" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 14, 2023

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ဖို့ မလုံခြုံသေးဘူးလို့ အမေရိကန် အထူးကိုယ်စားလှယ်ပြော

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ ဇူလိုင်၊ ၂၀၂၃ 

ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya (Twitter @UnderSecStateJ )
 

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို နေရပ်ပြန်ဖို့ အခြေအနေတွေ မလုံခြုံဘူးလို့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ အမေရိကန်ထိပ်တန်း လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ကြာသပတေးနေ့မှာပြောပြီး ရိုဟင်ဂျာတွေအတွက် အကူအညီတွေလည်း ထပ်မံ ပေးလိုက်ပါတယ်။

"ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံ၊ ဂုဏ်သိက္ခာရှိရှိနဲ့ အခြေအနေတွေကို အားလုံးနာလည်း သဘောပေါက်ပြီး သူတို့ ဆန္ဒအလျောက် ပြန်လာနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးတဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးနေတယ်" လို့ အမေရိ ကန် အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Uzra Zeya က ဒါကာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။.

Uzra Zeya ဟာ ဒီခရီးစဥ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့လည်း တွေ့ဆုံခဲ့ပြီး လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇၄ သန်းကျော် ပေးအပ်ခဲ့ပါတယ်။ အဲဒီထဲက ဒေါ်လာ ၆၁ သန်းကို မြန်မာပြည်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံထား တဲ့ ဒေသခံ လူမှုအသိုင်းအဝန်းအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya (Twitter @UnderSecStateJ )

Uzra Zeya ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ရိုဟင် ဂျာတွေကို အတင်းအကျပ် နေရပ်ပြန်ပို့တာမျိုး မလုပ်ဘူးဆိုတဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့တဲ့အ တွက် ဘင်္ဂလားဒေ့ရှ်ကို ချီးကျုးခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှ လက်ခံထားတဲ့ ဒုက္ခသည်တွေ ဒါမှမဟုတ် ရိုဟင်ဂျာတွေကို ဘေးဖြစ်စေမှာမျိုး ဘာမှ လုပ်မှာမ ဟုတ် ဘူး” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Momen က ပြောပါတယ်။

သိပ်မကြာခင်က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ဟာ စစ်ကောင်စီနဲ့ ကြိုးပမ်းခဲ့ပါသေး တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ (၁)သန်းလောက် နေထိုင်နေပြီး အများစုက ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် က စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

Uzra Zeya ရဲ့ ခရီးစဥ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက် ထုတ်ခဲ့ပြီး မြန်မာစစ်အစိုး ရရဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်လာနေတဲ့အပေါ် အမေရိကန်အစိုးရက အထူးစိုးရိမ်ကြောင်း ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya (Twitter @UnderSecStateJ )

တပြိုင်နက်တည်းမှာပဲ ရိုဟင်ဂျာတွေ နေထိုင်နေတဲ့ ဒုက္ခသည် စခန်းတွေထဲမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရာဇ၀တ် ဂိုဏ်းတွေက အကြမ်းဖက်မှုတွေ အရှိန်မြှင့်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ကြာသပတေးနေ့က သတိပေးလိုက်ပြီး ရိုဟင်ဂျာစခန်းတွေမှာ ပြိုင်ဘက် လက်နက်ကိုင်တပ် ဖွဲ့တွေကြား ပဋိပက္ခတွေအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများဆုံးပေးနေတဲ့ အလှူရှင်နိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေနဲ့ ဒေသခံအသိုင်းအဝိုင်းတွေအတွက် အကူအညီ ဒေါ်လာ ၂.၁ ဘီလီယံ ကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မြန်မာပြည်မှာ ပဋိပက္ခတွေ ဆက်ဖြစ်ပွားနေလို့ နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ တိုးပေးကြဖို့လည်း အမေရိကန်က တိုက်တွန်းထား ပါ တယ်။

တဖက်မှာလည်း ရိုဟင်ဂျာ‌ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ဖြတ်တောက်မှုတွေ ရှိနေလို့ ဒီနှစ်ထဲမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ဒုက္ခသည်စခန်းတွေမှာ နှစ်ကြိမ် ရိက္ခာ လျှော့ခဲ့ရပါတယ်။ ဒါက နဂိုက ရှိနှင့်ပြီး မရေရာ တဲ့ လုံခြုံရေးအခြေအနေတွေကို ပိုမို ဆိုးရွားစေနိုင်ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတွေက သတိပေးထားပါ တယ်။ Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */