" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 20, 2023

B B C

ဘီဘီစီမြန်မာပိုင်း
၂၈ ဒီဇင်ဘာ ၂၀၂၂
စစ်တွေ တက္ကသိုလ်
ပညာသင်ကြားခွင့်ပိတ်ပင်ခံနေခဲ့ရတဲ့ ရိုဟင်ဂျာကျောင်းသားတွေ လာမယ့်ပညာသင် နှစ်အတွက် စစ်တွေတက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရရှိခဲ့ကြပါတယ်။


စစ်ကောင်စီလက်ထက် ရိုဟင်ဂျာကျောင်းသားတွေကို တက္ကသိုလ်တက် ခွင့်ပေးထားပေမဲ့ ကန့်သတ်ချက်တချို့ကြောင့် နစ်နာမှုတွေနဲ့ကြုံနေရတယ်လို့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။


တက္ကသိုလ်တက်ရောက်သင်ကြားနိုင်ရေးအတွက် ကျောင်းသားတွေကို အခုဒီဇင်ဘာလကစပြီး ကျောင်းအပ်လက်ခံနေတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ပညာသင်နှစ်အတွင်း စစ်တွေတက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားဦးရေ ၂၆၀၀ ဝန်းကျင် ပညာသင်ကြား နေကြတဲ့အထဲ ရိုဟင်ဂျာ ကျောင်းသား ၂၄၈ ဦးတက်ရောက်သင်ကြားနေတယ်လို့ ကျောင်းတာဝန် ရှိသူတွေက ပြောပါတယ်။


အခုနှစ်ကျောင်းဖွင့်ရာသီမှာတော့ တက္ကသိုလ်တက်ရောက်သူ ပိုများလာနိုင်တယ်လို့ ရိုဟင်ဂျာ ကျောင်းသားတွေ က ပြောပါတယ်။


အခုလိုတက္ကသိုလ်တက်ခွင့်ရရှိကြပေမယ့် အထူးပြုဘာသာရပ်တွေကို လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ သက်မွေး ဝမ်းကြောင်း တက္ကသိုလ်တွေ တက်ရောက်ခွင့်ကိုတော့ ကန့်သတ်မှုတွေ ရှိနေပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */