" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 2, 2023

ပုသိမ်ထောင်က ရိုဟင်ဂျာသုံးရာကျော်အပါအဝင် ငါးရာဦး လွတ်မြောက်၊ နိုင်/ကျဉ်း ၁၈ ဦးသာပါဝင်

dna
Delta News Agency
August 1, 2023


ဧရာဝတီတိုင်း၊ ပုသိမ်ထောင် က ဩဂုတ်လ ၁ ရက် စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာ ခွင့် ရရှိသူ အကျဉ်း သား ငါးရာဦး အနက်ရိုဟင်ဂျာသုံးရာကျော်ပါဝင်ပြီး နိုင်ငံရေး အကျဉ်းသား ၁၈ ဦး သာပါဝင်တယ်လို့ အကျဉ်း ဦးစီး ဌာနနဲ့ နီးစပ်တဲ့ သူတွေ ထံက သိရပါတယ်။

“အကြမ်းဖက် ပုဒ်မ နဲ့ ထောင်ကျနေသူတွေ လွတ်တဲ့ အထဲမပါဘူး ။၅၀၅ တွေထဲက အနည်းဆုံး ခြောက်လပဲ နေရတော့ မယ့်သူ တွေပဲလွတ်တယ် ။ ရဲပြေး၊ စစ်ပြေး နဲ့ သူခိုး တွေလွတ်တာများတယ် ။လွတ်ရက်စေ့ခါနီး ရိုဟင်ဂျာတွေ က အများဆုံးပဲ“ လို့ အကျဉ်းဦးစီးဌာန နဲ့ နီးစပ်သူ တဦးက DNA ကိုပြောပါတယ်။

ပုဒ်မ ၅၀၅( က) နဲ့ ထောင်ကျခံနေရ တဲ့ နိုင်ငံရေး အကျဉ်းသား တွေ အနက် ပုသိမ်မြို့နယ် က အမျိုးသမီး သုံး ဦး ၊အမျိုးသား လေး ဦး၊ ကျောင်းကုန်းမြို့နယ် က အမျိုးသမီး တ ဦး နဲ့ အမျိုးသား ခုနှစ် ဦး ၊ကျုံးပျော် မြို့ နယ် က အမျိုးသား သုံး ဦး လွတ် တို့ လွတ်ငြိမ်းခွင့် ရရှိတာပါ။

အကြမ်းဖက် ပုဒ်မနဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် လူကုန်ကူးမှု ၊ လူသတ်မှု၊ မုဒိမ်းမှု၊ ဓါးပြမှုနဲ့ မူးယစ်ဆေးမှု စတဲ့ အမှုကြီး ကိုးမှု က လွတ်ငြိမ်းချမ်းသာခွင့် ထဲမှာ မပါဘူး လို့ လည်း ဆက်သိရပါတယ်။

လွတ်ငြိမ်းချမ်းသာ ခွင့် ရရှိသူတွေ အထဲ ပါဝင်တဲ့ ရိုဟင်ဂျာ အမျိုးသား ၊အမျိုးသား သုံးရာ ကျော်ကိုတော့ စစ်ကောင် စီရဲ့ လဝက ဦးစီးဌာန ကို လွှဲပြောင်းပေးမှာ ဖြစ်ပြီး သူတို့(ရိုဟင်ဂျာ) တွေရဲ့ မူလ နေထိုင်ရာ အရပ်ကို ပြန်ပို့ ဆောင် မှာ ဖြစ်တယ် လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ အကျဉ်းသားတဦး ပြောတာကတော့“ နိုင်/ကျဉ်း တွေ ထောင်ထဲ မှာ ရာနဲ့ချီပြီး ကျန်နေ သေး တယ် ။ဆန္ဒပြတဲ့ နိုင်/ကျဉ်းတွေ ကို ထောင် သုံးနှစ် ထပ်တိုး ချပြီး ခြေထောက်တွေကို ဒေါက်တွေနဲ့ချုပ်ပြီး အဆောင် တခု မှာ စုပြုံပြီး တိုက်ပိတ်ထားတယ်” လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက် က ပုသိမ်ထောင်တွင်း က အကျဉ်းသား အခွင့်အရေး အတွက် ဆန္ဒပြကြတဲ့ အကျဉ်း သားတွေ ကို စစ်ကောင်စီ တပ်ဖွဲ့ က အကြမ်းဖက် ဖြိုခွင်းပြီး နောက် ချုပ်နှောင်ရိုက်နှက်ခဲ့တာမှာ နိုင်ငံရေး အ ကျဉ်းသား တ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား ၆၈ ဦး ကို ထောင် သုံးနှစ် ထပ်ချကာ တိုက်ပိတ်ထားပြီး ညစဉ် လိုလို နှိပ်စက် အနိုင်ကျင့် နှိပ်စက်မှုများ ရှိနေတယ် လွတ်မြောက်လာသူ အချို့ထံ ကသိရပါတယ်။

ပုသိမ် အကျဉ်းထောင် မှာပုသိမ်ခရိုင် အတွင်းက နိုင်ငံရေး အကျဉ်းသား ငါးရာ နီးပါးရှိတဲ့ အနက် အမျိုးသမီး နိုင်ငံ ရေး အကျဉ်းသား ၇၂ ဦး ရှိနေပြီး ထောင်တွင်း တရားရုံး ကနေ ထောင်ဒဏ် အသီးသီး ချမှတ်ခံထား ရတဲ့ နိုင် ငံ ရေး အကျဉ်းသား အမျိုးသမီး၊ အမျိုးသားသုံးရာ ကျော် ဝန်းကျင် ရှိနေတယ် လို့ လွတ်မြောက်လာတွေ ကဆို ပါ တယ်။

Photo_CJ
Tags: ပုသိမ်ထောင် ရိုဟင်ဂျာ


Delta News

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */