" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 8, 2023

ပိတ်လှောင်ခံရမှာ စိုးရိမ်လို့ ရိုဟင်ဂျာတွေ မပြန်လိုကြ

RFA
ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.05.08

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည့် ငါးနှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ဘင်္ဂလားဒေ့ရှ်၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒပြကြစဉ်။ Reuters

မေလ ၆ ရက်၊ ရိုက်တာသတင်းမှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ၊ မြန်မာနိုင်ငံကို ပြန်ရင်ဒုက္ခသည် စခန်းတွေအတွင်း ပိတ်လှောင်ခံထားရမှာ စိုးရိမ်ကြတာကြောင့် မပြန်လိုကြဘဲရှိနေကြပြီး ဒုက္ခသည် တွေအနေနဲ့ သူတို့ရဲ့လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကို အာမခံပေးဖို့ ဆန္ဒရှိနေကြကြောင်း ဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားခရိုင်အတွင်းက ဖြစ်သလို ဆောက်လုပ် ထားတဲ့ စခန်းတွေအတွင်း နေထိုင်နေကြတာပါ။ ဒုက္ခသည်အများစုက ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ဖြိုခွဲ မှုကြောင့် ထွက်ပြေးလာခဲ့ကြရတာဖြစ်ပြီး အခုထိမူလနေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ အလားတူဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ကြပေမဲ့ အခုထိ မအောင်မြင်သေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က ရိုဟင်ဂျာဒုက္ခသည် ၂၀ နဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိ ခုနစ်ဦး၊ ရခိုင်ပြည်နယ် မောင်တောမြို့ နယ်နဲ့ အနီးတဝိုက်က ကျေးရွာတွေကို လာရောက်ခဲ့ကြပြီး ဒုက္ခသည် ပြန်လည်နေရာချထားရေးစီစဉ်ဆောင်ရွက် မှုတွေကို ကြည့်ရှုခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေကလည်း ပြန်လည်ခေါ်ယူနေရာချထားရေးဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပြီး သူတို့အနေနဲ့ လုံခြုံရေးနဲ့နိုင်ငံသားဖြစ်ရေး အာမခံနိုင်မှသာ မူလနေရပ်ပြန်နိုင်မှာဖြစ်ကြောင်း ပြောဆိုကြပါတယ်။ မိမိတို့အနေနဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ပိတ်လှောင်ခံပြီး မနေနိုင်ကြောင်း၊ ကိုယ့်နေရပ် ကိုယ်ပြန်၊ ကိုယ့်အိမ် ကိုယ် ဆောက်ပြီးနိုင်ငံသားအဖြစ် အခွင့်အရေးအပြည့်နဲ့ ပြန်နေချင်ကြောင်း၊ ၃၆ နှစ် အရွယ်၊ ကလေး(၆)ယောက် ဖခင်တစ်ဦးက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာအစိုးရက NVC ခေါ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးထားပေမဲ့ဒီလောက် နဲ့မလုံလောက်ကြောင်း၊ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့မွေးရပ်မြေ၊ မိမိတို့ဟာ မြန်မာနိုင်ငံသားဖြစ်ပြီး ဖြစ်ပြီး၊ မြန်မာအ ဖြစ် နဲ့ နေရပ်ကို ပြန်မှာဖြစ်ကြောင်း၊ NVC နိုင်ငံသားစိစစ်ရေးကတ်ဟာ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားအဖြစ် သတ်မှတ်ထားတဲ့အတွက် လက်မခံကြောင်း၊ မိမိတို့အနေနဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ မူလနေရပ်ကို တည်တည် ငြိမ်ငြိမ်နဲ့ ပြန်လည်ရောက်ရှိနိုင်ရေးသာဖြစ်ကြောင်း အသက် ၃၅ နှစ်အရွယ်၊ ကလေး သုံးယောက်ဖခင်တစ်ဦးက ပြောဆိုတယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */