ဗွီအိုအေ (မြန်မာပိုင်း)
03 အောက်တိုဘာ၊ 2020
မှတ်တမ်းဓါတ်ပုံ-၂၀၁၈ ဖေဖော်ဝါရီလတုန်းက Bhasan Char ကျွန်းပေါ်မှာ အလုပ်လုပ်နေသူများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက Bhasan Char မြေနုကျွန်းပေါ်မှာ အစာငတ်ခံ ဆန္ဒပြသူ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက ရိုက်နှက်တဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ကျွန်းပေါ်မှာရှိတဲ့ ရာနဲ့ ချီတဲ့ ဒုက္ခသည်တွေအကြား မကျေနပ်မှုတွေ တိုးပွားလာနေပါတယ်။
ဧပြီလတုန်းက ပင်လယ်ထဲ စက်လှေတွေနဲ့ မျောနေတဲ့ အဲဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ Bhasan Char ကျွန်း ပေါ်မှာ နေရာချထားပေးခဲ့တာပါ။
ဒီကျွန်းပေါ်မှာ ၁၄ ရက်ထားမယ်လို့ အာဏာပိုင်တွေက ပြောခဲ့တာလို့ ဒုက္ခသည် အမျိုးသမီး တစ်ဦးက VOA ကို ပြောပါတယ်။ သူနဲ့ တခြားသူတွေက Cox’s Bazar က ဒုက္ခသည်စခန်းက မိဘ ဆွေမျိုးတွေနဲ့ ပြန် လည် တွေ့ဆုံ ချင်ကြောင်း၊ ဒါပေမဲ့ အခုအခါ ကျွန်းပေါ် မှာ ၅ လကျော် ထိန်းသိမ်းခံနေရကြောင်း၊ တစ်ချို့ အမျိုးသမီးတွေက ရေနစ် ဒါမှမဟုတ် ကြိုးဆွဲချပြီး သေကြောင်း ကြံစည် နေတာ တွေ ရှိနေကြောင်းလည်း ပြောပါတယ်။
Bhasan Char ကျွန်းကနေ Cox’s Bazar ကို ပြန်ဖို့အရေး အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေသူတွေကို ဘင်္ဂလားဒေ့ရှ် ရေတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရိုက်နှက်ခဲ့ကြောင်း၊ ၁၅ ရက်အတွင်း Cox’s Bazar ကို ပြန်ခွင့်ရ မယ်လို့ တစ်ချို့အရာရှိတွေက ပြောအပြီးမှာ ရိုက်နှက်တာဖြစ်ကြောင်း ရိုဟင်ဂျာ အမျိုးသား တစ်ဦးက VOA ကို ပြောပါတယ်။ ဒီလိုရိုက်နှက်ခဲ့ကြောင်းလူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW ကလည်း ကြေ ညာချက်ထုတ်ပြန် စွပ်စွဲထားတာပါ။
Cox’s Bazar က မိသားစုတွေနဲ့ ပြန်တွေ့ခွင့်ရရေး တောင်းဆိုနေတဲ့ အစာငတ်ခံ ဆန္ဒပြသူတွေကို ရေတပ် အရာရှိတွေက ဒုတ်နဲ့ရိုက် တာက ထိတ်လန့်စရာပါလို့လည်း HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြား ရေးမှူး Phil Robertson က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရက Cox’s Bazar ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ဒုက္ခသည်တွေကို Bhasan Charကျွန်းကို ရွှေ့ပြောင်း နေရာချထားဖို့ အချိန်အတော်ကြာ ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ ဒုက္ခသည်တွေက အဲဒီကျွန်းပေါ် လူနေထိုင်ဖို့ မသင့်တော်ကြောင်းပြောပြီး ငြင်းဆန်နေခဲ့တာပါ။
ဧပြီလတုန်းကတော့ မလေးရှားနိုင်ငံကို သွားရောက်ဖို့ မျှော်လင့်ချက်နဲ့ စက်လှေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခ သည်တွေ ပင်လယ်ထဲ လနဲ့ချီ မျောနေခဲ့ပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ကြားဖြတ် ထိန်းသိမ်းခဲ့လို့ အခုလို ဒုက္ခသည် ၃၀၀ ကျော်ကို Bhasan Char ကျွန်းမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စ နှစ်နိုင်ငံအကြား ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ နိုင်ငံ တော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက မကြာခင့်ကပဲ ကုလသမဂ္ဂ နှစ်လည် ညီလာခံ မိန့် ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။ မြန်မာ အစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံ ဘဲ ဒုက္ခသည်တွေကို စိစစ် လက်ခံမယ်လို့ ပြောထားပါတယ်။

LInk : Here
No comments:
Post a Comment