" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 19, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ထပ်မံမီးလောင်မှုဖြစ်

BBC မြန်မာပိုင်း
ဧပြီ ၁၉ ၂၀၂၃


နေအိမ်အဆောက်အဦ ၃၄ လုံး ဆုံးရှုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဘဇားခရိုင် တက္ကနာဖ်မြို့မှာရှိတဲ့ စခန်းအမှတ် ၂၄ နဲ့ ၂၆ လေ့ဒါးဒုက္ခသည်စခန်းမှာ မနေ့ ည ၁၁ နာရီ ၅၀ မိနစ်က မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့စခန်းအမှတ် ၂၄ ဘလောက် A-5 နဲ့ စခန်းအမှတ် ၂၆ ဘလောက် E-5 တို့ဟာ တစ် ချိန် တည်းမှာလောင်ကျွမ်းခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

အဲဒီမီးလောင်မှုကြောင့် စခန်းအတွင်းက စာသင်းကျောင်း ၃ ကျောင်း၊ လူနေအိမ် ၂ လုံး၊ ဒုက္ခသည်တွေနေထိုင်တဲ့ တဲ အိမ် ၂၉ လုံးအပါအဝင် စုစုပေါင်း အဆောက်အဦ ၃၄ ခု ဆုံးရှုံးခဲ့ရသလို နောက်ထပ် တဲအိမ် ၁၁ ဆောင်ကို လည်း ဖြိုဖျက်ခံလိုက်ရတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ စာသင်ကျောင်းဆောင်တစ်ဆောင်က စတင်ခဲ့တာဖြစ်ပြီး အဲဒီစာသင်ကျောင်းအတွင်းမှာ လူ နေထိုင်ခြင်းမရှိသလို ဘာကြောင့်မီးလောင်မှုဖြစ်ရတယ်ဆိုတာ လတ်တလောမသိရသေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ စခန်းမှာနေထိုင်သူတွေကတော့ ဒီမီးကို ရှို့မီးဖြစ်နိုင်တယ်လို့ ယူဆပြောနေပါတယ်။

မီးလောင်မှုကိုတော့ စခန်းအတွင်းနေထိုင်သူတွေနဲ့ ဒေသအာဏာပိုင်တွေရဲ့ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့်တစ်နာခန့် အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ပြောဆိုကြပါတယ်။

လတ်တလောမှာတော့ မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့အတွက် မီးဘေးဒုက္ခသည်ဦးရေဘယ်လောက်ရှိ တယ်ဆိုတာ စာရင်းကောက်ယူနေဆဲဖြစ်ပြီး အဲ့ဒီလူတွေကို နီးစပ်ရာစခန်းတွေမှာ ယာယီနေရာချပေး ထားတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း စခန်းအမှတ် ၁၁ မှာ အခုလိုမျိုးမီးလောင်ကျွမ်းမှုတစ် အကြီးအကျယ်ဖြစ်ပွားခဲ့ ပြီး နေအိမ်ပေါင်း ၂၅၀၀ ကျော်ဆုံးရှုံးခဲ့ရသလို လူဦးရေ ၁၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရဖူးပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */