Friday, October 2, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မိန်းကလေးငယ်တွေ အသက်မပြည့်ဘဲ အိမ်ထောင်ချပေးမှုများနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
01 အောက်တိုဘာ၊ 2020
 
 မှတ်တမ်းဓါတ်ပုံ-Cox's Bazar ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်မိန်းကလေးငယ်များ (သြဂုတ်လ ၂၄ ရက် ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို လက်ထပ် ထိမ်းမြားပေးမှု များပြားလာနေတဲ့ အခြေအနေ စိုးရိမ်နေရကြောင်း စက်တင်ဘာလ ၂၉ရက်နေ့က ထုတ်ပြန်တဲ့ Conflict and Health သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။
အရွယ်မရောက်သေးပဲ လက်ထပ်ထိမ်းမြားခံရတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေလဲရှိနေကြောင်း ဒု က္ခသည်စခန်းတွင်း နေထိုင်သူတဦးက ဗွီအိုအေ ဘင်္ဂလားဌာနကို ပြောပြခဲ့ပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကလေးအရွယ် မိန်းကလေးငယ်တွေကို လက်ထပ်ထိမ်းမြားပေးနေတဲ့ကိစ္စ ဒုက္ခသည်စခန်းတွေမှာ ဘာ ကြောင့် များလာသလဲဆိုတဲ့ အကြောင်းအရင်းကို အမည်မဖေါ်လိုတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတဦးက ဗွီအိုအေ ဘင်္ဂလားဌာနကို အခုလိုပြောပြပါတယ်။

"မိသားစုတွေမှာ အထူးသဖြင့် အဖေတွေ၊ အကိုတွေ၊ မောင်တွေ အသတ်ခံရတဲ့ အတွက် ဒုက္ခသည်စခန်း မှာ မိန်းမသားတွေချည်းပဲနေကြရသူတွေ၊မိဘမဲ့ဖြစ်နေတဲ့ မိန်းကလေးငယ်တွေ ဟာ ဒုက္ခသည်စခန်းကို ရောက်လာတဲ့အခါမှာ သူတို့အတွက် အဆင်သင့်နေရာမရှိတာ၊ စနစ်တကျဆောက်ပေးထားတဲ့နေ ရာမျိုး တွေမရှိပဲတွေ့တဲ့နေရာမှာ တဲအိမ်ထိုးပြီး လူတွေ ပြွတ်သိပ်နေတဲ့နေရာတွေမှာ ဖြစ်သလို နေကြရပါတယ်။ ပြီးတော့ ဆွေမျိုးသားချင်းနီးစပ်သူတွေနဲ့လည်း တကွဲတပြားစီ နေကြရတယ်။ ဒါကြောင့် သူတို့အတွက် ရိ က္ခာတောင်းတာ၊ ကြမ်းတမ်းတဲ့ တောင်ကုန်း၊ မှောင်မိုက်တဲ့နေရာတွေမှာ သွားဖို့လာဖို့ အလွန်ခက်ခဲပြီး အန္တရာယ်များပါတယ်။ နောက် တဲအိမ်ငယ်တွေထဲ မိသားစုအလွန်များတဲ့အတွက် သူတို့ မိဘတွေကိုယ် တိုင် သမီးတွေကို အရွယ်မရောက်သေးပဲ လက်ထက်ပေးလိုက်တာတွေလည်း ရှိပါတယ်။"

မိန်းကလေးငယ်တွေ အရွယ်မရောက်သေးပဲ အတင်းအကြပ် လက်ထပ်ထိမ်းမြားပေးတဲ့အတွက် နောက် ဆက်တွဲ အကျိုးဆက်တွေကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

"ဘယ်မိဘကမှ သူတို့ သမီးတွေကို သူများလက်ထဲ ထည့်မပေးလိုက်ချင်ပါဘူး။ ဒါပေမဲ့ အခြေအနေအရ ပေးစားရတာဖြစ်တယ်။ အကျိုးဆက်ကတော့ အသက်အရွယ် မတူတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထက်ရ တဲ့ အတွက် အိမ်တွင်းရေးပြဿနာ၊ အိမ်ထောင် အဆင်မပြေတာ၊ မိန်းကလေးငယ်တွေအတွက် ပျော်ရွှင်မှု မရှိတာတွေ ရှိပါတယ်။ အခုလို အရွယ်မရောက်သေးသူတွေကို စောစောစီးစီး လက်ထပ်ထိမ်းမြားတာမျိုး မလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ NGO တွေနဲ့ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေကလည်း မိဘေ တွကို ပညာပေးအစီအစဉ်တွေ အမြဲလုပ်ပေးနေပါတယ်။"

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပန်းမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် အကာ အ ကွယ်မဲ့နေတဲ့အခြေအနေမှာ အခုလို အရွယ်ရောက်မရောက်သေးတဲ့ မိန်းကလေးငယ်တွေအတွက် ဘက်ပေါင်းစုံကနေ ပိုပြီး လုံခြုံမှုကင်းမဲ့စေတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတယ်လို့ Women Peace Network အဖွဲ့ထူထောင်သူလည်းဖြစ် ညွန်ကြားရေးမှူးလည်းဖြစ်တဲ့ မဝေဝေနုက ဗွီအိုအေကို ပြောပါ တယ်။

"ဒီထက်ဆိုးရွားတဲ့ အခြေအနေတွေဖြစ်နေတယ်ဆိုတာ ကျမတို့ တွေ့ရပါတယ်။ ကလေးသူငယ်တွေကို လက်ထပ်ထိမ်းမြားပေးရုံတင်မကပဲ မိန်းကလေးတွေကိုလည်း လိင် ကုန်ကူးခံရတာတွေလည်း ရှိပါတယ်။ မိဘတွေက သူတို့ သမီးတွေရဲ့ လုံခြုံမှုဘဝနေထိုင်ရေးကို စိုးရိမ်တဲ့အခါကျတော့ ရရာနည်းလမ်းနဲ့ ယော ကျ်ား ပေးစာချင်တာပေါ့နော်။ ယောကျ်ားသားရှိသွားပြီဆိုရင် သူတို့ဘဝတွေ ပိုပြီးလုံခြုံမှု ရှိနိုင်တယ်ဆိုတဲ့ အမြင်မျိုးရှိကြလို့ ဖြစ်ပါတယ်။ ကျမတို့ နားလည်ရမှာက ဒီကိစ္စဟာ သာမန်ဆင်းရဲလို့၊ ပညာမတတ်လို့ ဆို တာထက် သူတို့ဘဝလုံခြုံမှု ကင်းမဲ့မှုကြောင့် ဖြစ်လာတယ်လို့ ကျမ မြင်ပါတယ်။”

ဥပဒေအရ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့ အားနည်းတဲ့အခြေအနေနဲ့ ပတ်သက်လို့ လည်း မဝေဝေနုက အခုလို ပြောပါတယ်။

”ဒီဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ဖြစ်သွားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်တဲ့အတွက် ဘင်္ဂလား ဒေ့ရှ်ဥပဒေအရ ကာကွယ်မှုပေးနိုင်တာ အားနည်းတာတွေ့ရပါတယ်။ မြန်မာပြည်မှာဆိုရင် မှန်ပါတယ်။ အသက် (၁၈) ပြည့်မှ လက်ထပ်ထိမ်းမြားရမယ်ဆိုတဲ့ ဥပဒေမျိုးရှိတာကြောင့် ဒီလို အရမ်းငယ်တဲ့ မိန်းကေ လးတွေ လက်ထပ်ထိမ်းမြားခြင်းကနေ အထိုက်အလျောက် ကာကွယ်နိုင်တယ်လို့ ထင်ပါတယ်။ မြန်မာ ပြည် မှာ အရင်က အသက်မပြည့်သူတွေ လက်ထပ်ထိမ်းမြားတဲ့ အစဉ်အလာ တခုလို နေရာတိုင်းလိုမှာရှိခဲ့ ပါတယ်။ ရိုဟင်ဂျာတွေမှာရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် ရခိုင်မှာ ထူးခြားတာက ဒီလိုဥပဒေတွေကို ဒီ လောက် နဲ့ တင်မဟုတ်ပဲနဲ့ အသက် (၁၈)နှစ်မပြည့်ခင် အိမ်ထောင်မပြုရဘူးဆိုတဲ့ ဥပဒေထက်ကျော် လွန် ပြီး တချို့ကိစ္စတွေမှာ ဒေသန္တာရဥပဒေတွေနဲ့ပါ ဖိနှိပ်ချုပ်ချယ် ကန့်သတ်တဲ့ အဆင့်ထိရှိခဲ့ပါတယ်။”

မြန်မာနိုင်ငံဥပဒေအရ အသက် ၁၈နှစ် မပြည့်ခင် လက်ထပ်ထိမ်းမြားခွင့် ပိတ်ပင်ထားတဲ့အတွက် ရိုဟင်ဂျာ တွေဟာ သူတို့နေရပ်မှာ ရှိနေစဉ်အချိန်က ဥပဒေအတိုင်း လိုက်နာရတဲ့အတွက် အခုလိုမျိုး ကလေးသူငယ် တွေ လက်ထပ်ပေးတာမျိုးမရှိခဲ့ဘူးလို့ Conflict and Health စာစောင်မှာ ဖေါ်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကြားမှာ ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်း ဓလေ့ကို ကျင့်သုံးနေ ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ တော့ သူတို့ရဲ့ ဓလေ့ထုံးတမ်းကို ပြန်ပြီးကျင့်သုံးလာနေ တယ်လို့ ဆိုပါတယ်။

စစ်တမ်းတွေ့ရှိချက် ပဋိပက္ခတွေနဲ့ နေရပ်ရင်းစွန့်ခွာထွက်ပြေးမှုတွေကြောင့် အခုလိုရိုဟင်ဂျာဒုက္ခသည်တွေ ကြား ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုတွေ ပိုပြီးဖြစ်လာစေတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် အ ကာ ကွယ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာကလေးငယ်တွေအတွက် အခြေအနေ ပိုမိုဆိုးရွားစေတယ်လို့ရေးသားထား ပါတယ်။ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */