လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-02-11
■ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန်အရေးယူဖို့ သမ္မတအမိန့် ထုတ်ပြန်လိုက်တဲ့အကြောင်း လွှတ်တော် ၂ ရပ်က တာဝန်ရှိသူတွေကို သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) က အကြောင်းကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုအဖြစ် သမ္မတက အ မိန့်ထုတ်ပြန်ပြီး အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ သမ္မတ ဘိုင်ဒင် က အထက်နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌတွေဆီ ဒီနေ့ပဲ စာပေးပို့ အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် အရေးယူဒဏ်ခတ်မယ့်အစီအစဉ် သမ္မတ ဘိုင်ဒင် ကိုယ်တိုင် မနေ့က ကြေ ညာရာမှာ - မြန်မာအစိုးရပိုင် ဒေါ်လာ သန်း ၁ ထောင်ကို စစ်ခေါင်းဆောင်တွေ မတရား မယူနိုင်အောင် ထိန်း ချုပ်မှာဖြစ်ကြောင်းနဲ့ အရေးယူဒဏ်ခတ်မယ့် စာရင်းကိုလည်း ဒီတပတ်ထဲ ထုတ်ပြန်မယ်လို့ ပြောဆို ထားပါ တယ်။

ဓာတ္ပံု - REUTERS
No comments:
Post a Comment