VOM
မျိုးဆက်၊ဒါကာ၊ (VOM)Ref:bdnews24
ဇန္နဝါရီ ၄-၂၀၂၁ Photo: bdnews24
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန့်ပို့မယ့်လုပ်ငန်းစဉ်ကို ဒီနှစ်ထဲမှာ စတင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အေကေအဗ္ဗဒူမိုမန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ဆုတောင်းစာမှာ ထည့်သွင်း ပြော ကြားခဲ့ပါတယ်။
ရိုဟင်ဂျာပြဿနာဟာ မိမိတို့အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး အခုနှစ်အတွင်းမှာ
ပြန်ပို့ရေးလုပ်ငန်းစဉ်စတင်ဖို့ မျှော် လင့်ထားကြောင်း မိုမန်က ဇန်နဝါရီ ၃
ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ဒီလုပ်ငန်းစဉ်နဲ့ ပတ် သက်ပြီး
နှစ်အတန်ကြာကတည်းက ကြိုးစားနေခဲ့ရပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို
ပေးပို့တဲ့စာထဲမှာ ဒုက္ခ သည်ပြန်ပို့ရေးအစီအစဉ် စတင်လိုတယ်လို့
ထည့်သွင်းရေးသားခဲ့တယ်လို့ သူကဆိုပါတယ်။
၂၀၁၇
ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးကြောင့်
ရိုဟင်ဂျာတွေဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက် ပြေးခိုလှုံခဲ့ကြပါတယ်။
သူတို့ကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား
သဘောတူညီချက် တစ်ရပ်ကို အဲဒီနှစ်နှောင်းပိုင်းက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါပေမယ့်
ရခိုင်ပြည်နယ်အခြေအနေဟာ တိုးတက်ကောင်းမွန်မှုမရှိတဲ့အပြင် နိုင်ငံသားအဖြစ်
အသိအမှတ်မပြု ရင် နေရပ်မပြန်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက
ငြင်းဆန်ခဲ့တာကြောင့် ဒုက္ခသည်ပြန်လည်လက် ခံရေး အစီ အစဉ်
အထမမြောက်ခဲ့ပါဘူး။
Link : Here

No comments:
Post a Comment