" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 15, 2023

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၅ ဩဂုတ်၊ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar စခန်းသွားရောက်ခဲ့တဲ့ Republican အောက်လွှတ်တော်အမတ် Richard McCormick နဲ့ အာဏာရ Democratic ပါတီအမတ် Ed Case

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သွားရောက် အကဲခတ်ခဲ့ကြတဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း ဒုက္ခသည် တချို့နဲ့ တွေ့ဆုံခဲ့ပါ တယ်။

"အဖွဲ့က လေးငါးဦးတော့ ဒီအမေရိကန် ကွန်ဂရက်အဖွဲ့ကလူတွေနဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်။ သူတို့ကို အိတ်ဖွင့်ပေးစာ လည်းပေးနိုင်ခဲ့ပါတယ်။ သူတို့အဓိကလာတာကတော့ အချက် ၂ခုနဲ့သူတို့လာတယ်လို့ ကျနော်တို့သိရတယ်။ တ ချက်ကတော့ဘင်္ဂလားဒေရှ် ရွေးကောက်ပွဲကိစ္စလာတယ်ပြောပါတယ်။ နောက်တခုကတော့ ရိုဟင်ဂျာအရေးကိုဖြေ ရှင်း နိုင်ရေးအတွက်လာတယ်လို့ပြောကြပါတယ်။"

ဒုက္ခသည်တွေကတော့ တရားမျှတမှုရဖို့နဲ့ ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာနဲ့ မူရင်းနိုင်ငံကိုအမြန်ဆုံး ပြန်နိုင်ရေး ကိစ္စတွေ ပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာတွေ လတ်တလော ရင် ဆိုင်ရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့နဲ့ စားနပ်ရိက္ခာ အပါအဝင် တခြားစိန်ခေါ်မှုတွေအကြောင်းကိုလည်း အိတ် ဖွင့်ပေးစာမှာ ထည့်သွင်းရေးသားထားတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အထောက်အပံ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေချိန်မှာ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်စခန်းကို မနေ့က လာရောက် အကဲခတ် ခဲ့ကြတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေကို သိနိုင်ဖို့ သွားရောက်ခဲ့ တဲ့ ခရီးစဉ်မှာတော့ Republican အောက်လွှတ်တော်အမတ် Richard McCormick နဲ့ အာဏာရ Democratic ပါတီအမတ် Ed Case တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦး လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိမ်း ရှောင်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စီစဉ်နေတာတွေနဲ့ပတ်သတ်လို့လည်း ဘင်္ဂလားဒေ့ရှ်အစိုး ရ တာဝန်ရှိသူတွေနဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တယ်လို့လည်း ဒုက္ခသည်တွေကပြော ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်း နဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန် လည် လက်ခံဖို့ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ပေမဲ့ အခုထိအကောင်အထည်မဖော်နိုင်သေးပါဘူး။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */