လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-01-06
၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးမိခဲ့သော ရိုဟင်ဂျာများကို ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းကို ပို့ဆောင်ရန် ပြင်ဆင်နေစဉ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ ရိုဟင်ဂျာ မွတ်စလင် ၉၉ ဦးကို ရန်ကုန်တိုင်း ရွှေပြည် သာမြို့ နယ်မှာ ဒီနေ့ ဖမ်းဆီးရမိ ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့က RFAကို အတည်ပြု ပြောဆိုပါတယ်။ ဖမ်းဆီး ရမိသူတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး သူတို့ ငှားနေခဲ့တဲ့ အိမ်ပိုင်ရှင်တွေကိုတော့ ဖမ်းဆီးမှာ မဟုတ်ဘူးလို့ ရွှေပြည်သာမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး တင်မောင် လွင်က RFA ကို ပြောပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက် ဘုရင့်နောင်လမ်းမှာ မသင်္ကာစရာ လူတစ်ဦးကို ရွှေပြည်သာမြို့နယ် စခန်းမှူးက ခေါ်ယူစစ်ဆေးရာကနေ ရိုဟင်ဂျာအမျိုးသား ၂၆ ဦး အမျိုးသမီး ၇၃ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
ဒီနေ့ ဖမ်းဆီးရမိခဲ့တဲ့သူတွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားကို အလုပ်သွားလုပ်ဖို့ လာခဲ့တဲ့သူတွေဖြစ်ပြီး လူကုန်ကူးခံရတဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးလို့ ဒုရဲမှူး တင်မောင်လွင်က ဆိုပါတယ်။
ဖမ်းမိသူတွေကို ကိုဗစ် ၁၉ ပိုးရှိ၊မရှိ စစ်ဆေးဖို့ ကွန်ပျူတာတက္ကသိုလ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းမှာ ထားရှိထားတယ်လို့ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက RFA ကို ပြောပါတယ်။
No comments:
Post a Comment