Sunday, February 28, 2021

မြန်မာ့အရေးဆုံးဖြတ်ချက် ကန်အောက်လွှတ်တော် နိုင်ငံ ခြားရေးကော်မတီ အတည်ပြု

VOA
ဗွီအိုအေမြန်မာပိုင်း
28 ဖေဖော်ဝါရီ၊ 2021
                                              Ohio ပြည်နယ် အောက်လွှတ်အမတ် Steve Chabot                                                

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချ အရေးယူဖို့နဲ့ ဖမ်းဆီးထားသူ အား လုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်က နိုင်ငံခြားရေး ရာကော်မတီကအတည် ပြုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ကာကွယ်ရေး ဥပဒေမူကြမ်းကို ထောက်ခံကြောင်းနဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို ကု လသမဂ္ဂ စင်မြင့်မှာ အပြစ်ပေး အရေးယူနိုင်ရေး အမေရိကန်ကို အစိုးရကို တောင်းဆိုသွားမှာ ဖြစ်ကြောင်း နယူးယောက်ပြည်နယ်ကိုယ်စားပြု အောက်လွှတ်တော် ရီပတ်ဘလင်ကန် အမတ် Claudia Tenneyက ပြောပါတယ်။

Ohio ပြည်နယ်က အောက်လွှတ်အမတ် Steve Chabot နဲ့ Michigan ပြည်နယ်က အောက်လွှတ်တော် အမတ် Andy Levin တို့ ဦးဆောင် တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကိုတော့ ပါတီ ၂ ရပ်လုံးက ထောက်ခံခဲ့ကြတာပါ။

လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုက အတူ ရပ်တည်သွား မှာဖြစ်ပြီး မြန်မာ ပြည်သူတွေကို ထောက်ခံအားပေးဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ် သွား မယ်လို့လည်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Chabotက ပြောပါတယ်။

တပ်မတော်က ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီကို ဆိုးဆိုးရွားရွား ဖျက်လိုဖျက်ဆီး လုပ်ပစ်ပေမယ့် မြန်မာပြည်သူတွေ အပေါ်မှာ သူ့အနေ နဲ့ ယုံကြည်မှုရှိကြောင်း ဒီမိုကရက်ကိုယ်စားလှယ် Andy Levin က ပြောပါတယ်။ အာ ဏာ ရှင်စနစ်ကို ပြန်လှည့်သွားတာ လက်မခံနိုင်စရာ ဖြစ်တယ်ဆိုတာကို မြန်မာစစ်တပ်သိအောင် နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ အမေရိကန် ပြည်ထောင်စုတို့က လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာပဲ မြန်မာ့ဒီမိုကရေစီ ကာကွယ်ရေး ဥပဒေမူကြမ်း ၂၀၂၁ ကို လည်း ဒီတပတ်ထဲမှာပဲ တင်သွင်းထားပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */