ဗွီအိုအေ (မြန်မာပိုင်း)
၀၄ ဒီဇင်ဘာ၊ ၂၀၂၂

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အခြားမြန်မာတိုင်းရင်းသား ဒုက္ခသည်တွေအား ကူညီရာမှာ အမေရိကန် ထားရှိတဲ့ က တိကဝတ်တွေကို စောင့်ထိန်းကြောင်း ပြသဖို့အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့ အ စည်းတွေနဲ့ မစ္စ Noyes က ဒီခရီးစဉ်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ အစိုးရအဖွဲ့က အကြီးတန်းတာဝန်ရှိသူတွေအပြင်၊ အင်န်ဂျီအိုတွေ၊ နိုင်ငံတကာ အဖွဲ့အစည်း တွေ နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒုက္ခသည်တွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေကိုလည်း ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။ အမေရိကန်နဲ့ထိုင်း နိုင်ငံတို့ရဲ့ မဟာမိတ်ပေါင်းဖွဲ့မှု တည်တံ့အောင် အမေရိကန်က ထားရှိတဲ့ ကတိကဝတ်တွေကို မီးမောင်းထို ပြော ဆိုသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Link : Here
No comments:
Post a Comment