" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 23, 2020

မြန်မာ အိုင်စီဂျေအမှု ဂမ်ဘီယားဘက်က ပထမဆုံးလျှောက် လဲချက်တင်

B B C 
ဘီဘီစီ မြန်မာပိုင်း
2020.10.23
ကြားနာမှု ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က လက်ခံခဲ့ပြီးနောက် အခု ဂမ်ဘီယာရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ မမ်မိုရီယယ်အဆိုလွှာကို ဒီနေ့ အောက်တိုဘာ ၂၃ ရက်မှာ အိုင်စီဂျေ တရားရုံးကို တင်ဖို့ရှိနေပါတယ်။

အဆိုလွှာ ဒီနေ့တင်ဖို့ရှိကြောင်းကို ဂမ်ဘီယာဘက်က ရှေ့နေ ပေါလ်ရိုက်ဂလာက အတည်ပြုပါတယ်။

ဒီအဆိုလွှာဟာ စာမျက်နှာ ၅ဝဝ ကျော်ရှိပြီး တိကျခိုင်မာတဲ့ သက်သေ နှစ်ရာကျော် ပါရှိတယ် ဆိုပြီး အိုအိုင်စီက ဖွဲ့ပေးထားတဲ့ အာရကန်ရိုဟင်ဂျာယူနီယံရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်၊ ဒီအမှုမှာ အကြံပေး အဖြစ်လည်းပါဝင်တဲ့ ဒေါက်တာဝါကာအူဒင်းက ပြောပါတယ်။

ဒီသက်သေတွေထဲမှာ မြန်မာအစိုးရတပ်က လူ ၁၂ ယောက်ကို ကြိုးချည်သတ်ဖြတ်ပြီး မြောင်းထဲချတာ၊ ကလေးငယ်တွေကို မီးရှို့ထားတဲ့ အိမ်တွေထဲ ပစ်ထည့်တာ ၊ အမျိုးသမီးတွေကို မုဒိမ်းပြုကျင့်တာ၊ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်တာ စတဲ့ အချက်တွေ ပါတဲ့အပြင် ရွာတွေအိမ်တွေကို မီးရှို့ချိန်မှာ ထွက်ပြေးသူတွေကို သေနတ်နဲ့ ပစ်ခတ်တဲ့အကြောင်း ပုံတွေ၊ ဗီဒီယိုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အိုင်စီဂျေတရားရုံးရှေ့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုတွေရောကန့်ကွက်ဆန္ဒပြမှုတွေပါ ရှိခဲ့
အိုင်စီဂျေတရားရုံးရှေ့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုတွေရောကန့်ကွက်ဆန္ဒပြမှုတွေပါ ရှိခဲ့

ဒီအထောက်အထားတွေကို ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်ပြည်နယ်ထဲကနေ ရရှိတယ်လို့လည်း ဒေါက်တာအူဒင်း က ပြောပါတယ်။

နောက် မြန်မာစစ်တပ်ဘက်က ဖုန်းနဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကိုလည်း ရရှိတယ်လို့ ပြောပါတယ်။

ဒီအချိန်မှာ မြန်မာအစိုးရတပ်က ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးတွေကို အာဆာ အကြမ်းဖက်တွေ ဆိုပြီး အေ ထာက်အထားမဲ့ ဖမ်းဆီးထောင်ချနေတယ်လို့ သူက ဆိုပါတယ်။

ဒုက္ခသည် လက်ခံရေး

နောက် မြန်မာဘက်က ဒုက္ခသည်တွေ ပြန်ဝင်လာရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပေးတဲ့ စာရင်း ကို လက်မခံတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ မိသားစုတစုထဲက သူတွေကို အကုန်လက်မခံတာရှိ သလို အထောက်အထား အန်ဗီစီကတ်မှာ ဘင်္ဂါလီလို့ ဖြည့်ခိုင်းတာ၊ မြန်မာပြည်ကို ဘယ်လို ဝင်လာသလဲ မေး တာတွေ လုပ်တယ်လို့ ဆိုပါတယ်။

အရင်က ရှိခဲ့တဲ့ သုံးခေါက်ချိုးကတ်၊ ဝှိုက်ကတ်တွေ ပျောက်ပျက်အောင် ရွာတွေ အိမ်တွေ မီးရှို့ခဲ့တာလို့လည်း ဒေါက်တာအူဒင်းက စွပ်စွဲပါတယ်။
လောလောဆယ် အေအေရခိုင်လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတပ်တွေကြားက တိုက်ပွဲတွေမှာလည်း ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရတာ၊ ပေါ်တာဆွဲခံရတာတွေ ရှိသလို ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တင်သွင်းတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်း လေးယောက်စလုံး ပယ်ချခံရတာတွေ ရှိတယ်လို့လည်း ဒေါက်တာအူဒင်းက ဆိုပါတယ်။


အိုင်စီဂျေ လုပ်ငန်းစဉ်

အိုင်စီဂျေတရားသူကြီးအဖွဲ့မှာ တရားသူကြီး ၁၅ ဦးရှိပြီး ဒုဥက္ကဋ္ဌက တရုတ်နိုင်ငံက တရားသူကြီး ရွှဲဟန်ချင်း ဖြစ်ပါတယ်။
အိုင်စီဂျေတရားသူကြီးအဖွဲ့မှာ တရားသူကြီး ၁၅ ဦးရှိပြီး ဒုဥက္ကဋ္ဌက တရုတ်နိုင်ငံက တရားသူကြီး ရွှဲဟန်ချင်း ဖြစ်ပါတယ်။

ဂမ်ဘီယားက စွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးတစ်ခုလုံး မပြီးခင် အခုနှစ် ဇန်နဝါရီ ၂၃ မှာ ရိုဟင် ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေကနေ အကာအကွယ်ပေးဖို့ အပါအဝင် မြန်မာက လိုက်နာဆောင်ရွက် ရမယ့် ကြားဖြတ်အစီအမံ အချက်လေးချက်ကို အိုင်စီဂျေက ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် လေးလအကြာမှာ မြန်မာဘက်က အစီရင်ခံစာတင်သွင်းရမှာ ဖြစ်သလို အမှုကြီးအတွက် အပြီး သတ် အမိန့်မချမချင်း ခြောက်လတိုင်းတခါ မြန်မာဘက်က ဆက်အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။

နောက်နှစ်ထဲမှာ မြန်မာနဲ့ ဂမ်ဘီယာတို့ အပြန်အလှန် အဆိုလွှာတွေ တင်သွင်းရမှာ ဖြစ်ပြီး ကြားနာမှုတွေလည်း ရှိလာမှာပါ။

၂ဝ၂၂ ထဲမှာ အိုင်စီဂျေက နောက်ဆုံးကြားနာပြီး အမှုကို ဆုံးဖြတ်နိုင်တယ်လို့လည်း ဒေါက်တာဝါကာအူဒင်းက ပြောပါတယ်။
ဒေါက်တာဝါကာအူဒင်း
ဒီအတောအတွင်း အိုင်စီစီ (နိုင်ငံတကာရာဇဝတ်တရားရုံး)နဲ့ အာဂျင်တီးနား တရားရုံးတို့ဘက်က မြန်မာအပေါ် အရေးယူဖို့ ကြိုးစားလာတာတွေ ရှိလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါတွေ ပြေလျော့မှုရအောင် မြန်မာအစိုးရက ရိုဟင်ဂျာတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ခရီးသွားလာခွင့် စတာတွေမှာ လိုက် လျောဆောင်ရွက်ပေးနိုင်ပေမယ့် တပ်မတော်ဘက်က မလိုလားဘူး လို့လည်း ပြောပါတယ်။

ဒီအမှုကို ဂမ်ဘီယာက အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား ကုလသမဂ္ဂတ ရားရုံး ICJ မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနဲ့ နယ်သာလန်တို့ကလည်း အိုင်စီဂျေမှာ ဂမ်ဘီယာရဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း စက် တင် ဘာလက ကြေညာချက် ထုတ်ခဲ့ကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */