" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 3, 2023

ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရေး ဟန်ပြသာဖြစ်ဟု လေ့လာသူများ ဝေဖန်

DVB
September 3, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို စစ်တပ်က ပြန်ခေါ်တယ်ဆိုတာ နိုင်ငံတကာမှာ အမြင်လှဖို့နဲ့ ICJ တရားရုံးမှာ ချေပဖို့ပဲဖြစ်နိုင်ပြီး ပြန်လည်လက်ခံရေးစခန်းတွေဆီ သံတမန်တွေခေါ်ပြနေ တာဟာ လည်း နိုင်တကာသံတမန်တွေနဲ့ စစ်သံမှူးတွေကို အသုံးချနေတာလို့ ရခိုင်နိုင်ငံရေးလေ့လာသူနေ သူ တွေ က ပြောပါတယ်။

၂၀၁၇ ခုနှစ်က တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြရတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် မြန်မာ ဘက်ကို ပြန်လာနိုင်ရေးအတွက် ပြင်ဆင်ထားတာတွေကို စစ်ကောင်စီက နိုင်ငံတကာသံတမန်တွေကို အကြိမ်ကြိမ်ခေါ်ယူပြသခဲ့ပေမဲ့ အခုအချိန်အထိ ရိုဟင်ဂျာဒုက္ခသည်တဦးတယောက်မှ ပြန်မလာကြ သေးဘူးလို့ ဆိုပါတယ်။

ရခိုင်နိုင်ငံရေး လေ့လာသူတယောက်က "ရိုဟင်ဂျာတွေမြန်မာဘက် သူတို့မူလ နေရာတွေကို ပြန်လာ ဖို့ ၂၀၁၇ ကတည်းက မြန်မာအစိုးရကနိုင်ငံတကာသံတမန်တွေကိုခေါ်ပြီး ပြသနေခဲ့တာ ၅ နှစ်တောင် ကြာနေပါပြီ။ စစ်အာဏာသိမ်းပြီး ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေပြန်ဝင်လာကြဖို့ပိုစည်းရုံးလာနေ ကြ တာ။ ဒါပေမယ့် ဘင်္ဂလားက ဒုက္ခသည်တွေ ဒီနေ့အထိ တယောက်မှ မလာကြသေးဘူးဗျ" လို့ပြော ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုးရီးယား စတဲ့နိုင်ငံ တွေက သံတမန် ၂၀ ကျော်ကို စစ်ကောင်စီရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားကြသူတွေကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က ပြင်ဆင်ထားတဲ့ မောင်တောဒေသ၊ ငါးခူရနဲ့ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့ဆီ ခေါ်ယူပြသခဲ့ ပါတယ်။

မတ် ၁၅ ရက်နေ့မှာလည်း ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခ သည်စခန်းတွေကို သွားရောက်ပြီး နေရပ်စွန့်ခွာ ဒုက္ခသည်တွေ မြန်မာဘက်ကို ပြန်လာနိုင်ရေး တွေ့ ဆုံ စည်းရုံးခဲ့ပါသေးတယ်။

ရခိုင်နိုင်ငံရေး လေ့လာသူတယောက်က "ရိုဟင်ဂျာတွေပြန်လာဖို့ စစ်ကောင်စီက ဘယ်လိုမျိုး ကြိုးစား နေပါစေ။ ဒုက္ခသည်တွေ ပြန်မလာကြတာ အခုဆို ၆ နှစ်နီးပါး ရှိနေပြီလေ။ နိုင်ငံတကာအမြင်လှဖို့နဲ့ ICJ တရားရုံးမှာ ချေပဖို့ နိုင်တကာသံတမန်တွေနဲ့ စစ်သံမှူးတွေကို အသုံးချနေတာ" လို့ ဆိုပါတယ်။

လက်ရှိ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့Uလည်း ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ်အဖြစ် ထိုင်း၊ လာအို၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနဲ့ ဘရာဇီး စတဲ့သံရုံးတို့က သံအမတ်တွေ၊ သံမှူးတွေနဲ့ သံရုံး ယာယီတာဝန်ခံတွေကို ရခိုင်ပြည်နယ်ကို ခေါ်ယူပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ပြန် လည်လက်ခံရေးအတွက် ပြင်ဆင်ထားတာတွေကို ဝန်ကြီး ဦးကိုကိုလှိုင်၊ စစ်ကောင်စီအကြံပေး အဖွဲ့ ဝင် ဒေါက်တာရင်ရင်နွယ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က ပြသခဲ့ပါသေးတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */