" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 28, 2023

ဒေါ်စန္ဒာမင်းနဲ့ ဒေါက်တာအေးမောင် ဂျပန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံ

RFA
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.09.28 

ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ဒေါ်စန္ဒာမင်းနှင့် ဒေါက်တာအေးမောင်။ Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းနဲ့ ရခိုင့်ဦးဆောင် ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် တို့ဟာ စက်တင်ဘာ ၁၇ ရက်နေ့ ကနေ စက်တင်ဘာ ၁၉ ရက်နေ့အထိ ဂျပန် နိုင်ငံကိုသွားရောက်ပြီး ဂျပန်နိုင်ငံ လွှတ်တော်အမတ် တချို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမှာ ဒေါက်တာအေးမောင်နဲ့ ဒေါ်စန္ဒာမင်းတို့ဘက်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ သေကျေမှုတွေ၊ အဖျက်အမှောင့် လုပ်ငန်းတွေနဲ့ လက်နက် ခဲယမ်း ဖမ်းဆီးရမိမှုတွေ ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့မှတ်တမ်းစာအုပ် ကို ဂျပန်အမတ်တွေကိုပေးပြီး တင်ပြခဲ့တယ်လို့ အမတ်တွေရဲ့ ပြန်လည် ပြောပြချက်ကို ဂျပန်ရောက် ဒီမိုကရေ စီအရေး လှုပ်ရှားသူ ကိုသန်းဇော်ထက်က ပြောပါတယ်။

“သူတို့နဲ့ တွေ့ဆုံခဲ့တဲ့ အမတ်တွေကတဆင့် ကျွန်တော်တို့ ပြန်သိခဲ့ရတာ ရှိတယ် သူတို့က ပြည်တွင်းထဲမှာ အ ကြမ်းဖက်ထားတဲ့ အထောက်အထားတွေကို အကြမ်းဖက်ခံရပါတယ် ဆိုပြီးတော့ပေါ့နော် သူတို့လိမ်ညာပြီးတော့ အဲမှတ်တမ်းတွေကို ယူပြီးတော့ လွှတ်တော်အမတ်တွေကို တိုင်တန်းခဲ့တာပေါ့လေ။ အကြမ်းဖက်မှုတွေ ဖြစ် အောင် လို့ ပြည်ပကနေပြီးတော့ ဂျပန်မှာဆိုလို့ရှိရင် ဂျပန်ရောက်အင်အားစုတွေ အနေနဲ့ထောက်ပံ့မှုတွေမြှောက် ပင့်မှုတွေရှိတယ်ဆိုတာမျိုး တိုင်တန်းခဲ့တယ်ပေါ့နော်။ ဒါတွေကိုအရေးယူဆောင်ရွက် ပေးပါ ဆိုတာမျိုး လွှတ် တော်အမတ်တွေကလည်း ဒီမိုကရေစီကိုလိုချင်တယ် စစ်တပ်လက်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးစား နေ တာချင်းအတူတူ ဒီဘက်မှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ရော တွေ့ဆုံပါလား တွေ့ဆုံဖို့ စီစဉ်ပေးမယ်လေလို့ ပြောပေမဲ့လည်း သူတို့ဘက်က ဘာမှတုံ့ပြန်မှု မရှိဘူးပေါ့နော်”

တင်ပြချက်တွေထဲမှာ လက်ရှိစစ်ကောင်စီဟာ ဒီမိုကရေစီလိုလားကြောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သား အစိုးရကို အာဏာပြန်လွှဲအပ်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကိုသန်းဇော်ထက်က ပြောပါတယ်။ ဂျပန် လွှတ်တော်အမတ်တွေက ယုံကြည်မှုမရှိကြောင်း ပြန်ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။

“ပြည်သူတွေနဲ့ ဆန့်ကျင်တဲ့ အဖွဲ့အစည်းဘက်က သွားပြီးတော့ ရပ်တည်တယ် ဆိုတာကတော့ မဖြစ်သင့်ဘူး အဲလိုစည်းရုံးတဲ့အတွက် ဒီဘက်က ပြည်သူ့တော်လှန်ရေးကိုတော့ ထိခိုက်မှာ မဟုတ်ဘူး သူတို့ပဲ ပုံရိပ်ကျ သွား နိုင်တယ်ပေါ့” ဦးဖေသန်း (ရခိုင်နိုင်ငံရေးသမား)

ဒေါ်စန္ဒာမင်းဟာ ဂျပန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံချိန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရား ရုံးတွေမှာ ထွက်ဆိုချက်စကားတွေကို မှတ်သားပြီး ပြန်ပြောခဲ့တယ်လို့ ကိုသန်းဇော်ထက် က ပြောပါတယ်။

ဒေါ်စန္ဒာမင်းအနေနဲ့ ပါတီနဲ့ ပါတီခေါင်းဆောင်ကို ခုတုံးလုပ်ပြီး အခုလိုတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က ဒေါ်စန္ဒာမင်းအနေနဲ့ မ လုပ်သင့်တာကို လုပ်လိုက်တာလို့ ပြောပါတယ်။

“ကိုယ့်ကိုကိုယ် တကယ်ယုံကြည်တယ် ဆိုလို့ရှိရင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်လို့ရတဲ့နည်းတွေ ရှိတာပဲ လေနော် ပါတီဝိတ်ကိုလည်း သုံးထားတယ် ကိုယ့်ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ခုတုံးလုပ်ပြီး တော့ အသုံးချတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်ပေါ့နော် ကျွန်တော်တို့ ပြည်သူလူထုရဲ့ မှတ်တမ်းထဲမှာတော့ တော်တော်လေးကို ဆိုးရွားတဲ့ ကိစ္စတစ်ခုကို လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်ပေါ့နော် ဒေါ် စန္ဒာမင်း အပါအဝင်ပေါ့နော် အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ထောက်ခံ အားပေးနေတာ မျိုးတွေ ကိုယ်တိုင်က ဒီလူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြန်ပြီးတော့ လော်ဘီပုံစံမျိုး လုပ်ပေးနေတာမျိုး တွေက ပြည်သူလူထုက တစ်ချိန်ချိန်ကျရင်တော့ ဒီဟာပေါ်မှာ တစ်စုံတစ်ရာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်ဗျ။”

ဒေါက်တာအေးမောင်နဲ့ ဒေါ်စန္ဒာမင်းတို့ ဂျပန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး ဒီမိုကရေစီ အင်အားစုတွေ အပေါ် အပြစ်ပုံချပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်နေတာဟာ ဘယ်အဖွဲ့ အ စည်းဖြစ်တယ်ဆိုတာ နိုင်ငံတကာက သိရှိပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ ဒေါ်စန္ဒာမင်းကို RFA အနေနဲ့ ဆက်သွယ်လို့ မရပါဘူး။ ဒေါ်စန္ဒာမင်းကို ၂၀၂၃ မတ် ၃ ရက် နေ့မှာ NLD ပါတီကနေ ထုတ်ပယ်ကြောင်း ကြေညာထားပေမဲ့ ဂျပန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံချိန် တော့ NLD ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦး ပုံစံမျိုးနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။

ရခိုင့်ဦးဆောင်ပါတီ ဒေါက်တာအေးမောင်ကတော့ ဂျပန်နိုင်ငံခရီးစဉ်သွားတာ မှန်ကန်ကြောင်း၊ ဒါပေမဲ့ ဒါဟာ စစ်ကောင်စီက စေလွှတ်တာမဟုတ်ကြောင်း၊ PDF၊ NUG၊ CRPH နဲ့ ပတ်သက်ပြီး တင်ပြခဲ့တာတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။

“မရှိဘူးမရှိဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သွားတာ ခင်ဗျားတို့စုံစမ်းကြည့်ပါ ပွင့်ပွင့်လင်းလင်းပြောရင် အဲဒီဘက်က လွှတ်တယ်ဆိုရင် ဘဏ်မှာပိုက်ဆံလဲရင် ရမှာပေါ့ဗျ ကျွန်တော်သွားတာ ဘာမှပိုက်ဆံလဲလို့မရဘူး တစ်ကျပ်မှ တောင် မရဘူး လေယာဉ်ကွင်းမှာလည်း ပိုက်ဆံလဲဖို့ လုပ်တယ် ဘဏ်တွေမှာလည်း လဲဖို့လုပ်တယ် ကျွန်တော် တို့က ခုနကလို PO မဟုတ်လို့ မရဘူး ပိုက်ဆံလေးလဲဖို့တောင်မှပဲ ကျွန်တော်တို့က အလည်အပတ်အနေနဲ့ သွား ကြတာ ဖိတ်လို့လေ။”

ဂျပန်နိုင်ငံလွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံတာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် အကူအညီတွေ ထပ်မံလိုအပ်နေသေးတဲ့အကြောင်း တင် ပြတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကတော့ သူတို့တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ဂျပန်အမတ် တွေက ပြန်လည်တုံ့ပြန်တာမျိုးမရှိတာကြောင့် ခရီးစဉ်ဟာ အောင်မြင်မှုမရှိဘူးလို့ ပြောပါတယ်။

ဒေါက်တာအေးမောင်၊ ဒေါ်စန္ဒာမင်းတို့ရဲ့ ဂျပန်နိုင်ငံခရီးစဥ်မှာ လူတစ်ဦးက လေယာဥ်ကွင်းမှာစောင့်ပြီး ဆိုရှယ် မီဒီယာကနေ Live လွှင့်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကလည်း ဆန္ဒပြဖို့ ပြင်ဆင်နေပြီး အစီအစဥ်တွေကို အ များသိအောင် အသိပေးထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာအေးမောင် သွားရောက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ သူတို့အခုလို ပြည်သူဘက်မရပ်တည်ဘဲ စစ်တပ်ဘက်က ရပ်တည်ပြီး သွားရောက် တိုင်တန်းတာဟာ သူတို့ရဲ့ နိုင်ငံရေး ပုံရိပ်ကျသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်တပ်ဘက်က ရပ်တည်တယ်ဆိုတာ မကောင်းတဲ့ ပြယုဂ်ပေါ့နော် ဒီနေ့လုပ်နေတဲ့ ပြည်သူတွေရဲ့ တော်လှန် ရေးက အောင်ကိုအောင်မြင်မယ်ဆိုတဲ့ အခြေအနေလည်း ရှိတယ် ကမ္ဘာ့အလယ်မှာလည်း သံခင်း တမန်ခင်းအရ ထောက်ခံမှုတွေ ရှိနေတယ် ပြည်သူတွေနဲ့ ဆန့်ကျင်တဲ့ အဖွဲ့အစည်းဘက်က သွားပြီးတော့ ရပ်တည်တယ် ဆို တာကတော့ မဖြစ်သင့်ဘူး အဲလိုစည်းရုံးတဲ့အတွက် ဒီဘက်က ပြည်သူ့တော်လှန်ရေးကိုတော့ ထိခိုက်မှာ မဟုတ် ဘူး သူတို့ပဲ ပုံရိပ်ကျသွားနိုင်တယ်ပေါ့။”

ဒေါက်တာအေးမောင် ဂျပန်နိုင်ငံသွားတာကို ပါတီဝင်တစ်ဦးတစ်ယောက်မျှ မသိရှိဘူးလို့ အမည်မဖော်လိုတဲ့ပါတီ ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီက ဒေါက်တာအေးမောင်နဲ့ ဒေါ်စန္ဒာမင်းတို့က အခုလို ဂျပန်နိုင်ငံ စေလွှတ်တာ ဟုတ်မဟုတ်ကိုတော့ RFA အနေနဲ့ အတည်ပြုလို့မရသလို စစ်ကောင်စီ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက် သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */