Friday, January 29, 2021

ဒုက္ခသည်စခန်းက ရိုဟင်ဂျာ၂၀၀၀ ကနေ ၃၀၀၀ အထိ ဘာဆန်ချာကျွန်းကို ထပ်ပို့မယ်

B B C 

Editor
ဇန်နဝါရီ (၂၈) ရက်၊၂၀၂၁။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာ သုံးထောင်နီးပါးကို အခုရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်ထဲက ဘာဆန်ချာကျွန်းကို ထပ်ပို့မယ်လို့ ရေတပ်ဗိုလ်မှူးချုပ် အယ်လ်မာမမ်ချိုဒါရီက ရိုက်တာသ တင်းဌာနကို ဇန်နဝါရီ (၂၇)ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဘာဆန်ချာကျွန်းဟာ လွန်ခဲ့တဲ့နှစ် (၂၀)ကမှ ပင်လယ်ထဲကနေ ကျွန်းအဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး မုတ်သုံရာသီ မှာ ရေမြုပ်တတ်တဲ့ကျွန်းဖြစ်လို့ လူ့အခွင့်အရေးသမားတွေက ရိုဟင်ဂျာတွေကို ဒီကျွန်းပေါ်ပို့တာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်းကိုရေကြီးတာကနေ ကာကွယ်နိုင်ဖို့အတွက် ၁၂ ကီလိုမီတာ ( ၁.၅ မိုင်) ရှည်လျားတဲ့ တာတမံကိုလည်း ဆောက်လုပ်ပေးထားတာကြောင့် ဘာမှစိုးရိမ်စရာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက တုံ့ပြန် ထားပါတယ်။

ကော့ဘ်ဇားမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတစ်သန်းလောက် ရှိနေတဲ့အတွက် ရာဇဝတ်မှု ထူပြောလာ မယ့် အရေးကို တားဆီးဖို့အတွက် အင်္ဂလားဒေ့ရှ်အစိုးရက ဘာဆန်ချာကျွန်းမှာ လူတစ်သိန်းနေနိုင်မယ့် တိုက် ခန်း အအောက်အအုံတွေ၊ ဆိုက်ကလုန်း ကာကွယ်ရေးစင်တာတွေနဲ့ ဆေးရုံတွေပါ ဆောက်လုပ်ပေးပြီး အခုလို ပို့ ဆောင်နေတာပါ။

ရိုဟင်ဂျာတွကို အဲဒီကျွန်းပေါ်ကို နှစ်ကြိမ်ပို့ဆောင်ပေးခဲ့ရာမှာ စုစုပေါင်း (၃၅၀၀) ကျော်ရောက်ရှိနေထိုင်နေပြီး ပထမဆုံးတစ်ခေါက်ပို့ဆောင်တုန်းကတော့ အတင်းအကျပ်စေလွှတ်တာဖြစ်တယ်လို့ တချို့သော ရိုဟင်ဂျာ အ တွက် ထွက်ဆိုမှုတွေရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျွန်းပေါ်ရောက်ပြီးသားသူတွေက ဒုက္ခသည်စခန်းက ဆွေမျိုးသားချင်းတွေကိုပါ လာစေချင်တဲ့ ဆန္ဒရှိတဲ့အတွက် ဇန်နဝါရီ (၂၈) ရက်နေ့မှာ ကော့ဘ်ဇား ဒုက္ခသည်စခန်းက  ရိုဟင်ဂျာ (၂၀၀၀) ကနေ (၃၀၀၀) အထိ ဘာဆန်ချာကျွန်းကို ရက်ပိုင်းအတွင်း ပို့ဆောင်ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်ဗိုလ်မှူးချုပ် အယ်လ်မာ မမ်ချိုဒါရီက ဖွင့်ပြောသွားပါတယ်။

Ref : BBC

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */