" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 28, 2022

ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ဆောင်ရွက်ရာမှာ နိုင်ငံ ရေး အရ ခွဲခြားမည်မဟုတ် - ICC အကျိုးဆောင်ရှေ့နေ

VOA
ဗွီအိုအေမြန်မာဌာန
28 ဖေဖော်ဝါရီ၊ 2022 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ICC ရှေ့နေချုပ် Karim AA Khan. (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။ ဓာတ်ပုံ - Socail Khan Facebook)

[Unicode]

ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ဆောင်ရွက်ရာမှာ နိုင်ငံရေးအရ ခွဲခြားမည်မဟုတ် - ICC အကျိုးဆောင် ရှေ့နေ

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေအတွက် တရားမျှတမှုရရှိရေး သေချာစေဖို့ မြန်မာအာဏာပိုင်တွေနဲ့ နိုင်ငံရေးအရ ခွဲခြားမှုမရှိဘဲ လက်တွဲလုပ်ဆောင်မှာဖြစ်ကြောင်း ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim AA Khan က မနေ့က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ သူ့ရဲ့ တပတ်ကြာခရီးစဉ်နဲ့ ပတ်သက်လို့ တနင်္ဂနွေနေ့က သူတည်းခိုတဲ့ ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 သူ့ရဲ့ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့လည်း တွေ့ဆုံပြီး ရိုဟင်ဂျာဒုက္ခသည် တွေ အရေး ဆွေးနွေးခဲ့တယ်လို့ ရှေ့နေချုပ် Karim AA Khan က သတင်းထောက်တွေကို ပြောပါတယ်။

သူ့ရဲ့အလုပ်ဟာ တာဝန်ခံမှု ရှိလာစေဖို့အတွက် သေချာအောင် လုပ်ဆောင်တာ ဖြစ်သလို သူ့အနေနဲ့ သက်ဆိုင် ရာနိုင်ငံနဲ့ ပြောဆိုမှာဖြစ်ပြီး သူ့ရဲ့လုပ်ပိုင်ခွင့်မှာလည်း ဘယ်လိုပုံစံအစိုးရ ဖြစ်ရတယ်ဆိုတာ ကြည့်ဖို့မလိုဘူးလို့ ဒါကာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ မေးခွန်းကို Karim Khan က တုံ့ပြန် ဖြေကြားခဲ့ပါတယ်။

ပထဝီနိုင်ငံရေး အခြေအနေနဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေသူတွေရဲ့ ဘာသာရေးဆိုင်ရာ သတ်မှတ်ချက် တွေကို အကဲဖြတ်မယ့်အစား ICC က သူ့အပေါ် ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ သူ့ကို မြန်မာနိုင်ငံကိုလာဖို့ ဖိတ် ခေါ်ခြင်း မရှိသေးပေမယ့် နိုင်ငံတကာ တာဝန်ဝတ္တရားတွေနဲ့အတူ တရားမျှတမှုရှိစေဖို့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ဖြည့် ဆည်းဖို့အတွက် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းနဲ့မဆို ဆွေးနွေးလိုကြောင်း Karim Khan က ပြော ကြား ခဲ့ပါတယ်။

ရှေ့နေချုပ် Karim Khan ဦးဆောင်တဲ့ ICC အဖွဲ့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီး တွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာသူတွေအပြင် ဝန်ကြီးချုပ် Sheikh Hasina၊ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen၊ ဥပဒေရေးရာဝန်ကြီး Anisul Huq တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီအတောအတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုထား တဲ့အမှုကို တရားရုံးအနေနဲ့ လက်ခံသင့်မသင့် နယ်သာလန်နိုင်ငံ the Heague အခြေစိုက် ICJ နိုင်ငံတကာ တ ရား မျှတမှုဆိုင်ရာ တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁-၂၈ ရက်နေ့ထိ ကြားနာပွဲ ပြုလုပ်နေရာမှာ ဒီကနေ့ ဂမ်ဘီ ယာ နိုင်ငံဘက်က အပြီးသတ် ချေပလျှောက်လဲဖို့ ရှိပါတယ်။

[Zawgyi]

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေအတွက် တရားမျှတမှုရရှိရေး သေချာစေဖို့ မြန်မာအာဏာပိုင်တွေနဲ့ နိုင်ငံရေးအရ ခွဲခြားမှုမရှိဘဲ လက်တွဲလုပ်ဆောင်မှာဖြစ်ကြောင်း ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim AA Khan က မနေ့က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ သူ့ရဲ့ တပတ်ကြာခရီးစဉ်နဲ့ ပတ်သက်လို့ တနင်္ဂနွေနေ့က သူတည်းခိုတဲ့ ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ 

သူ့ရဲ့ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့လည်း တွေ့ဆုံပြီး ရိုဟင်ဂျာဒုက္ခသည် တွေ အရေး ဆွေးနွေးခဲ့တယ်လို့ ရှေ့နေချုပ် Karim AA Khan က သတင်းထောက်တွေကို ပြောပါတယ်။

သူ့ရဲ့အလုပ်ဟာ တာဝန်ခံမှု ရှိလာစေဖို့အတွက် သေချာအောင် လုပ်ဆောင်တာ ဖြစ်သလို သူ့အနေနဲ့ သက်ဆိုင် ရာနိုင်ငံနဲ့ ပြောဆိုမှာဖြစ်ပြီး သူ့ရဲ့လုပ်ပိုင်ခွင့်မှာလည်း ဘယ်လိုပုံစံအစိုးရ ဖြစ်ရတယ်ဆိုတာ ကြည့်ဖို့မလိုဘူးလို့ ဒါကာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ မေးခွန်းကို Karim Khan က တုံ့ပြန် ဖြေ ကြားခဲ့ပါတယ်။

ပထဝီနိုင်ငံရေး အခြေအနေနဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေသူတွေရဲ့ ဘာသာရေးဆိုင်ရာ သတ်မှတ် ချက် တွေကို အကဲဖြတ်မယ့်အစား ICC က သူ့အပေါ် ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ သူ့ကို မြန်မာနိုင်ငံကိုလာဖို့ ဖိတ် ခေါ်ခြင်း မရှိသေးပေမယ့် နိုင်ငံတကာ တာဝန်ဝတ္တရားတွေနဲ့အတူ တရားမျှတမှုရှိစေဖို့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းဖို့အတွက် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းနဲ့မဆို ဆွေးနွေးလိုကြောင်း Karim Khan က ပြောကြားခဲ့ပါတယ်။

ရှေ့နေချုပ် Karim Khan ဦးဆောင်တဲ့ ICC အဖွဲ့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီး တွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာသူတွေအပြင် ဝန်ကြီးချုပ် Sheikh Hasina၊ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen၊ ဥပဒေရေးရာဝန်ကြီး Anisul Huq တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီအတောအတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆို ထား တဲ့အမှုကို တရားရုံးအနေနဲ့ လက်ခံသင့်မသင့် နယ်သာလန်နိုင်ငံ the Heague အခြေစိုက် ICJ နိုင်ငံတကာ တ ရား မျှတမှုဆိုင်ရာ တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁-၂၈ ရက်နေ့ထိ ကြားနာပွဲ ပြုလုပ်နေရာမှာ ဒီကနေ့ ဂမ်ဘီ ယာနိုင်ငံဘက်က အပြီးသတ် ချေပလျှောက်လဲဖို့ ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */