" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 30, 2021

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

 B B C

ဘီဘီစီမြန်မာပိုင်း
30-09.2021

မိုဟီးဘူလာ ဟာ ၂၀၁၉ ခုနှစ်တုန်းက ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ကိုယ်စားပြုတက် ရောက်ခဲ့သူဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းရှိရာ ကော့ဇက်ဘဇားခရိုင်မှာ ရိုဟင်ဂျာတွေအရေးဆောင်ရွက် သူအဖြစ်လူသိများတဲ့ မိုဟီးဘူလာ ပစ်ခတ်သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည် စခန်း ထဲ က သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

သူဟာ အာရကန်ရိုဟင်ဂျာအသိုင်းအဝိုင်းငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေးအဖွဲ့ကို ဦးဆောင်နေသူလည်း ဖြစ်ပါ တယ်။

မိုဟီးဘူလာဟာ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာတွေ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်ကနေ ထွက်ပြေးကြတဲ့ အခါ ထွက်ပြေးလာသူတွေထဲက တစ်ဦးဖြစ်ပြီး ရိုဟင်ဂျာတွေအရေး တစိုက်မတ်မတ်ဆောင်ရွက်လာ သူဖြစ်သ လို ပညာဖြန့်ဝေနေသူလည်းဖြစ်တယ်လို့ အမျိုးသမီး၊ရိုဟင်ဂျာတွေအရေးအပြင် လူ့အခွင့် အရေးပါ တက်ကြွ လှုပ်ရှားနေတဲ့မမဝေဝေနုကပြောပါတယ်။

 ‘မိုဟီးဘူလာဟာ ရိုဟင်ဂျာအသိုင်းအဝန်းအတွက် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့၊ လူ့အခွင့်အရေးထောက်ပံ့ပေးဖို့ ထုတ်ဖော်ပြောဆိုနေတဲ့ကိုယ်စားလှယ်ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ သူအခု လို သတ်ဖြတ်ခံရတာဟာ ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက် သက်ရောက်တဲ့ခံစားမှုဖြစ်စေပါတယ်။'' လို့ နိုင် ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ရဲ့ တောင်အာရှဆိုင်ရာအကြီးအကဲက ပြောပါတယ်။

ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ သူ အခုလို သတ်ဖြတ်ခံရမှုအတွက် ကျူးလွန်တဲ့သူတွေကို ရာဇ ဝတ်ကြောင်းအရ ဖော်ထုတ်ဖို့ သူက တိုက်တွန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */