" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 23, 2022

ဝါးခယ်မမြို့ သရွက်မြိုက်တံတားအနီး ရိုဟင်ဂျာ ၅၆ ဦး အဖမ်းခံရ

RFA
2022.08.23


■ ဧရာဝတီတိုင်း ဝါးခယ်မမြို့ သရွက်မြိုက်တံတားအနီးမှာ ဩဂုတ်လ ၂၁ ရက်နေ့က စက်လှေတစ်စီးနဲ့အတူ ပါလာတဲ့ ရိုဟင်ဂျာ ၅၆ ဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုက်ပို့ပေးတဲ့ စက်လှေမောင်းသူနဲ့ အပေါင်းအပါတွေကိုပါ ဖမ်းမိခဲ့ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

“သတင်းရလို့ စက်လှေကို စောင့်ဖမ်းတာပါ။ အမျိုးသား ၃၉ ဦး၊ အမျိုးသမီးနဲ့ ကလေး ၂၆ ဦး စုစု ပေါင်း ၅၆ ဦး ပါလာတယ်။ ကျန်တာတော့ ပြောပိုင်ခွင့်မရှိဘူး”

ဒီရိုဟင်ဂျာတွေက ရန်ကုန်ကနေတစ်ဆင့် မလေးရှားနိုင်ငံကို သွားဖို့ လာကြသူတွေဖြစ်ပြီး လက်ရှိ ရန်ကုန်ဘက်အသွားမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

သူတို့ဟာ ဘယ်မြို့နယ်က ထွက်ခွာလာကြသူတွေလည်း ဆိုတာတော့ RFA အနေနဲ့ သီးခြားအ တည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နဲ့ ရေကြည်မြို့နယ်အကြားမှာ ရိုဟင်ဂျာ ၃၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ဥသျှစ်ပင်မြို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဒညင်းသီးတင်လာတဲ့ ကုန်ကားပေါ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနေ မလေးရှားနိုင်ငံကို သွားကြမယ့် ရိုဟင်ဂျာ ၃၀ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။

Link : Here
-----------------------------------------------------------------------------------------------------------
ဝါးခယ်မမြို့နယ်မှာရိုဟင်ဂျာ အထောက်အထားမဲ့သူ ၅၆ ဦး ဖမ်းမိ
သြဂုတ်၊ ၂၃-၂၀၂၂
မင်းမြတ်
ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့ ၊ သရွက်မြိုက်တံတား
 
အနီးမှာ ရန်ကုန်မြို့ကိုသွားဖို့လာတဲ့ စက်လှေ ၁ စီးပေါ်ကနေအထောက်အထားမဲ့ရိုဟင်ဂျာ ၅၆ ယောက်ကို သြဂုတ်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေသိရပါတယ်။
 
ရန်ကုန်ကို သွားမယ့် စက်လှေ ၁ စီးပေါ်မှာ နိုင်ငံသားအထောက်အထားမဲ့သူတွေပါတယ်ဆို တဲ့ သတင်းအရ သရက်မြိုက်တံတားအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စောင်းဆိုင်းဖမ်းဆီးခဲ့တာလို့သိရပြီး နိုင်ငံသား အထောက် အထားမဲ့သူတွေကို စက်လှေနဲ့လိုက်ပို့သူကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
 
"မနက်ပိုင်းဖမ်းမိတာ စက်လှေကို စောင့်ပြီး စစ်ဆေးပြီးတော့ ဖမ်းမိတာပါ ၊ရန်ကုန်ဘက်ကိုသွားမှာလို့သိရ တယ် ၊ ကျား အယောက် ၃၀ နဲ့ မ ကလေးတွေ အပါ ၂၆ ယောက်ပါ ၊ အားလုံး ၅၆ ယောက်လို့သိရတယ် ''လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။
 
ဖမ်းဆီးထားတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၅၆ ယောက်ကို ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့နဲ့ စစ်တပ်က စစ် ဆေးနေပြီး သူတို့တွေဟာ ရန်ကုန်ကနေ မလေးရှားနိုင်ငံကိုသွားဖို့ လာတဲ့သူတွေဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း ပုသိမ်မြို့နယ်၊ရွှေသောင်ယံကမ်းခြေကို စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသားအထောက် အထားမဲ့သူ ၄၆ ယောက်ကို ကင်းလှည့်နေတဲ့ ရေတပ်က ဖမ်းဆီးရမိခဲ့သေးတယ်လို့ ရွှေသောင်ယံမြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */