" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 11, 2023

လွတ်ငြိမ်းသက်သာစာရင်းတွင် ရိုဟင်ဂျာ ၈၀ ပါသော်လည်း ပြန်မလွတ်

Myanmar Now
ဟန်သစ်
August 11, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးရသည့် ငါးနှစ်မြောက် နှစ်ပတ်လည်ကာလ ဆန္ဒပြနေသည့် ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)
 

စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်စာရင်းတွင် ပါဝင်သည့် မကွေးတိုင်း၊ သရက်ထောင်မှ ရိုဟင်ဂျာ ၈၀ ခန့် ပြန်မလွတ်ဘဲ ထောင်တွင် ရှိနေဆဲဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ဩဂုတ် ၁ ရက်နေ့က ထောင်အသီးသီးရှိ အကျဉ်းသား ၇၀၀၀ ကျော်ကို ထောင်ဒဏ်လျှော့ လွတ်ငြိမ်း ခွင့်ပေးသည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီး သရက်ထောင်လွှတ်စာရင်းတွင် ရိုဟင်ဂျာ ၈၀ ဦးအပါ အဝင် အကျဉ်းသားအကျဉ်းသူ ၁၂၉ ဦး ပါဝင်သည်။

သို့သော် အကျဉ်းသား ၄၉ ဦးကိုသာ လွှတ်ပေးခဲ့ပြီး ရိုဟင်ဂျာများ ကျန်နေခြင်းဖြစ်သည်ဟု သရက် ထောင်မှ မကြာသေးမီက လွတ်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညိုထွန်းက ပြောသည်။ ရိုဟင်ဂျာများထဲတွင် အမျိုးသား ၇၇ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်သည်ဟု သိရသည်။

“ဘာလို့ လွှတ်မပေးလဲ စောဒကတက်တဲ့သူတွေကို ထောင်အာဏာပိုင်တွေက နောက်တစ်မှုတိုးသွား မယ် ခြိမ်းခြောက်တယ်” ဟု သူက ပြောသည်။

ရိုဟင်ဂျာအကျဉ်းသားများကို နာမည်နှင့်တကွ ခေါ်ထုတ်သွားသော်လည်း အခြားအဆောင်များသို့ ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ပြင် ဇွန်လနှင့် ဇူလိုင်လတို့တွင် လွတ်ရက်စေ့သွားသူ ရိုဟင်ဂျာများလည်း ထောင်ထဲတွင် ဆက်ရှိနေ သည်ဟု သရက်ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ရခိုင်ပြည်နယ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၂၀၀ နီးပါး တ ရား မဝင်နယ်စပ်ဖြတ်ကျော်မှု လူဝင်မှုကြီးကြပ်ရေးပုဒ်မ ၁၃(၁) ဖြင့် သရက်ထောင်တွင် ထောင်ကျ နေသည်။

လွတ်ငြိမ်းတွင် ပါဝင်ခဲ့သူ ရိုဟင်ဂျာများကို ပြန်လွှတ်မပေးဘဲ ထားကာ အကျဉ်းသားများအတွက် ဝေစု အဖြစ်ရသည့် ကြက်ဥ၊ အသားတို့ကိုလည်း မပေး၊ လွှတ်ပေးရန် သီးခြားညွန်ကြားချက်လည်း မရှိဟု အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးထံမှ သိရကြောင်း ကိုညိုထွန်းက ပြောသည်။

“ဗမာစကားတောင် သိပ်မပြောတတ်ကြဘူး၊ သူတို့ကို ဘာပုဒ်မနဲ့ ဖမ်းထားမှန်းတောင် မသိဘူး၊ မလေး ရှား သွားဖို့ ထွက်လာကြရင်း ဖမ်းခံကြရတာ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ အခြားနိုင်ငံများသို့ ကုန်းလမ်း ရေလမ်းဖြင့် ထွက်ခွာလာစဉ်လမ်း ခရီးတွင် ရိုဟင်ဂျာအများအပြား ဖမ်းဆီးခံရပြီး နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံ နေရသည်။

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်တွင် ရိုဟင်ဂျာ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၅၀ ဦးခန့် ရှိနေသည်။ ထိုသူများ အစာအာဟာရ ချို့တဲ့နေပြီး ကျန်းမာရေးစောင့် ရှောက် မှုလည်း မရဟု သိရသည်။ ထို့ပြင် အင်းစိန်ထောင်တွင်းရှိ ရိုဟင်ဂျာ ၈၀ ခန့်မှာလည်း ထောင်အာဏာ ပိုင်များကို လာဘ်ငွေမပေးနိုင်၍ မနှစ်မြို့ဖွယ်ရာ အောက်ခြေသိမ်းအလုပ်များ လုပ်နေရသည်ဟု သိရ သည်။

ဩဂုတ် ၁ အကျဉ်းသား ၇၀၀၀ ကျော်ကို ထောင်ဒဏ် လွတ်ငြိမ်းခွင့်ပေးရာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ ဆက်စပ်သူ ၇၂ ဦးနှင့် နိုင်ငံခြားသား ၁၂၅ ဦး ပါဝင်သည်ဟု စစ်ကောင်စီက ကြေ ညာသည်။

ယခင် လွတ်ငြိမ်းခွင့် ထုတ်ပြန်စဉ်ကကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပါဝင်ကြောင်း၊ လွတ် လာသော နိုင်ငံရေးအကျဉ်းသားများမှာလည်း လွတ်ရက်နီးနေသူများ ဖြစ်ကြောင်း သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */