VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 ဖေဖော်ဝါရီ၊ 2021
05 ဖေဖော်ဝါရီ၊ 2021
မြန်မာ့အရေးကိစ္စ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကြေညာချက်တစ်စောင် တညီတညွတ်တည်း ထုတ်ပြန်လိုက်တဲ့အပေါ် တရုတ် ကုလသမဂ္ဂ အဖွဲ့ရုံးက ပြောခွင့်ရက ထပ်ဆင့် ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။
အဲဒီ ရှင်းလင်းကြေညာချက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံတွင်း နိုင် ငံရေးနဲ့ လူမှုရေးအရ တည်ငြိမ်မှ ုအပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက်လည်း ဦးစား ပေးစဉ်းစား သင့်တယ်လို့ တရုတ်နိုင်ငံက အမြဲတစေ ရှုမြင် နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း တရုတ်နိုင်ငံက အစည်းအဝေးမှာ အပြုသဘောဆောင်ဆွေးနွေးခဲ့ပြီး ကြေညာချက်ပါ စာသား တွေကို ပိုမို ကောင်းမွန်အောင် အကူအညီပေးခဲ့သလို အားလုံး သဘောတူညီချက် တညီတညွတ်တည်း ရ အောင်လည်း ကြိုးပမ်းခဲ့တယ် လို့ ပါရှိပါတယ်။
မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်ဆိုင်ရေး၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ စည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်သွားဖို့ အတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားဖို့ အဖွဲ့ဝင်နိုင်ငံတွေက ကတိပြု ခဲ့ ကြတယ်လို့လည်း တရုတ်ပြောခွင့်ရရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံတွင်း ပါတီတွေအနေနဲ့ နိုင်ငံသားတွေ ရဲ့ ဆန္ဒနဲ့ အကျိုးစီပွါးကို ပထမဦးစားပေးကြဖို့၊ မတူညီကွဲပြား ခြားနားမှု တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေဘောင်အတွင်းကနေ ဆွေးနွေးညှိနှိုင်း အဖြေရှာသွားဖို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လုံခြုံရေး ကောင်စီက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အာဏာသိမ်းသူတွေကို ပြစ်တင် ဝေ ဖန် တဲ့ စာသား ပါဝင်ခြင်း မရှိပါဘူး။ ဗြိတိန်နိုင်ငံကရေးသားခဲ့တဲ့ ပထမမူကြမ်းမှာသာ ပါရှိခဲ့တာပါ။
မြန်မာနိုင်ငံကို အဓိက ထောက်ခံပေးလေ့ရှိပြီး ဗီတိုအာဏာလည်း သုံးနိုင်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကကြေညာ ချက် မူကြမ်းပါ စာသားတွေကို ပြုပြင်လိုတာကြောင့် ကြာသပတေးနေ့အထိ အချိန်ပိုပေးဖို့ တောင်းဆိုခဲ့တာပါ။ အင်္ဂါနေ့ကစခဲ့တဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ရေးရာ စေ့စပ် ဆွေးနွေးပွဲတွေက သိပ်ကို ခက်ခဲကြောင်း သံတမန် တ ဦးက AFP သတင်းဌာနကို ပြောပါတယ်။

Link : Here

No comments:
Post a Comment