင် ဘာမှ ကျွန်တော်တို့ စိတ်ချရတဲ့အနေအထားမရှိဘူး။ ဖြစ်လာပြီဆိုရင် ရိက္ခာဖြတ်တယ်။ ဆေးဝါးဖြတ်တယ်။ ဆက်သွယ်ရေး ဖြတ် တယ်။ အင်တာနက်လိုင်းတွေဖြတ်တယ်။ ဖုန်းလိုင်းတွေ ဖြတ်တယ်။ မီးတွေ ဖြတ်တယ်။ နည်းမျိုးစုံနဲ့ ပြည်သူကို ဒုက္ခပေးနေတာပဲ။ ဒါပေမယ့် စစ်ကောင်စီဟာ သူတို့က သဘောထားကြီးတယ်။ မွတ်စလင်တွေအပေါ်မှာ ပြန် ခေါ် ချင်တဲ့ဆန္ဒလဲ ရှိတယ်။ ကိုယ်ချင်းလည်းစာတယ်။ အဲ့လိုမျိုး သူတို့ဘက်က ပြယုဂ်တစ်ခုအနေနဲ့ ပြနေတာ။ သူတို့ မလာဘူးဆိုတာ စစ်ကောင်စီက သဘောပေါက်တယ်။ မွတ်စလင်တွေကလည်း စျေးပေါပေါနဲ့ စစ်ကောင် စီဘက်မှာ အသုံးချခံသဘောမျိုးနဲ့ မလာဘူးဆိုတာ အထပ်ထပ်အခါခါ ဖိတ်ခေါ်ပေမဲ့ မရောက်လာတဲ့ ကိစ္စက သက်သေပြနေပါတယ်။”

ဝါရင့်ရခိုင်တိုင်းရင်းသားနိုင်ငံရေးသမား ဦးဖေသန်း ပြောသွားတာပါ။

၂ဝ၁၇ နောက်ပိုင်း မြန်မာပြည်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ် သန်းကျော်ရှိနေပြီး အဲ့ဒီထဲက တစ်ထောင်ကျော်ကို ပထမအဆင့်အနေနဲ့ နှစ်နိုင်ငံအစိုးရသဘောတူညီချက်နဲ့ နေရပ်ပြန်ခေါ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့ နေရပ်ပြန်သူ ဒီနေ့အထိ မရှိသေးပါဘူး။ ဒုက္ခသည်တွေကတော့ လူဦးရေ အနည်းအကျဉ်းကို စိစစ်အတည်ပြုတာထက် ဘင်္ဂလားဒေ့ရှ်ရောက်နေသူ တစ်သန်းကျော်လုံးကို စိစစ်အတည် ပြုပြီး ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေနဲ့ အညီ နေရပ်ပြန်ရေးလုပ်ဖို့ အာဏာပိုင်တွေထံ တောင်းဆိုတာ တွေ ရှိနေပါတယ်။

Link : Here








No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */