ဗွီအိုအေ (မြန်မာဌာန)
15 သြဂုတ်၊ 2021
အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အများအပြား ရေနစ်သေဆုံးသွားကြတယ်ဆိုတဲ့သတင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သေဆုံးသူအရေအတွက် ဘယ်နှစ်ယောက်ဖြစ်တယ်ဆိုတာတော့ အတိအကျ မသိရ သေးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကမှ သောင်ထွန်းပြီး ပေါ်လာတဲ့ ဒီကျွန်းပေါ်မှာ လူနေဖို့ မသင့်တော်တဲ့အပြင် ကျွန်းပေါ်နေသူတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်တဲ့အနေအထားရှိတာကြောင့် ဒုက္ခသည်တွေကို ကျွန်းပေါ်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် တားမြစ်နေတဲ့ကြားက ရိုဟင်ဂျာ ဒုက္ခသည် နှစ်သောင်း လောက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့ခဲ့တာပါ။ကျွန်းပေါ်မှာ နေရတဲ့ဘဝက အလုပ်အကိုင်လည်းမရှိ၊ Cox’s Bazar မှာကျန်နေခဲ့တဲ့ ဆွေမျိုးသားချင်းတွေနဲ့လည်း တွေ့ခွင့်မရတာကြောင့် ကျွန်းပေါ်ကလူတချို့ဟာ အသက်စွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း အသက် ၄၀ အရွယ် ရိုဟင်ဂျာဒုက္ခသည်တဦးရဲ့ ပြောဆိုချက်ကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီး သီတင်းတပတ်အကြာ ဖေဖော်ဝါရီ ၈ ရက်နေ့က နိုင်ငံကို ပထမဆုံးအကြိမ်ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမယ့် အ ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့ပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံနဲ့ နေရပ်ပြန်ရေးကိစ္စတွေကို စတင်မယ်ဆိုတဲ့ အသေးစိတ်အချက်လက်ကို ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် ရုရှားနိုင်ငံကိုရောက်နေစဉ် ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းတခု မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာဆိုတာ မရှိကြောင် ပြောဆိုခဲ့သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်ခံခြင်း မရှိပါဘူး။
Link : Here

No comments:
Post a Comment