" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 12, 2023

စစ်ရာဇဝတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတဲ့ မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်သင့် ပြီ

ရန်ကုန်ခေတ်သစ်မီဒီယာ
By Yangon Khit Thit News Agency
By လမ်းသစ်
August 11, 2023

တိုင်းပြည်ကို မတရား အာဏာသိမ်းပြီး ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုအပါအဝင် မကောင်း မှုပေါင်း သောင်းခြောက်ထောင်မက ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ အ တွက် နိုင်ငံတကာခုံရုံးတွေကတဆင့် ကြီးလေးတဲ့ အပြစ်ဒဏ်တွေ တသီတတန်းကြီး ချမှတ်နိုင်ဖို့ ပြင်ဆင်ထား သင့်ပြီ ဖြစ်ပါတယ်။

ဘယ်ကြိုးစင်ကိုပဲ တက်တက် စစ်အာဏာရှင် နိဂုံးချုပ်သွားဖို့က မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ပဲ မဟုတ်ပါ လား။ အဲ့ဒီကြိုးစင်တွေထဲမှာ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 

ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ မင်းအောင်လှိုင် တင်စားဖူးတဲ့ ရုရှားသမ္မတ ပူတင်ကိုတော့ ICC ကနေ ဖမ်းဝရမ်းထုတ် ထားပြီးပြီမို့ မာရဝိဇယ ဘုရားဒကာကြီး မင်းအောင်လှိုင်ကိုလည်း အလားတူ ဖမ်းဝရမ်း ထုတ်လာဖို့ ပြည်သူတွေ က မျှော်လင့်နေကြပါတယ်။ 

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ အာဏာမသိမ်းခင် ကာလတွေကတည်းကရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတာပါ။ 

၂ဝ၁၇ ခုနှစ် သြဂုတ်လတုန်းက ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲကင်း ၃ဝ လောက်ကိုအာဆာလက်နက်ကိုင်အဖွဲ့ကတိုက် ခိုက်ခဲ့တဲ့နောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလို့ ခေါင်းစဥ်တပ်တဲ့ အကြမ်းဖက်စစ်ဆင်ရေး ပြုလုပ်ရာ မှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ 

၂ဝ၁၈ ခုနှစ် သြဂုတ်လမှာ ထွက်ပေါ်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက်ရှာဖွေရေး အ ဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ဟာ လုံခြုံရေး အကြောင်းပြပြီး ရှင်းလင်းရေး လုပ်ဆောင်ရာမှာ ရိုဟင် ဂျာ တွေအပေါ် လိုအပ်တာထက်ပိုပြီး ကျူးလွန်ခဲ့တာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ် တပ်ထိပ်ပိုင်း တာဝန်ရှိသူ ၆ယောက်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ စစ်ဆေးသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကြပ် ပြောင်းရွှေ့စေမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ ICC က ၂ဝ၁၉ အောက်တိုဘာလမှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ အခြေစိုက်ပြီး လူမျိုးတုန်းသတ် ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှု (crimes against humanity) စတာတွေ အတွက် လူပုဂ္ဂိုလ်တွေအပေါ် စုံစမ်းစစ်ဆေး တရားစီရင်တာတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ရောမ ဥပဒေပြဌာန်းချက် (Rome Statute) အရ ၁၉၉၈ ခုနှစ်မှာ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ပေါ်ပေါက် လာတာဖြစ်ပြီး အကြမ်းအားဖြင့် Rome Statute မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်မှသာ ချက်ချင်း စုံစမ်းအ ရေးယူမှုတွေ ပြုလုပ်လို့ရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ Rome Statute ကို လက်မှတ်ထိုးမထားသလို ICC အဖွဲ့ဝင်နိုင် ငံ မဟုတ်တဲ့အတွက် ICC ရဲ့ ဆုံးဖြတ်ချက်တွေက ဘောင်မဝင်ဘူးလို့ မြန်မာဘက်က တုန့်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမယ့် မြန်မာစစ်တပ်ကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ခြမ်းကို ထွက်ပြေးခိုလှုံ သွားရတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ICC က ဆုံးဖြတ်ခဲ့တာပါ။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးအဖြစ် စွပ်စွဲချက်ရှိလာရင် ICC အနေနဲ့ စစ်ဆေးပိုင်ခွင့်ကို နိုင်ငံ တကာဥပဒေက ခွင့်ပြုထားတယ်လို့လည်း ICC က ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံဟာလည်း ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တော့ပေမယ့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကိုICCတရားရုံးက နေ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့တုန်းက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဥပဒေချိုးဖောက်ပြီး ယူကရိန်းက ကလေးပေါင်း ၁၆,ဝဝဝ ကျော်ကို ရုရှားကို အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့တာကြောင့် ဖြစ်ပါတယ်။

