Thursday, January 7, 2021

ရိုဟင်ဂျာ ၁၀၀ ခန့် ရန်ကုန်မှာ အဖမ်းခံရ

VOA
မှတ်တမ်းဓါတ်ပုံ- ရန်ကုန်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ ( ဧပြီလ ၁၇၊ ၂၀၂၀)
 
မနေ့ ဗုဒ္ဓဟူးနေ့ကရန်ကုန်မြို့ အိမ်တအိမ်ကို ရဲတွေ ဝင်ရောက်ရှာဖွေရာမှာ ရိုဟင်ဂျာ ၁၀၀ နီးပါးကို ဖမ်းဆီး ခဲ့ ကြောင်း ရဲနဲ့ ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။

Tomorrow News ဂျာနယ် က ဖေါ်ပြတဲ့ ဓါတ်ပုံတွေအရ ဖိနပ်မပါတဲ့ အမျိုးသားအများအပြားနဲ့ ရောင်စုံခေါင်း ပါဝါတွေချုံထားတဲ့ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ အိမ်ဝင်းတဝင်းက မြေပြင်ပေါ်မှာ ထိုင်နေကြတာကို တွေ့ရပါတယ်။

 မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်ပြုထားခြင်းမရှိပါဘူး။ ဒါ့အပြင် မွေးရပ်မြေရခိုင် ပြည်နယ်ကနေ ထွက်ခွာဖို့ ကြိုးပမ်းတဲ့ မွတ်စလင် လူနည်းစု ရိုဟင်ဂျာတွေကို တရားမဝင်ခရီးသွားလာမှုနဲ့ အာ ဏာပိုင်တွေက မကြာခဏ ဖမ်းဆီး ထိန်းသိမ်းလေ့ရှိပါတယ်။ အခုလို ရိုဟင်ဂျာတွေ ဖမ်းဆီးခဲ့တာကို ရွှေပြည် သာမြို့နယ် ရဲမှူး တင်မောင်လွင်က အတည်ပြုခဲ့ပေမဲ့ အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပါဘူး။ စုံစမ်း စစ်ဆေး မှုတွေ လုပ်နေဆဲဖြစ်ပြီး လူ ၉၈ ဦး ဒါမှမဟုတ် ၉ ၉ဦးကို ဖမ်းဆီးထားကြောင်း သူက ပြောပါတယ်။ ဒါအပြင် ဖမ်းဆီးထားသူတွေကို COVID-19 ကူးစက်မှုတားဆီးတဲ့အနေနဲ့ quarantine စင်တာကို ပို့ဆောင်မယ်လို့လည်း ဆို ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင် ၆ သိန်းလောက်ဟာ AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အဆိုအရ အသားအရောင်ခွဲခြားမှုအခြေအနေအောက်မှာ နေထိုင်နေကြရပါတယ်။ များသောအားဖြင့် သူတို့တွေကို စခန်း တွေ၊ ရွာတွေကနေ လွတ်လပ်စွာသွားလာခွင့် ဒါမှမဟုတ် ကျန်းမာရေး စောင့်ရှောက်ခွင့် ဒါမှမဟုတ် ပညာသင် ကြားခွင့် စတာတွေ လုပ်ဆောင်ခွင့်မရကြပါဘူး။

၂၀၁၇ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် လူပေါင်း ၇၃၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးအတွင်း လူတွေ အစုံလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့မှု၊ အတင်းအဓမ္မပြုကျင့်မှု စတာတွေအပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂကတော့ စွပ်စွဲထားပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ရခိုင်ပြည်နယ်ကနေ ထွက်ခွာမှုနဲ့ ရိုဟင်ဂျာ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး မြန်မာပြည် တ လွှား အကျဉ်းထောင်တွေနဲ့ လူငယ်ထိမ်းသိန်းရေးစခန်းတွေမှာ အကျဉ်းကျခံခဲ့ကြရပါတယ်။ အများအပြားဟာ ထိုင်းနဲ့ မလေးရှားထွက်ဖို့ ကြိုးစားခဲ့ကြသူတွေဖြစ်ပါတယ်။ အခြားသူတွေကိုတော့ ရခိုင်မှာရှိတဲ့ သူတို့ နေထိုင် ရာစခန်းတွေပြန်ပို့ခံခဲ့ကြရပါတယ်။

မြန်မာအစိုးရကတော့ ရခိုင်မှာရှိတဲ့ IDP စခန်းတွေကို ပိတ်ဖို့ မဟာဗျူဟာ ချမှတ်ဆောင်ရွက်နေကြောင်းနဲ့ ရိုဟင်ဂျာတွေအနေနဲ့ NVC ကဒ်တွေကို လက်ခံမယ်ဆိုရင် သွားလာခွင့်တွေ ကန့်သတ်ခံရမှာမဟုတ်ဘူးလို့ လည်းပြောဆိုထားပါတယ်။ ဒါပေမယ်လို့ ရိုဟင်ဂျာအများစုကတော့ NVC ကဒ်ဟာ သူတို့ကို နိုင်ငံခြားသား အဖြစ် တံဆိပ်တပ်တာဖြစ်တယ်ဆိုပြီး လက်ခံဖို့ ငြင်းဆိုထားကြပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */