" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 28, 2022

ရိုဟင်ဂျာအမှု ဂမ်ဘီယာရဲ့ အပြီးသတ်လျှောက်လဲချက် ဒီနေ့ တင်သွင်းမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.27

၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFP


မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ မြန်မာနိုင်ငံ တရားစွဲခံနေရတဲ့အမှု ဂမ်ဘီယာနိုင်ငံဘက်က ဒီနေ့ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းဖို့ရှိပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဒီနေ့ ၂၈ ရက်အထိ ဒုတိယအကြိမ် ကြားနာမှုမှာ ဒီအမှုဟာ ICJ အပြည်ပြည်ဆိုင် ရာ တရားရုံးမှာ တရားစွဲခွင့် ရှိ၊ မရှိနဲ့ ပတ်သက်ပြီး တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံနဲ့ တရားစွဲခံရတဲ့ မြန်မာနိုင်ငံ ဘက်က အပြန်အလှန် လျှောက်လဲချက်တွေ ပေးနေကြတာပါ။ ဂမ်ဘီယာဘက်က တရားစွဲခွင့်ရှိကြောင်း လျှောက်လဲခဲ့သလို မြန်မာ ဘက်ကလည်း ဂမ်ဘီယာအနေနဲ့ တရားစွဲခွင့်မရှိဘူးလို့ ချေပ လျှောက်လဲထား ပါ တယ်။

ဒီနေ့မှာတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တင်သွင်းခဲ့တဲ့ မြန်မာဘက်က အပြီးသတ် လျှောက်လဲချက်အပေါ် ဂမ်ဘီယာဘက်က အပြီးသတ် ချေပလျှောက်လဲသွားမှာပါ။ မြန်မာဘက်က တရားရုံးကို အဓိကထား လျှောက် လဲခဲ့တာတွေထဲမှာ OIC လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံအများအဖွဲ့ရဲ့ ကိုယ်စား မြန်မာနိုင်ငံကို ဂမ်ဘီယာက တရား စွဲခွင့် မရှိတဲ့အတွက် ဒါကို တရားရုံးက လက်မခံသင့်ဘူးဆိုတာကို တင်ပြခဲ့ပါတယ်။ ဂမ်ဘီယာဘက်ကလည်း သူတို့ဟာ ဘယ်အဖွဲ့အစည်းရဲ့လက်အောက်ခံ နိုင်ငံမဟုတ်သလို လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ တရားစွဲပိုင်ခွင့်ရှိကြောင်း ပြန်ပြီး ချေပထား ပါ တယ်။

ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတယ်ဆိုတဲ့ ဂမ်ဘီယာဘက်က စွပ်စွဲချက်ကို မြန်မာဘက်က ၂ဝ၁၉ ခုနှစ် ကတည်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ ရုံးကိုတက်ပြီး ကန့်ကွက်ခဲ့တာပါ။

အခုဒုတိယအကြိမ် ကြားနာမှုမှာတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည် လျှောက် လဲခဲ့တာတွေအပေါ် အခြေခံပြီး ဆက်ပြီးတင်ပြနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ NLD အစိုးရလက်ထက်က ICJ တရားရုံးမှာ ကန့်ကွက်ခဲ့တာတွေ အားလုံးကို ပြန်ပြီးရုပ်သိမ်း တယ်လို့ အခုဒုတိယအကြော့ ကြားနာမှု တွေ မတိုင်ခင်မှာ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ကိုပဲ ဆက် သွယ်ဖို့ NUG အစိုးရက ICJ တရားရုံးကို တိုက်တွန်း ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကိုပဲ ICJတရား ရုံးက လက်ခံခဲ့ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */