RFA
လြတ္လပ္တဲ့အာရွအသံ
2021-09-24
စက်တင်ဘာ ၂၄ ရက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာ မိန့်ခွန်း ပြောကြားနေတဲ့ ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာPhoto: Reuters
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြပ်အတည်းဟာ မြန်မာနိုင်ငံက ဖန်တီးခဲ့တာဖြစ်တဲ့ အတွက် ဖြေရှင်းဖို့အတွက်လည်း မြန်မာနိုင်ငံဘက်က လုပ်ပေးမှ ဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောလိုက်ပါတယ်။
မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ... ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာအကြပ်အတည်းနဲ့ ကမ္ဘာ့နိုင်ငံအားလုံး မျှတတဲ့ ကာကွယ်ဆေး ရရှိဖို့ စတဲ့ ကိစ္စရပ်တွေ အပါအဝင် ကမ္ဘာကြီးရဲ့ကောင်းကျိုးအတွက် သန္နိဌာန်ချမှတ် လုပ်ဆောင်နေတယ်လို့ ပြောသွားပါတယ်။ အခုဆိုရင် ရိုဟင် ဂျာဒုက္ခသည်အကြပ်အတည်း ဖြစ်ပွားတာ ငါးနှစ်ထဲ ဝင်လာပြီ ဖြစ်ပေမယ့် နေရပ်စွန့်ခွာ ထွက်ပြေးလာ တဲ့ မြန်မာနိုင်ငံသား ရိုဟင်ဂျာတွေကို တစ်ယောက်မှ ပြန်မပို့နိုင်သေးဘူးလို့ ရှိတ်ဟာဆီနာက ပြောသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ဖို့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အမျိုး သားကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်မှာ ပါဝင်ခွင့်ပေးထားကြောင်း၊ သူမက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အခုအချိန်အထိ မရေရာမှုတွေ ရှိနေပေမယ့်ဒီအကြပ် အတည်းကို နိုင်ငံတကာ အကူအညီနဲ့ ဖြေရှင်းနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေကြောင်းနဲ့ ရိုဟင်ဂျာတွေ အိမ် ပြန် နိုင်မယ့် အခြေအနေဖန်တီးပေးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းကြောင်း သူမက ပြောသွားပါတယ်။

Link : Here
No comments:
Post a Comment