ရုရှားဟာ ICC အဖွဲ့ဝင် မဟုတ်ပေမယ့် ယူကရိန်းက သူ့ရဲ့ ပိုင်နက်နယ်မြေအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်သူ တွေကို စုံစမ်းစစ်ဆေး ပေးဖို့အတွက် ICC ကို ဥပဒေကြောင်းအရ လွှဲပေးထားတာကြောင့် ICC က ဒီအမှုကို အ ချိန် တိုအတွင်း လက်ခံဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆရာဖြစ်သူ ပူတင်ကို ဖမ်းဝရမ်းထုတ်ပြီးနောက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဖမ်းဝရမ်း ထုတ်လာမှာကို မြန်မာပြည်သူတွေက မျှော်လင့်လာကြပါတယ်။

ရုရှားဟာ ယူကရိန်းကလေးတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းသလိုပဲ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းဆီ ထွက်ပြေးသွားအောင် အတင်းအဓမ္မလုပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပြင် အ ခြား သောမြောက်မြားလှတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာလည်း ဖြစ်ပါတယ်။

အရင်ကတည်းက ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ‘ဇ’ ရှိတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ဟာ အာဏာသိမ်းပြီး နောက် ပိုင်းမှာတော့ စစ်ရာဇဝတ်မှုတွေကို ပိုပြီး လက်ရဲဇက်ရဲနဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာပါတယ်။

လေကြောင်းဗုံးကျဲမှုတွေ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ နေအိမ်နဲ့ အဆောက်အဦး တွေ အပါအဝင် ရွာလုံးကျွတ် မီးရှို့တာတွေကို အကြမ်းဖက်စစ်တပ်က ခပ်စိပ်စိပ် လုပ်ဆောင်လာတယ်လို့ ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန် ခဲ့ပါတယ်။ 

IIMM ဟာ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ အလုံးအရင်းနဲ့ ပြောင်းရွှေ့သွားမှုကို ဖြစ် ပေါ်စေတဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်စုံစမ်းနေပြီး အဲ့ဒီအချိန်က ရိုဟင်ဂျာတွေအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တာတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်အောင် အမှုတွဲတွေ တည်ဆောက်နေတယ်လို့လည်း ဆိုပါ တယ်။ 

၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေနဲ့ တခြားသော နိုင်ငံတကာ ဥပဒေ ချိုးဖောက်ခြင်းတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့၊ စီစစ်သုံးသပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အ ရေးကောင်စီဟာ ၂ဝ၁၈ ခုနှစ်မှာ IIMM ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ဟာ အဖွဲ့ဝင် ၁၂၃ နိုင်ငံရှိပေမယ့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိတာကြောင့် အဖွဲ့ဝင်နိုင် ငံတွေဆီ ဝရမ်းထုတ်ခံထားရသူ ရောက်လာချိန်မှာ အဲ့ဒီနိုင်ငံက ဖမ်းဆီးပေးမှသာ ဖမ်းဝရမ်းက အကောင်အ ထည်ပေါ်နိုင်မှာ ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်ဆိုပြီး ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကနေ ICC ကို လွှဲပြောင်းပေးခွင့်ရှိပေမယ့် လုံခြုံရေးကောင်စီထဲက မြန်မာစစ်တပ်ကို ထောက်ခံနေ တဲ့ တရုတ်နဲ့ရုရှားက လက်ခံပေးဖို့ ခက်ခဲလှပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကတော့ လုံခြုံရေးကောင်စီအနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို ICC ထံ လွှဲပြောင်းပေးဖို့ ဇူလိုင်လက ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ် မြောက် အစည်းအဝေးမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ 

လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို ICC ထံ ပို့ဆောင်ရေးမှာ အမေရိကန်ကလည်း ထောက်ခံ အားပေးကြောင်း ပြီးခဲ့တဲ့နှစ်ကတည်းက ပြောဆိုထားပါတယ်။ 

