Friday, January 21, 2022

ဓာတ်ငွေ့လုပ်ငန်းတွေကို အရေးပေါ် ပိတ်ဆို့ဖို့ ရိုဟင်ဂျာ ၂၁ ဖွဲ့ တိုက်တွန်း

RFA

လွတ်လပ်တဲ့အာရှအသံ 
2022.01.20

ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင်တစ်ခုကို မြင်ရစဉ် Photo-AFP  

 ဓာတ်ငွေ့လုပ်ငန်းကနေ ဝင်ငွေအများအပြားရနေတဲ့ မြန်မာစစ်ကောင်စီကို အရေးပေါ် ပိတ်ဆို့အရေးယူ မှုတွေ ချမှတ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့ ၂၁ ဖွဲ့က ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် Chevron ကုမ္ပဏီ နဲ့ ပြင်သစ် Total ကုမ္ပဏီတို့ ပါဝင်တဲ့ ရေနံနဲ့ဓာတ်ငွေ့ စီမံကိန်းတွေကနေ မြန်မာစစ်ကောင်စီကို အမေရိကန်ဒေါ်လာ သန်း ရာပေါင်းများစွာ အခွန်အခ ပေးဆောင်နေပြီး ကလေးသူငယ် အပါ အဝင် လူအမြောက်အမြား သတ်ဖြတ်မှု တွေ၊ ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခြင်း စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အားပေးကူညီရာ ရောက်တယ်လို့ အဲဒီအဖွဲ့တွေရဲ့ တိုက်တွန်းချက်မှာ ပါရှိပါ တယ်။

အခုလက်ရှိအခြေအနေမှာ သမ္မတ ဘိုင်ဒင် နဲ့ သမ္မတ မက်ခရွန်တို့က ဒီ ဓာတ်ငွေ့ လုပ်ငန်းတွေအပေါ် ပိတ် ဆို့အရေးယူမှုကို ဆန့်ကျင်ခဲ့ကြတဲ့အတွက် ဒါကို ပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

အခုအချိန်အထိ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန် နဲ့ ကနေဒါ နိုင်ငံတွေက စစ်ကောင်စီကို သစ်ထုတ်လုပ် ရး နဲ့ နဲ့ ကျောက်မျက်ရတနာလုပ်ငန်း ဆိုင်ရာတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပေမယ့် စစ် ကောင် စီအတွက် အကြီးမားဆုံးဝင်ငွေ ရရှိစေတဲ့ လုပ်ငန်းဖြစ်တဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု လုပ်ငန်းတွေကိုတော့ အရေးယူမှု တစုံတရာ မရှိသေးကြောင်းလည်း ထောက်ပြထားပါတယ်။

အခုလက်မှတ်ထိုးတဲ့အဖွဲ့တွေထဲမှာ ဗြိတိန်နိုင်ငံရောက် မြန်မာ ရိုဟင်ဂျာအဖွဲ့ (BROUK)၊ အာရကန် ရိုဟင် ဂျာ အမျိုးသားအဖွဲ့၊ သြစတြေးလျ မြန်မာ ရိုဟင်ဂျာအဖွဲ့ အပါအဝင် ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ နိုင်ငံတ ကာက အဖွဲ့အစည်း ၂၀ ကျော် ပါဝင်ပါတယ်။

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */