လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-08-05
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြောင်းရွှေ့နေရာချထားမယ့် Bhashan Char ကျွန်းကို ၂၀၁၈ ခုနှစ်ကတွေ့ရစဉ် Photo: Polash SHIKDER / AFP
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘာဆန်ချာကျွန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ သုံးရာကျော်ကို လွှတ်ပေးသင့် တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက် ပါတယ်။Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်းမှာထိန်း သိမ်းထားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်လို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးစေလိုတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာတွေ သူတို့ အဲဒီကျွန်းမှာနေထိုင်ရတာ ကောင်းမွန်ကြောင်း ဗီဒီယိုရိုက်ကူးဖို့အတွက် အဓမ္မဖိအားပေး ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
Fortify Rights အဖွဲ့ဟာ ဒီရိုဟင်ဂျာဒုက္ခသည် ၁၅ ဦးကို ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇူလိုင်လအတွင်းတွေ့ဆုံမေးမြန်းခဲ့ တာဖြစ်တယ်လို့လည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
Link : Here
No comments:
Post a Comment