ICC ရဲ့ ဖမ်းဝရမ်းက ယေဘုယျအားဖြင့် မထိရောက်ဘူးလို့ ထင်မြင်နိုင်ပေမယ့် ရာဇဝတ်သားဟာ ICCအဖွဲ့ဝင်နိုင် ငံတွေထံ သွားရောက်ဖို့ အာမခံချက် မရှိတော့ဘဲ ကိုယ့်နိုင်ငံထဲမှာပဲ အကျဉ်းကျသလို ဖြစ်သွားနိုင်ပါတယ်။ 

ဒါကြောင့်လည်း ရုရှားသမ္မတ ပူတင်ဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တောင်အာဖရိကမှာ ကျင်းပမယ့် BRICSညီလာ ခံ ကို တက်ရောက်မယ့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။ 

ဘယ်လိုပဲ မကြောက်ပါဘူး ဘူးခံငြင်းနေတဲ့ မင်းအောင်လှိုင်လည်း ICC နိုင်ငံတကာ ရာဇဝတ်တရားရုံး၊ အာဂျင် တီးနားတရားရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ပို့လာတဲ့ ဆင့်ခေါ်စာ၊ ဖမ်းဆီးမိန့်နဲ့ ဖမ်းဝရမ်း တွေ ကို လုံးဝလက်မခံဖို့ သူ့အဖွဲ့အစည်းအတွင်း လျှို့ဝှက်ညွှန်ကြားစာတွေ ထုတ်ခဲ့ဖူးပါတယ်။ 

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ် ဆေးမှု အမျိုးမျိုး လုပ်ခဲ့ပေမယ့် လက်တွေ့အရေးယူမှုမျိုး ပေါ်ပေါက်လာတာတော့ အားနည်းနေပါသေးတယ်။ 

“နိုင်ငံတကာအနေနဲ့ အရေးယူ လုပ်ဆောင်မှုမရှိဘူးဆိုရင် ဒီအချက်အလက် စုဆောင်းမှုဟာ စာရွက်ပေါ်မှာပဲ ရေးသားထားတဲ့ ဇာတ်လမ်းတွေ၊ ကွန်ပျူတာထဲမှာပဲ သိမ်းဆည်းထားတဲ့ ဖိုင်တွေအနေနဲ့ပဲ ဖြစ်နေမှာပါ”

“မှတ်တမ်းတွေရှိဖို့ အရေးကြီးပါတယ်။ လိုအပ်ပါတယ်။ ဒါပေမယ့် အချက်အလက် မှတ်တမ်းသက်သက် ရှိရုံတင် မကဘဲ ဒီသက်သေ မှတ်တမ်းတွေကို အသုံးချပြီး အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ဖို့ကလည်း အရေးကြီးလှ ပါတယ်” လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ခဲ့ပါတယ်။ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ မိစ္ဆာစစ်တပ်ကို အရေးယူဖို့အတွက် စုံစမ်းလေ့လာတွေ့ရှိချက်၊ ထုတ်ပြန်ချက်နဲ့  သက်သေ အထောက်အထားတွေ ဆိုတာဟာ လိုအပ်သည်ထက်တောင် ပိုမိုများပြားနေပြီလို့ ပြောလို့ရနေပါပြီ။ 

ဒါကြောင့် ထိရောက်တဲ့ အရေးယူမှုတွေ အသက်ဝင်လာဖို့အတွက် NUG အစိုးရ အပါအဝင် မြန်မာအတိုက်အခံ အင်အားစုတွေအနေနဲ့ နိုင်ငံတကာ အစိုးရတွေ၊ တရားစီရင်ရေး ယန္တရားတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင် ရွက်မှုတွေကို တစိုက်မတ်မတ် စတင်ဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်။ 

သေနတ်ခါးကြားချိပ်ပြီး “မလုပ်ရဲတာ မရှိ” ဟု ပြည်သူကိုတိုက်ရိုက် အကြမ်းဖက် ခြိမ်းခြောက်အုပ်ချုပ်နေတဲ့ စစ် အာဏာရှင်တွေ ချုပ်ငြိမ်းရေးနဲ့ ထပ်မံမပေါ်ပေါက်ရေးအတွက် ICC အပါအဝင် နိုင်ငံတကာ တရားစီရင်ရေး တွေ ကတဆင့် လက်တွေ့ဆန်တဲ့ အပြင်းဆန်ဆုံးသော အရေးယူမှုတွေကို စတင်နိုင်ဖို့ ဘက်ပေါင်းစုံမှ တွန်းအား ပေး လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */