Wednesday, September 23, 2020

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာစံချိန်မီမည်မဟုတ် (ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်)

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
23 စက်တင်ဘာ၊ 2020
မြန်မာ့လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေး ကုလကိုယ်စားလှယ်သစ် Thomas Andrews

 မြန်မာနိုင်ငံထဲ ကိုဗစ်ပိုးတွေ့နှုန်း အရှိန်အဟုန်မြင့်လာချိန်မှာ၊ တစ်လကျော်အတွင်းကျင်းပဖို့ပြင်ထားတဲ့ ရွေး ကောက်ပွဲက၊ နိုင်ငံတကာစံနှုန်းမီနိုင်မှာမဟုတ်ဘူးလို့၊ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စား လှယ်က ပြောလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေး ကုလကိုယ်စားလှယ်သစ် Thomas Andrews က နိုဝင်ဘာမှာ ကျင်း ပဖို့ပြင်ထားတဲ့ ရွေးကောက်ပွဲမှာ ခုလိုဖြစ်လာနိုင်တာက၊ ရိုဟင်ဂျာမွတ်ဆလင် သိန်းနဲ့ချီပြီးမဲမပေးနိုင် မှာမို့ပါလို့ မနေ့က ထောက်ပြလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ လူအခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောရာမှာ Andrews ကဆက်ပြီး၊ အခုလို အရင် ရခိုင် ပြည် နယ် မှာနေလာခဲ့ပြီး၊ အခု ဘင်္ဂလားဒေ့ရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့သူတွေကို မဲပေးခွင် မေပေး တာကြောင့်၊ နိုဝင်ဘာ (၈) ရက်ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတမှာမဟုတ်ဘူးလို့ ဝေဖန်လိုက်ပါ တယ်။

ဒါ့အပြင် Andews ကပဲ၊ အခုလို လူမျိုးနဲ့ကိုးကွယ်ရာဘာသာပေါ်မူတည်ပြီး မဲပေးခွင့် ဆုံးရှုံးရတာကြောင့်၊ လာမယ့် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူအားလုံးရဲ့ ဆန္ဒကို အစစ်အမှန် ထင်ဟပ်တော့မှာမ ဟုတ်တော့ ဘူးလို့လည်း ပြင်းပြင်းထန်ထန် ဆက်ဝေဖန်လိုက်ပါတယ်။

အရင် စစ်အုပ်ချုပ်မူအောက် မြန်မာ့ဒီမိုကရေစီရုန်းကန်မူတွေအကြောင်း သုတေသနတွေလုပ်ခဲ့ဖူးတဲ့ Andrew က ဆက်ပြီး၊ လက်ရှိမြန်မာအစိုးရအနေနဲ့ ဒီ ရခိုင်မှာရော ဘင်္ဂလားဒေရှ်မှာပါရောက်နေတဲ့ ရိုဟင် ဂျာပေါင်းသိန်းချီအတွက် မဲပေးနိုင်ရေး၊ ဖြစ်စေချင်တဲ့ဆန္ဒရော၊ ပြင်ဆင်နေတာပါ အထောက်အထား လုံးဝ မတွေ့ရဘူးလို့ ထောက်ပြလိုက်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီရိုဟင်ဂျာတွေ ပြန်လာဖို့ လက်ခံ၊ စီစဉ်ထားတယ်ပြောပေမဲ့၊ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကိုတော့ တရားဝင်လက်ခံခြင်းမရှိသေးပါဘူး။


  
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */