VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2020
မြန်မာစစ်သားဟောင်း ၂ ယောက်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ကောက်နုတ် ရေးသားချက်တွေကို ဗွီအိုအေက ပြန်လည် တင်ပြပေးထားတာ ဖြစ်ပါတယ်။11 စက်တင်ဘာ၊ 2020
သူတို့ကိုကြည့်ရတာ သိပ်ပြီးစိတ်လှုပ်ရှားမှု မရှိသလိုပါပဲ၊ သူတို့အဖြေတွေက ဇာတ်တိုက်ထားတာ ဖြစ်နိုင် ပေမယ့် အတော့်ကိုပြင်းထန်ပါတယ်။ မြန်မာ စစ်တပ်က စစ်သားဟောင်း တပ်ပြေး ၂ ယောက်က သူတို့ဟာ အစုပြုံလိုက်သတ်ဖြတ်မှု ရွာတွေကို ရွာလုံးကျွတ်မီးရှို့မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေမှာ အထက် အရာရှိတွေရဲ့ အမိန့်အရ ပါဝင်ခဲ့ တယ်လို့ ဗွီဒီယိုမှတ်တမ်း ဖြောင့်ချက်ထဲမှာပြောထားပါတယ်။
တပ်သားဟောင်းမျိုးဝင်းထွန်းက ရိုဟင်ဂျာမူဆလင် ၃၅ ယောက်ကို သူတို့တပ်ရင်းကလူတွေ သတ်ပြီး တ ကျင်းတည်း မမြှုပ်ခင်မှာ ဗိုလ်မှူးကြီးတယောက်က “ မြင်တာကြားတာ အကုန်ပစ်“ လို့အမိန့်ပေး
ကြောင်း ဗွီဒီယို တခုမှာပြောထားပါတယ်။
အခြားတပ်ရင်းတခုက တပ်ပြေးဖြစ်တဲ့ တပ်သားဇော်နိုင်ထွန်းက ဒု-ဗိုလ်မှူးကြီးတယောက်ရဲ့ အမိန့်အရ သူနဲ့အခြားစစ်သားတွေဟာ ကလေးသူငယ် နဲ့ သက်ကြီးရွယ်အို လူကြီးသူမတွေ အပါအဝင် လူပေါင်း ၈၀ လောက်ကို သတ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီစစ်သားဟောင်းတွေက သတ်ဖြတ်မှု အသေးစိတ်ကိုပြောပြီး ပါဝင်ပတ်သက်တဲ့ တပ်ရင်း ၊ သက်ဆိုင်တဲ့ အထက်အရာရှိတွေ နာမည်၊ မီးရှို့ခဲ့တဲ့ ကျေးရွာတွေ နဲ့ အလောင်းတွေမြေမြှုပ်ခဲ့တဲ့ နေရာတွေကိုပါ အေ သး စိတ်ပြောပြ ကြပါတယ်။
ဖြောင့်ချက်တွေကို ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ AA ရခိုင်တပ်တော် သောင်းကျန်းသူ လက် နက်ကိုင်အဖွဲ့က မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ The New York Times သတင်းစာ နဲ့ ကနေဒါ အသံလွှင့်ဌာနတို့ က ဦးဆုံးထုတ်လွှင့်ပါတယ်။ VOA ဟာ အဲဒီကတည်းက စောင့်ကြည့်ခဲ့ပြီး (ဒီဗွီဒီယိုတွေ) ဘယ်ပုံဘယ်နည်း မှတ်တမ်းတင်ခဲ့တယ်ဆိုတဲ့ အခြေအနေကို စိစစ်နိုင်ခြင်းမရှိခဲ့ သေးပါဘူး။
မြန်မာစစ်တပ်ရဲ့ရက်စက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ Fortify Rights က ဒီဗွီဒီယိုတွေကို စိစစ်ပြီး စစ် သားဟောင်းတွေရဲ့ထွက်ဆိုချက် ခိုင်လုံတယ်လို့ ဆိုထားပါတယ်။
“ ဒီစစ်သားဟောင်းတွေဟာ ရခိုင်ပြည်နယ်က သီးခြားနယ်မြေ ၂ ခုမှာ တပြိုင်တည်း တာဝန်ကျပြီး အခြေခံ အားဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ အမိန့်တွေ လက်ခံရရှိခဲ့ကြတာဖြစ်တယ်” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောပါတယ်။ “ဒီအမိန့်ကို လက်ခံရယူခဲ့ကြတဲ့ စစ်သားတွေ ဆီ က တိုက်ရိုက် ကြားရတာ အင်မတန်အရေးပါတယ် လို့လဲဆိုပါတယ်။
ဒီစစ်သား ၂ ယောက်ရဲ့ဖော်ပြချက်တွေဟာ ၂၀၁၇ သြဂုတ်လ ကတည်းက များပြားလှတဲ့ ဒုက္ခသည်တွေ စုံစမ်းစစ် ဆေးသူတွေဆီက ကြားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ခိုင်မာစေပါတယ်။ ၂၀၁၇ ဟာ မြန်မာလုံခြုံရေး စခန်း တွေကို ရိုဟင်ဂျာ စစ်သွေးကြွတွေ အပေါ်တုံ့ပြန်တဲ့အနေနဲ့ ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ကာ လဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ တသောင်း (၁၀,၀၀၀) မကသေဆုံးပြီး ရွာပေါင်း ၂၀၀ ခန့် ဖျက်ဆီးခံခဲ့ရဖွယ်ရှိတယ်လို့ ကု လ သမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက အစီရင်ခံထားပါတယ်။ ဒီစစ်ဆင်ရေးက ရိုဟင်ဂျာ မူဆလင် ၇ သိန်း (၇၀၀,၀၀၀) ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက် မောင်းထုတ်ခဲ့တယ်လို့လဲ ကုလသမဂ္ဂ ကဆိုပါ တယ်။ သူတို့ဟာ အခုအခါမှာ ညစ်ပတ်ပေရေတဲ့ ဒုက္ခသည်စခန်းတွေမှာနေထိုင်ပြီး အသက်ရှင်ရပ် တည် ရေး အတွက် စာနာမှုအထောက်အပံ့တွေအပေါ် မှီခိုနေရပါတယ်။
အုပ်စုလိုက် မုဒိမ်းကျင့်တာ မီးလောင်နေတဲ့အိမ်တွေထဲ ဒုက္ခသည်တွေပိတ်လှောင်ထားတာလို ဆိုးရွားလွန်းတဲ့ ဖြစ် ရပ်တွေကို ဒုက္ခသည်တွေ ပြန်ပြောကြပါတယ်။ နိုင်ငံမဲ့ ရိုဟင်ဂျာလူနည်းစုအပေါ် ပြု လုပ်တဲ့ စစ်ဆင်ရေမှာ လူမျိုးတုံးသတ်ဖြတ်ရေး ရည်ရွယ်ချက်ပါရှိတယ်လို့ ကုလသမဂ္ဂ စုံမ်းစစ်ဆေး သူတွေက ဆိုပါတယ်။
မြန်မာအစိုးရက ဒီစွဲချက်တွေကို အမြဲပယ်ချပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ICJ နိုင်ငံတကာတရားရုံးမှာ အဆင့်အမြင့်ဆုံး အရပ်ဘက်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို သုတ်သင် ရှင်းလင်းဖို့ နိုင်ငံတော်က ကမကထပြုတဲ့ စစ်ဆင်ရေးမရှိခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ဆိုးသွမ်းတဲ့စစ်သား အနည်းငယ်က ရာဇဝတ်မှုကျူးလွန်ခဲ့တာလို့ စစ်တပ်ကပြောပါတယ်။
အခုထွက်ပေါ်လာတဲ့ ဗွီဒီယိုတွေကို တုံ့ပြန်ပြောကြားရာမှာ မြန်မာစစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဒီဗွီဒီယိုတွေ မှတ်တမ်းတင်ခဲ့တဲ့ AA ရခိုင်တပ်တော် သောင်းကျန်းသူအဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ ခေါ်ဆို လိုက်ပြီး စစ် သားဟောင်းတွေကို အတင်းအဓမ္မ ထွက်ဆိုခိုင်းခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
Link : Here
No comments:
Post a Comment