" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 2, 2021

စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးတင်မယ်

 B B C

ဘီဘီစီမြန်မာပိုင်း
2 မတ်လ 2021

                                          သွေးတစ်စက်အတိုင်းအတွက် အပြစ်ပေးနိုင်ရမယ်

လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန် ဒေါက်တာဆာဆာက စစ်  ကောင်စီ အကြမ်းဖက် အဖွဲ့ကို နိုင်ငံတကာ တရားရုံး ရှေ့မှောက် အရောက်ပို့မယ်လို့ ဆိုပါတယ်။

CRPH ရဲ့ တရားဝင် စာရွက်စာတမ်းတွေကို နိုင်ငံတကာ ဥပဒေ ပါမောက္ခတွေကတဆင့် ICC ရုံးတော်ထံ တင် သွင်းမယ်၊ မြန်မာပြည်သူတွေ အပေါ် ကျုးလွန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အတွက် ဥပဒေအတိုင်း အရေးယူ မယ်၊ ကျခဲ့တဲ့ သွေးတစ်စက်အတိုင်းအတွက် အကြမ်းဖက် အုပ်စုဖြစ်တဲ့ တရားမဝင် စစ်ကောင်စီကို အပြစ်ပေး နိုင်ရမယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

CRPH ကလည်း စစ်ကောင်စီဟာ အကြမ်းဖက် အုပ်စုပဲ ဆိုပြီး ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်ရင် နိုင်ငံတော် နဲ့ နိုင်ငံသူ နိုင်ငံသားတွေ အပေါ် အကြမ်းဖက် စစ်ကြေညာ နေတာပဲလို့လည်း CRPH က ပြောပါတယ်။

သွေးစွန်းတဲ့ တနင်္ဂနွေနေ့၊ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရသူ တနိုင်ငံလုံးအနှံ့ အနည်းဆုံး ၁၈ ယောက် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အပါအဝင် စောင့်ကြည့် လေ့လာကြ တဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။

ဒီမတိုင်ခင် ရက်တွေကတည်းက တနိုင်ငံလုံး အနှံ့ အကြမ်းဖက် ဖြိုခွဲနေခဲ့တာမှာ အတည်ပြုထား နိုင်သမျှ သေ ဆုံးသူ အရေအတွက် ၈ ဦး ရှိနေပါတယ်။


 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */