" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 17, 2021

ရိုဟင်ဂျာဒုက္ခသည်တချို့ကို ကိုဗစ်ကာကွယ်ဆေးစထိုး ‌ပေးမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 ဇူလိုင်၊ 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတခုမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၆၊ ၂၀၂၁)
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၈၅၀,၀၀၀ ထဲက တချို့ ကို COVID-19 ရောဂါကာကွယ်ဆေး စထိုးပေးတော့မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ကြာသပတေး နေ့မှာ ပြောပါတယ်။

အသက် ၅၅ နှစ်နဲ့အထက် ရိုဟင်ဂျာဒုက္ခသည် ၄၈,၀၀၀ လောက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကူ အညီနဲ့ နောက်လကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့်အကြောင်း ဒုက္ခသည်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကော် မရှင်နာမင်းကြီး Shah Rezwan Hayat က ပြောတာပါ။

"ကာကွယ်ဆေး မလုံလောက်တာကြောင့် အသက် ၅၅ နှစ်အရွယ်တွေကို ဆေးထိုးပေးဖို့ ရည်ရွယ်တာပါ" လို့ Hayat က AFP ကို ပြောပါတယ်။

"ကာကွယ်ဆေး အလုံအလောက်ရရင် အဆင့်လိုက် လူတိုင်းကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မျှော်လင့်ပါ တယ်" လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တသန်းကျော်ရှိပြီဖြစ်သလို သေဆုံးသူကလည်း ၁၇,၀၀၀ ကျော်သွားပါပြီ။ ကူးစက် သေဆုံးသူ အရေအတွက်ဟာ လေးဆကနေ ငါးဆအထိ ပိုများနိုင်တယ်လို့ ကျွမ်း ကျင် သူတွေက ခန့်မှန်းပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၂,၁၀၀ ထက်မနည်း ရောဂါပိုး ကူးစက်ခံထားရပြီး ၂၄ ယောက်ထက်မနည်း သေဆုံး ရပြီး ပါပြီ။ ဒုက္ခသည်စခန်း ငါးခုထက်မနည်းမှာ အသွားအလာတွေ လုံးဝပိတ်ပင်ထားပြီး အကူအညီပေး လုပ်သား ‌တွေ နဲ့ တခြားဧည့်သည်တွေကို ဝင်ထွက်သွားလာခွင့်မပေးဘဲ အပြင်းအထန် ပိတ်ပင်ကန့်သတ်ထားပါတယ်။

ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ်ကို ဒုက္ခသည်တွေက ကြိုဆိုကြပေမယ့် အရေအတွက် ပိုပြီး ထိုးပေး သင့်တယ်လို့ ပြောကြပါတယ်။

"စခန်းတွေထဲမှာ လူတွေက ပြည့်ကျပ်နေတာပါ။ ဒါကြောင့် လူတိုင်း ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ရှိ ‌နေပါတယ်" လို့ Lambasia စခန်းက ဒုက္ခသည်တဦးဖြစ်သူ Mohammad Rafiq က AFP ကို ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */