" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 3, 2023

စစ်ကောင်စီက ရိုဟင်ဂျာတွေကို မူလနေရပ်ပြန်နေခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ ကတိမပေး

Delta News
September 3, 2023

ရန်ကုန်အခြေစိုက် သံရုံးအကြီးအကဲတွေနဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ ရခိုင်က ရိုဟင်ဂျာကျေးရွာ နဲ့ ဒုက္ခသည် စ ခန်းတချို့ဆီလာခဲ့ကြပေမယ့် ဒုက္ခသည်တွေတောင်းဆိုနေကြတဲ့ အချက်တွေကို လိုက် လျောပေးဖို့ ကတိပေးခဲ့တာတော့မရှိဘူးလို့ စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့ ရိုဟင်ဂျာတချို့ က DNAကိုပြောပါတယ်။


“သေချာတော့ အများကြီး တင်ပြလို့မရလိုက်ဘူး။သူတို့က ခဏလေးပဲ ရောက်လာကြတာ”လို့ သက္ကေ ပြင် ဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့အပါ အ ဝင် နိုင်ငံတ ကာသံရုံးတာဝန်ရှိသူတွေဟာ စက်တင်ဘာ ၁ရက်မှာစစ်တွေမြို့နယ်က ရိုဟင်ဂျာရွာတချို့ နဲ့ သက္ကေပြင် ဒုက္ခ သည်စခန်းတို့ကိုသွားခဲ့ကြပါတယ်။

ဒါ့အပြင် မနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကိုပြန်လက်ခံဖို့ ပြင် ဆင်ထားတဲ့ မောင်တောမြို့နယ်က လှဖိုးခေါင်နဲ့ တောင်ပြိုလက်ဝဲစခန်းတို့ကိုသွားခဲ့ကြပါသေးတယ်။

“သူတို့က လူဦးရေစာရင်းမေးတယ်။ ကျွန်တော်တို့က နိုင်ငံသားမှတ်ပုံတင်လုပ်ပေးဖို့ကိစ္စ၊ မွေးစာရင်း ကိစ္စ၊ လွတ်လပ်စွာသွားလာခွင့်ကိစ္စ၊ ကျန်းမာရေးကိစ္စတွေ တင်ပြကြတယ်။ မှန်ကန်ရင် မှတ်ပုံတင်လုပ် ပေးမယ်လို့ ပြော တယ်”လို့ အထက်ပါ ရိုဟင်ဂျာ ဒုက္ခသည်ကပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေ တောင်းဆိုကြတဲ့ မူလနေရပ်မှာ ပြန်လည်နေရာချထားပေးဖို့နဲ့ လွတ်လပ်စွာ သွားလာခွင့် ပေးဖို့ ကိစ္စတို့ကိုတော့ ထည့်မပြောသွားခဲ့ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ လိုချင်တာက အဲဒါပဲ၊မူလနေရာမှာ နေချင်တယ်၊စစ်တွေဆိုရင်လည်း နဂိုနေခဲ့တဲ့နေရာ အ တိအ ကျ မဟုတ်ရင်တောင် စစ်တွေမြို့မှာ ပြန်နေခွင့်ရချင်တယ်ဒီမှာကစာသင်ရတာလည်းအဆင် မပြေဘူး၊ဟိုမှာရ ခိုင်လူ မျိုးတွေနဲ့ နှစ်ဦးနှစ်ဖက် သဟဇာတဖြစ်ဖြစ်နဲ့ ပြန်နေချင်တယ်”လို့ သက္ကေပြင် စခန်းက နောက်ထပ် ဒုက္ခသည် တဦးကပြောပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို မြို့ကူး၊ ရွာကူး သွားလာခွင့်တွေကန့်သတ်ထား ပြီး သွား လာမယ်ဆိုရင် ငွေ ကြေးတောင်းခံတာတွေ လုပ်နေကြတယ်လို့ ဒေသခံရိုဟင်ဂျာတွေကပြော ထားကြပါတယ်။

သံရုံးအကြီးအကဲတွေနဲ့ စစ်ကောင်စီတာဝန်ရှိသူတွေဟာ သက္ကေပြင်စခန်းအနီးက သဲချောင်းရွာကိုပါ လာရောက်ခဲ့ ပေမယ့် ဒေသခံတွေကို တွေ့ဆုံစကားပြောခွင့် မပေးဘဲ ဓါတ်ပုံရိုက်ပြီးသာ ပြန်သွားခဲ့ ကြတယ်လို့ ပြောကြပါ တယ်။

“သဲချောင်းစျေးမှာ ခဏလေးပဲ သူတို့ဓါတ်ပုံရိုက်ကြတာတွေ့လိုက်တယ်။စခန်းကိုလည်း မရောက်လာ ခဲ့ဘူး။ကျွန် တော်တို့မှာ သူတို့ကို တင်ပြဖို့ တောင်းဆိုစရာတွေ အများကြီးရှိပါတယ်။မိုခါမုန်တိုင်းနဲ့ အ ခက်အခဲတွေလည်း အ များကြီးရှိနေတယ်။အစိုးရဆီက အကူအညီက ဘာမှ မရသလိုပဲ။ နိုင်ငံသား ကိစ္စတွေရောပဲ”လို့ သဲ ချောင်းရိုဟင် ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ မနေ့ကစက်တင်ဘာလ ၂ ရက်မှာတော့မောင်တောမြို့နယ်မှာရှိတဲ့လှဖိုးခေါင်နဲ့တောင်ပြို လက်ဝဲ ပြန် လည်လက်ခံရေးစခန်းတို့ဆီ သွားကြည့်ခဲ့ကြတယ်လို့ မောင်တောဒေသခံတဦးက ပြော ပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ မိုခါမုန်တိုင်း ကာကွယ်တုံ့ပြန်ကယ်ဆယ်ရေးဆောင်ရွက် ထားမှုနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေး ပြင်ဆင် ဆောင်ရွက်ထားမှုအခြေ အနေတွေကို ရှင်းပြတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးဆောင်ရွက်ဖို့ လုပ်နေတယ်လို့ အာဏာသိမ်း ချိန် ကတည်း က ပြောနေပေမယ့် လက်ရှိအချိန်အထိ လက်ခံရေးမစနိုင်သေးဘူးလို့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ အခုလိုမျိုး ပြန်လည်လက်ခံရေးကိစ္စရပ်တွေ ဆောင်ရွက်နေတာ၊ သံရုံးအကြီးအကဲ တွေ ကို ခေါ်ပြ နေတာဟာ နိုင်ငံတကာဖိအားလျော့စေဖို့ ဟန်ပြလုပ်နေတာသာဖြစ်တယ်လို့ ရိုဟင်ဂျာ လူငယ်တဦးက သူ့အမြင် ကိုပြောပါ တယ်။

“ရိုဟင်ဂျာတွေအပေါ် အခွင့်အရေးတွေ အများကြီးချိုးဖောက်ပြီး ဖိနှိပ်နေတာဖြစ်ပါတယ်။ဒါတွေအ ကုန် လုံးက ဟန်ပြပဲ” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် သိန်းချီတဲ့ ရိုဟင်ဂျာတွေ ဟာဘင်္ဂလား ဒေ့ရှ် နိုင်ငံဆီ ထွက်ပြေးသွားခဲ့ကြရပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့်လည်း ရခိုင်က ရိုဟင်ဂျာ တသိန်းကျော်ဟာ လက်ရှိအချိန်အထိ ဒုက္ခသည် စခန်းတွေမှာ စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ နေထိုင်နေကြရ ဆဲဖြစ်ပါတယ်။

အဲဒီသူတွေဟာ ရခိုင်ပြည်နယ်ပြင်ပကနေ ပြည်တွင်းတခြားတနေရာနဲ့ပြည်ပနိုင်ငံတွေကို သွားရင် ဖမ်းဆီးခံရတာတွေရှိနေသလို လူကုန်ကူးခံရတာတွေနဲ့ ပင်လယ်ပြင်မှာ အသက်ဆုံးရှုံးရတာ တွေ လည်း မကြာခဏဖြစ်ပွားနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */