Thursday, January 21, 2021

ရိုဟင်ဂျာဒုက္ခသည်တွေ ဇွန်လမှာ ဌာနေပြန်နိုင်ဖို့ ဘင်္ဂလား ဒေ့ရှ်မျှော်လင့်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
21 ဇန္နဝါရီ၊ 2021

၂၀၂၁ ဇန်နဝါရီလ ၁၄ ရက်နေ့က မီးလောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း
 
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး တတိယအကြိမ်မြောက် ကြိုးပမ်းမှုကို လာမယ့် ဇွန်လထဲမှာ အကောင်အထည်ဖေါ်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ဖက် ပြန်ပို့ဖို့ ပြင်ဆင်နေတာပါ။

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆွေးနွေးပွဲတွေ အချိန်အတော်ကြာ ရပ်ဆိုင်းနေခဲ့ရာက တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဇန်နဝါရီလ(၁၉)ရက်နေ့မှာ အွန်လိုင်းကတဆင့် (၃)နိုင်ငံ ဆွေးနွေးပွဲ လုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အသက်လုံခြုံရေး အာမခံချက် ၊ အခြေခံ နိုင်ငံသားအခွင့်အရေး အပြည့်ဝ ရရှိမှု၊ ဆုံးရှုံးနစ်နာခဲ့ရ တာတွေအတွက် တရားမျှတစွာ ဆောင်ရွက်ပေးမှု မရှိပဲနဲ့တော့ သူတို့ရဲ့နေရပ် ရခိုင်ပြည်နယ်ကို မပြန်လိုသေး ကြောင်း ရိုဟင်ဂျာတွေက ထုတ်ဖေါ် ပြောဆိုကြပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း ကို လက်မခံ ပယ်ချထားပါတယ်။

နေရပ်ပြန်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ မတ်လထဲ ပြန်စဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းခဲ့ပေမယ့် စီစဉ်  ဆောင် ရွက်ရမယ့် အခြေအနေေ တွေကြောင့် အချိန်ပိုလိုကြောင်း မြန်မာဘက်က အကြောင်းပြန်ကြားခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က အင်္ဂါနေ့ စည်းဝေးပွဲမှာ ပြော သွားပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Luo Zhaohui ဦးဆောင်တဲ့ မိနစ် ၉၀ ကြာ အွန်လိုင်း စည်းဝေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဌာန အတွင်းဝန် Masud Bin Momen နဲ့အတူ မြန်မာ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းလည်း တက်ရောက်ခဲ့ပါတယ်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */