" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 19, 2022

ပုသိမ်ထောင်က အကျဉ်းသား သတင်းထောက်တဦး ၊ နိုင်/ကျဉ်းလေးဆယ့်ခုနှစ်၊ ရိုဟင်ဂျာ ငါးဆယ်အပါအဝင် အကျဉ်း သားနှစ်ရာကျော် ပြန်လွှတ် ၊ နိုင်ကျဉ်းတဦးကို ထောင်ဝမှာတင် ပြန်လည်ဖမ်းဆီး

dna
November 18, 2022

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အကျဉ်းထောင်ကနေ အကျဉ်းသား (၂၀၀) ကျော် ကို နိုဝင်ဘာ (၁၇) ရက် ၊ အမျိုး သား နေ့၊ မနေ့က ညနေ (၅) နာရီခွဲလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။ အခုလို (၂၀၀) ကျော် ပြန်လွှတ်ပေးတဲ့ အထဲမှာ ပုသိမ်အခြေစိုက် မြန်မာ့သံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း ၊ နိုင်ငံရေးအ ကျဉ်းသား (၄၇) ဦး ၊ ရိုဟင်ဂျာ (၅၀) ဦး သာပါဝင်ခဲ့ပြီး ကျန်(၁၀၃)ယောက်က အခြားပြစ်မှုနဲ့ ကျခဲ့နေတဲ့ အ ကျဉ်းသားတွေ ဖြစ်တယ်လို့ သိရပါတယ် ။
                                                                             “လွတ်လာတဲ့ နိုင်ကျဉ်းတွေက ပုသိမ်ခရိုင် (၇)မြို့နယ်ထဲက အမျိုးသမီး သုံးဦးလည်းပါတယ် ။ နိုင်ကျဉ်းပုဒ်မ ၅၀၅ သမားတွေပဲ လွှတ်ပေးတာ ။ NLD ပါတီကနဲ့ တခြားလူသိများတဲ့ နိုင်ငံရေးသမားတွေတော့ လွှတ်ပေးတဲ့ အထဲမှာ မပါဘူး”လို့ ပုသိမ်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက DNA ကိုပြောပါတယ် ။

နိုင်ငံရေး အကျဉ်းသား(၄၇)ဦးကို ပြန်လည်လွှတ်ပေးရာမှာလည်း ပုသိမ်မြို့ ၊ အမှတ် (၈)ရပ်ကွက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဌေးဝဏ္ဏကို နောက်အမှုတွေ ကျန်နေသေးတယ်လို့ဆိုပြီး ထောင်ဗူးဝအရောက်မှာထောင် ဝန်ထမ်းတွေက ပြန်ဖမ်းထားလိုက်တယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ် ။

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်အတွင်းနဲ့ ဇွန်လအတွင်းဆန္ဒပြပွဲတွေ ဖမ်းဆီးခံခဲ့ရသူတွေ အများစုပါဝင်ခဲ့တယ်လို့ သိရပါတယ် ။

“လွတ်လာတဲ့ နိုင်ကျဉ်းတွေက ထောင် (၂) နှစ် ကျခံရသူတွေ ၊ လွတ်ဖို့ (၆)လလောက်ပဲ လိုတော့တဲ့သူတွေပါ ။ ထောင်ကလွတ်ရက်နီးသူတွေကို လွှတ်ပေးတာ “ လို့ ပြန်လည်လွတ်မြောက်လာသူတဦးက DNA ကိုပြောပါတယ် ။

လက်ရှိအချိန်မှာ လွတ်ငြိမ်းခွင့်နဲ့ လွှတ်မပေးချင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ နောက်အမှုတွေ လုပ်ကြံထပ်တိုးပြီး ပုဒ်မအမျိုးမျိုးတပ် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားစဲ ဖြစ်ပါတယ် ။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */