" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 1, 2023

တောင်ကြာအင်းလမ်းပိုင်း ယစ်မူးဆေးဝါးနှင့် လူကုန်ကူးမှု နှင့်လိုင်စင်မဲ့ကားသယ်ဆောင်မှုများ မြင့်တက်လာနေ

KIC
ကေအိုင်စီ
အောက်တိုဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ 

ကော့ကရိတ်မြို့ တောင်ကြာအင်းကျေးရွာ လမ်းပိုင်းတွင် စစ်ကောင်စီတပ်အပါအဝင် စစ်တပ်နှင့် ပူးပေါင်းထား သည့် ကရင်လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း လူကုန်ကူးမှု၊ မူးယစ် ဆေးဝါးမှု၊ လိုင်စင်မဲ့ ကားသယ်ဆောင်မှုများ ပိုမိုလုပ်ဆောင်နေသည့် လမ်းပိုင်းဖြစ်လာနေကြောင်း တောင်ကြာအင်းဒေသခံများက ပြောသည်။

“အခုတလောက ကျနော်တို့ဘက်မှာ တိုက်ပွဲဖြစ်တာပစ်ကြတာက တစ်ပိုင်းပဲ။ မူးယစ်ဆေးဝါး ရောင်းတာ၊ ရိုဟင် ဂျာတွေ သယ်ပို့နေတာ၊ ဝစ်သောက်ကား(လိုင်စင်မဲ့)တွေ မောင်းဆင်းနေတာ၊ ခ နောက်စိမ်းကားတွေက ပုံမှန်လို ပဲ ။ ဂိတ်ကြေးပိုက်ဆံပေးပြီးသွားနေကြတယ်။ အရပ်သား ရွာသားကား တွေကျတော့ သွားလာလို့ မရဘူး။ အခု က စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံး က ငွေတောင်း ဂိတ်ထောင်စားတာကနေ ဝင် ငွေ ကောင်းနေကြတယ် ”ဟု တောင်ကြာအင်း ကျေးရွာ ‌ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြာအင်း ဘုန်းကြီးကျောင်း၊ တောင်ကြာအင်း အထက်တန်းကျောင်း၊ တောင်ကြာ အင်း ဟောင်သရောမြစ်ကူး တံတားအနီး ဝန်းကျင်နေရာများတွင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ -KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ တစ်ထောင် ကျော် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်နေ ကြရကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်က KNDO ပူးပေါင်းတပ်များ စစ်တပ်တပ်စွဲထားသည့် တောင်ကြာအင်း ဘုန်ကြီး ကျောင်း ကို ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့ ကြောင်း စစ်ရေး သတင်းအရင်းအမြစ်ပြောဆိုချက်အရ သိရသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ၉ တိုင်လမ်းဆုံလမ်းပိုင်းမှ တောင်ကြာအင်း၊ လောင်းကိုင်၊ ဖား ကျ နောင်တလာကျေးရွာများဘက်တွင် စစ်တပ်နှင့် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့တို့ ကျော‌ ထောက်နောက်ခံ ပြု အကောက်ငွေ ပေးဆောင်ထားသူများမှ ရိုဟင်ဂျာလူမျိုးများအား လူကုန်ကူးပို့ ဆောင်မှု၊ လိုင်စင်မဲ့ကားများ ပို့ဆောင်နေမှုများအား ငွေကြေးသိန်းချီပေးဆောင်ကာ နေ့စဉ်လုပ်ဆောင် နေကြကြောင်း ၎င်းဒေသခံက ဆက် ပြောသည်။

“ လမ်းမတန်းမှာက နေ့တိုင်း စစ်တပ်၊နဲ့ PCတို့ DKBA တို့၊ BGF တို့ငွေတောင်းနေတာက ဘာသာခြား (ရိုဟင်ဂျာ) သယ်ပို့ပေးတဲ့ကား၊ ဝစ်သောက်ကား၊ တွေဖြတ်မောင်းရင် တစ်စီးငွေတစ်သိန်းပေးရတယ်၊ ဂိတ်တွေက အများ ကြီး သူတို့တွေကတော့ ပစ်ခတ်နေလည်း ငွေတောင်းတာက လုပ်နေနေကြတာပဲ ”ဟု ထိုတောင်ကြာအင်းဒေသ ခံ က ပြောသည်။

၎င်းအပြင် ကျေးရွာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲ ရနေသည့်အ ဆင့်သို့ ရောက်လာနေပြီး ဖမ်းဆီးထိန်းချုပ်အရေးယူမည့်သူမရှိဖြစ်နေကြောင်း လောင်းကိုင် ကျေးရွာဒေသခံတစ် ဦးကလည်း သူမျက်မြင်တွေ့ကြုံရသည့်အခြေအနေကို ယခုလို ပြောသည်။

“အခု ရွာဘက်မှာ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်း (လက်နက်ကိုင်) က ဆွေမျိုးတို့၊ မိသား စုဝင်တို့က အခု မူးယစ်ဆေးရောင်းတာ တော်တော်အလုပ် ဖြစ်နေကြတယ်။ လက်နက်ကိုင် နဲ့ ပတ်သက် တယ်ဆိုတော့ မပြောရဲ မဆိုရဲကြဘူး။ ဒေသ KNU /KNLA တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ထိထိ ရောက်ရောက် ဖမ်းဆီးတာ၊ အရေး ယူ တာ မလုပ်ကြတော့ ပိုဆိုးလာတယ်။ ဆေးသုံးဆေးစွဲတဲ့ သူတွေ ထဲမှာ တော်လှန်ရေးအဖွဲ့သားတွေရော၊ကျေး ရွာလူငယ်တွေရော ပိုပေါလာ တယ် ”ဟု ထိုလောင်းကိုင် ကျေးရွာ ဒေသခံကပြော သည်။

လက်ရှိ ကိုးတိုင်၊ တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီး လမ်းပိုင်းတွင် စစ်ကောင် စီတပ်က ကျေးရွာ များဘက် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်လုပ်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက စစ်တပ်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ပြောက်ကျားပစ်ခတ်မှုများ ဆက်လက် တိုက်ခိုက်နေကြောင်း ပူးပေါင်းတပ်ဖွဲ့ များ၏ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */