" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 20, 2022

ရိုဟင်ဂျာဒုက္ခသည် ၁၀၄ ဦးပါတဲ့ စက်လှေကို သီရိလင်္ကာရေတပ် ကယ်ဆယ်

DVB 
20 December, 2022
ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာ ၁၀၄ ယောက်ပါတဲ့ စက်လှေကို သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်း အစောင့်တွေက ကယ်ဆယ်နိုင်ခဲ့ပေမဲ့ သူတို့ကို စစ်ကောင်စီလက်ကို အပ်လိုက်မှာကို မိသားစု၀င်တွေနဲ့ ရိုဟင်ဂျာအရေး အကူအညီပေးသူ‌တွေက စိုးရိမ်နေပါတယ်။

ပင်လယ်ထဲမှာ ရက်အတော်ကြာ မျောနေခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စုစုပေါင်း ၁၀၄ ယောက်ပါတဲ့ စက်လှေတစီးကို သီရိလင်္ကာရေတပ်က ဒီဇင်ဘာ ၁၈ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့ကာ လတ်တလော ကိုဗစ်-၁၉ စစ်ဆေးပေးနေကာ နေစရာနဲ့ အစားအစာ အကူအညီပေးနေပါတယ်။

အခုတွေ့တဲ့ စက်လှေက ပင်လယ်ထဲမှာ ရက် ၂၀ ကျော် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ စက်လှေ ၂ စီးထဲက ၁ စီး ဖြစ်ပါတယ်၊ သူတို့ကို ကယ်တင်ထားတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ သူတို့ကို မြန်မာစစ်ကောင်စီလက်ကို မအပ်ဖို့အတွက် NUG ဘက်က မေတ္တာရပ်ခံထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */