" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 20, 2020

ရွေးကောက်ပွဲ နှင့် မြန်မာ့နိုင်ငံရေး

ယောနံသာ
Hla Soewai
Oct 20 2020 

အမေရိကန်-တရုတ် အား ပြိုင်မှု တွင် မြန်မာသည် ယခင်ကထက် ပို၍ အားပြိုင်စရာ နေရာ ဖြစ်လာရပါတယ်။ ထို့အတွက် မြန်မာသည် အိမ် နီးချင်း တရုတ်၊ ဂျပန်၊ အိန္ဒိယ အစရှိတဲ့ အိမ်နီးချင်း နိုင်ငံများနဲ့ ရင်းနှီးအောင် ပိုပြီး တိုးတက် ဆက်ဆံလာရပါတယ်။

သို့သော် မကြာမီက အိန္ဒိယသည် မြန်မာ နှင့် စီးပွားရေးတွင် သာမက စစ်ဖက် ဆက်ဆံရေး ပါ အခိုင်အမာ တည် ဆောက်ရန် ရည်ရွယ်ချက် နဲ့ အိန္ဒိယ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိလာပြီး ၃၄ နှစ်နီးပါး ရှိ နေပြီ ဖြစ် တဲ့ အိန္ဒိယ ရေငုပ်သင်္ဘော ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး တရုတ်က မနှစ်မြို့ကြောင်း ပြသတဲ့ အနေနဲ့ ဂလို ဘယ်တိုင်းမ် သတင်းစာ က NLD အစိုးရ ရဲ့ စီးပွားရေး မူဝါဒ တွေကို ဒုတိယ အကြိမ် ဝေဖန်လာ ခဲ့ပြီ ဖြစ်ပြီး ရွေး ကောက်ပွဲ ရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့ ကြိုးစားလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။

လောလောဆယ်မှာ မြန်မာပြည်အတွင်း တရုတ် ဆန့်ကျင်ရေး များသည် ပြင်းထန်စွာ ဖြစ်ပွားနေပြီး မကြာသေး မီက ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီ ပါတီ အရေး အခင်းကြောင့် မီးလောင်ရာ လေပင့် ဖြစ်သွားခဲ့ ရပါ တယ်။

ထိုသို့သော မြေပြင် အနေအထားများကို တရုတ် ခေါင်းဆောင်ပိုင်း အဖို့ အမှန်အတိုင်းတော့ သိခွင့် မရခဲ့ ရှာပေ။ ဤသည်ကလည်း ရန်ကုန်ရှိ တရုတ်သံရုံး နဲ့ ထောက်လှမ်းရေး များက တတ်နိုင်သမျှ ဖုံးဖိထားကြလို့ပဲ ဖြစ် မယ် လို့ ယူဆရပါတယ်။ ထိုသို့ မဖုံးဖိပါကလည်း တရုတ် သံအမတ်ကြီး အဖို့ မြန်မာလူထုကို မဆွဲဆောင်နိုင်ရကောင်း လား၊ အခြေအနေကို မထိန်းချုပ်နိုင်ရကောင်းလား ဆိုပြီး ကြိမ်းသေပေါက် အပြစ်ပေးခံရမှာလည်း ဖြစ်ပါတယ်။ အာဏာရှင်များ အဖို့ကတော့ စိတ်တော်သိ ဘောင်းတော်ညိမ့် သတင်းများ ရရိုးထုံးစံကလည်း ရှိနေပြန်သည် မဟုတ်ပါလော။

တရုတ် ရဲ့ မြန်မာ ပြည် အပေါ် ထားရှိတဲ့ မူဝါဒ ကတော့ ခေါင်းဆောင် အဆက်ဆက် ကို ဖိအားပေးနိုင်ရေး အ တွက် ပြည်တွင်း ပဋိပက္ခများ လက်ရှိအနေအထား ထက် အရှိန်အဟုန် မြင့်မလာရေး နဲ့ တဖက်မှာလည်း အလုံးစုံ ငြိမ်းချမ်းရေး ရရှိမသွား အောင် ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။ Neither hot war nor complete peace လို့ အတို ချုပ် ယူဆလို့ ရပါတယ်။

ဒါ့အပြင် ၎င်းတို့ အကျိုးစီးပွား အတွက် နှင့် နိုင်ငံတကာတွင် အမေရိကန် ဩဇာကို စိန်ခေါ်ဖို့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်တို့ လိုအပ်တာထက် စည်းကျော်မလာအောင် အထက်ပါ မူဝါဒ တွေ နဲ့ ထိန်းညှိဖို့ ကြိုး စား လာ ပါတယ်။ ဒီနေရာမှာ တရုတ်တို့ အတွက် အခွင့်အရေး ကောင်း ဖြစ်လာတာကတော့ “ရိုဟင်ဂျာ” ပြဿနာ ပေါ်ပေါက်လာ တဲ့ အတွက် မြန်မာ ကို နိုင်ငံတကာ စင်မြင့်မှာ အကာအကွယ် ပေးရန် နောက်ထပ် အခွင့် အရေး ထပ်ရလာခဲ့ ပါတယ်။

မြန်မာပြည်ရှိ စစ်ဝါဒီများ ကလည်း တရုတ် ဩဇာလွှမ်းမိုးမှုအောက်မှာ မွန်းကျပ်လာတဲ့ အတွက် ရုန်းထွက်ဖို့ကြိုး ပမ်းခဲ့ပြီး ဖြစ်သော်လည်း စုပေါင်း ဆုံးဖြတ်ခြင်း မျိုး မရှိပဲ တဦးတယောက် ရဲ့ ဓါးဓါးခြင်း လှံလှံခြင်း ဆိုတဲ့လူမိုက် ဆန်ဆန် အတွေးအခေါ် များ၊ နိုင်ငံတကာ အမြင် မကျယ်မှု များကြောင့် ကိုယ့်ရှူးကိုယ်ပတ် ဖြစ်သွား ခဲ့ ရ တာ လည်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရ လက်ထက်မှာ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်လာရသည် ဆိုကာ မီးမောင်း ထိုးပြ နိုင်ဖို့ အတွက် ထိုသူများဟာ ရခိုင်မြောက်ပိုင်း အရေးအခင်းကို ပေါ့ပေါ့ဆဆ ကိုင်တွယ် ခဲ့လို့ လည်းတန်ဖိုး ကြီးကြီး ပေးဆပ်နေရပြန်ပါတယ်။

လက်ရှိ တွင် တပ်မတော်မှ တိုက်ရည်ခိုက်ရည်များ ကျဆင်းလာနေမှုသည် ဖုံးဖိထား၍ မရလောက်အောင် ရခိုင် မြောက်ပိုင်း တွင် အခြေမလှ ဖြစ်လာနေသည်ကို ပြည်သူများက ရင်တမမဖြင့် စောင့်ကြည့်နေကြချိန်တွင်အိန္ဒိယ ရေတပ်မှ ၃၄ နှစ်ကြာ အသုံးပြုပြီး နောက် ပြန်လည် မွမ်းမံ ပြင်ဆင်ပေးလိုက်သော ရေငုပ်သင်္ဘောကြီး ရောက်ရှိ လာမှုကို မည်သည့် နိုင်ငံသားကမျှ ဂုဏ်ယူဝင့်ကြွားလိုစိတ် ရှိကြမည်လည်း မဟုတ်ပေ။

တရုတ်တို့ဖက်က အမေရိကန် ရဲ့ ဝိုင်းပတ် ပိတ်ဆိုလာနိုင်မှု ကို အိန္ဒိယ သမုဒ္ဒရာ ဖက်ကနေ ထွက်ပေါက်ရဖို့ မြန် မာ ခေါင်းဆောင်များကို နိုင်ငံရေး အရ ဖိအားတွေ အဆက်မပြတ်ရန် နှင့် တဆင့်ခံ စစ်ပွဲတွေ ဆင်နွှဲရ မယ် ဆိုတဲ့ မူဝါဒများကို ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင်ပင် မပြောင်းမလဲဘဲ ဆက်လက် စွဲကိုင်နေတာ ကိုက တရုတ် ရဲ့ အမှားလည်း ဖြစ်ပါတယ်။ ယင်းနှင့်အတူ လူထု သဘောထားကို ပြောင်ပြောင်ကြီး ဆန့် ကျင် ရပ်တည် တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

အိုဘားမား နဲ့ ဟီလာရီ ကလင်တန် တို့ မြန်မာပြည်ကို နှစ်ကြိမ် အထိ အလည် အပတ်ရောက်လာခဲ့ပေမယ့်ထရန့် အစိုးရ လက်ထက်မှာ အမေရိကန် ရဲ့ အဆင့်မြင့် အရာရှိတွေ တဦးတလေမှ မြန်မာပြည်ကို ရောက်မလာတဲ့ အ တွက်လည်း တရုတ်တို့ အားတက်လာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ မည်သည့် နိုင်ငံရဲ့ ဖိအားပေးမှုမျိုးကို မဆို မကြောက်မရွံ့ ရင်ဆိုင်နိုင်စွမ်း ရှိပြီး နိုင်ငံ ရဲ့ အကျိုးစီးပွား ကို အဓိက ထားပြီး တိုင်းပြည်အတွက် တကယ်တမ်း အကျိုး ရှိရာ ရှိကြောင်း ဆိုရင် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းအရ တရုတ် အဆိုပြုလာတဲ့ စီမံကိန်းများ အားလုံးကို တန်ရာတန် ကြေး နဲ့ အညီသာ လုပ်ဖို့ မူဝါဒ နဲ့ အကုန်လုံးကို စီစစ် လုပ်ကိုင်နိုင်သူ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံက ၎င်းတို့ အား ရှဉ့်လည်း လျှောက်သာ ပျားလဲစွဲသာ ဆက်ဆံနေခြင်းကို စိတ်မရှည် ဖြစ် လာနေပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ လူထုကို ထိန်းချုပ်ထားနိုင်စွမ်းရှိသော တဦး တည်း ပုဂ္ဂိုလ် ဖြစ်ပြီး စကားကိုလည်း ဟိုတမျိုး ဒီတမျိုး လုပ်တတ်သူမဟုတ်ဆိုပြီး သဘောကျ ခဲ့ပါတယ်။ သို့သော် တ ရုတ်သည် စီးပွားရေး ကိုသာ အာရုံစိုက်သူ များ ဖြစ်တယ်ဆိုတဲ့ မူလ ပင်ကိုယ် သဘောအရ နောက်ပိုင်း မှာတော့ ယခင်က ငယ်ကြောက်လို့ ဆက်ဆံနိုင်တဲ့ လူတွေကိုလည်း ပြန်လည် တမ်းတလာပုံ ရပါတယ်။ ဒေါ်အောင် ဆန်း စုကြည် လက်ထက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများ အင် အားကောင်းလာနေခြင်း နဲ့ သဘာဝ အရင်းအမြစ်များအား အမျိုးသားရေး နဲ့ ချိန်ထိုး လာနေခြင်းကို အတော် မနှစ်မြို့ ဖြစ်လာနေပုံ ရပါ တယ်။

လက်ရှိမှာလည်း နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေချိန် မှာ မြန်မာ အပေါ် ထိရောက်တဲ့ အကူအညီ ပေး ဖို့ သိသိသာသာပျက်ကွက်နေတာကို သတိထားမိလောက်အောင် ဖြစ်လာပါတယ်။

မည်သို့ပင် ဖြစ်စေ လာမည့် မြန်မာ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ အတွက် မိမိလျှောက်လှမ်းရမည့် ဘဝ ကို ရွေးချယ်ရတော့မည် ဖြစ်သည်သာမက နိုင်ငံကြီး များ ကလည်း သတိကြီးစွာ နဲ့ စောင့်ကြည့်နေတဲ့ ပွဲ လည်း ဖြစ်ပါတယ်။

Myanmar & Asean Military Updateမွ-


India ရေတပ် ရဲ့ရေငုတ်သင်္ဘော INS Sindhubvir ကို မြန်မာရေတပ် လွဲပြောင်းပေးတော့မှာ ဖြစ်ပါတယ်။ လေ့ ကျင့်ရေး အတွက် အသုံးပြုမယ့် ဒီရေငုတ် သဘောၤဟာ kilo class ရေငုတ်သင်္ဘော ဖြစ်ပြီး India ရေ တပ်ကနေ 1988 ခုနှစ်မှာ Russia ကနေ ဝယ်ယူခဲ့တာလဲ ဖြစ်ပါတယ်။ ခုချိန်မှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေပြီးဒီနှစ်ကုန် ပိုင်းမှာ လွဲပြောင်းပေးအပ်သွားမယ်လို့ ခန့်မှန်း ရပါတယ်။ နှစ် 30 လောက် သက်တမ်း ရှိနေပြီ ဖြစ်သော်လည်း သုမှာ တပ်ဆင်ထားတဲ့ လက်နက်စနစ်များက တော့ ကျနော်တို့ ရည်ရွယ်ထားတဲ့ လေ့ကျင့် ရေးဆိုတာ ထက် ပိုမို သာလွန်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီရေငုတ်သင်္ဘော ဟာ တန်ချိန် 3000 ရှိပြီး မီတာ 300 ထိ ငုတ်နိုင်မှာ ဖြစ်ပါတယ်။ သင်္ဘောသား 53 ဦး လို အပ် ပြီး 45 ရက်ကြာ တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ အကောင်းဆုံး အပိုင်းနဲ့ Bangladesh ရဲ့ Ming class တွေ ထက် သာလွန်တဲ့ အချက်ကတော့ 220km ထိ ပစ်ခတ်နိုင်တဲ့ 3M-54E Club-S missile တွေ ကို 4 လုံး အထိ သယ်ဆောင်နိုင်မှာ ဖြစ်ပြီး ဒါ တွေက ဘကုန်းတွေရဲ့ သဘောၤတွေကို ချိန်းခြောက်ထားနိုင်တဲ့ အဓိ က အချကိဖြစ်လာဦးမှာ ဖြစ်ပါတယ်။ self-defense အတွက်လည်း strela-3 missile luncher တွေ လဲ တပ်ဆင် ထားဦးမှာ ဖြစ်ပါတယ်။ India သတင်းတွေ အရ မြန်မာတပ်မတော် အကြီး အကဲတွေက အရင်လတွေ တုန်းက Russia ကို သွားရောက်ခဲ့ပြီး ရေငုတ်သင်္ဘော အသစ်တွေ ဝယ်ယူဖို့ ဆွေးနွေးခဲ့ပြီး training အတွက်လည်း ဒီ INS Sindhuvir က ရရှိတော့မယ်လို့ ဆိုပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */