Monday, July 27, 2020

ရခိုင်ဒေသ တိုက်ပွဲလျော့နည်းလာသော်လည်း လူ့အခွင့် အရေးပြဿနာပိုများလာဟုဆို

7DAY NEWS
အောင်ခိုင် 
July 27, 2020

ဇူလိုင်လပထမနှစ် ပတ်တာကာလအတွင်း ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်တွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း သည့် ပြဿနာ ၂၁ ခု ဖြစ်ပွားခဲ့ပြီး အ ကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ဖြင့် ၁၂ ဦးအမှုဖွင့်ခံရကြောင်း ပြည် တွင်းလက်နက်ကိုင် ပဋိပက္ခ စောင့်ကြည့်လေ့လာသည့် Burma Monitor ၏ အချက်အလက် များတွင် ဖော် ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ လဝက် တာကာလအတွင်း ရခိုင်ပြည် နယ်တွင် တိုက်ပွဲသိသိသာသာ လျော့နည်းခဲ့ပြီး လူ့အခွင့် အရေး ဆိုင်ရာ ချိုးဖောက်မှုများ ပိုမိုများ ပြားလာခဲ့သည်ဟု Burma Monitor ကဆိုသည်။ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အတွင်း ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှကျေးရွာ၊ ရသေ့တောင် မြို့နယ်ရှိ ကိုးတန်ကောက် ရွာနှင့် ချိန်ခါလီကျေးရွာတို့တွင် တပ်မ တော်နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် လက် နက်ကြီးကျည် (အမြောက်ဆန်) ကျရောက်ပေါက်ကွဲခြင်း၊ ပစ် ခတ်ခြင်းတို့ကြောင့် ဒေသခံအမျိုး သားနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦးနှင့် က လေး ငယ်နှစ်ဦး ဒဏ်ရာရရှိကာ ဒေသခံ ခုနစ်ဦးဖမ်းဆီးခံခဲ့ရသည်။ ယခု လတွင် ရသေ့တောင်မြို့ပေါ်အနီး ကားလမ်းဘေးရှိ အဝင်၊အ ထွက်လွယ်ကူသည့် ရွာများ၊ နေ ရာများ၌သာ ပစ်ခတ်မှုများ ဖြစ် ပွားခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် မသင်္ကာဟုဆိုကာ ဖမ်းဆီးခြင်းခံရသည့် ဒေသခံ ၄၄ ဦးအနက် တစ်ဦးမှာ စစ်ကြောရေး ကာလအ တွင်း သေဆုံးခဲ့ပြီး ၁၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့ သော်လည်း ၁၂ ဦးအား အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ပုဒ်မ ၅၂ (က)တို့ဖြင့် အမှုဖွင့်ထားခဲ့သည်။ ဖမ်းဆီးခံရ မှုများမှာ ပုဏ္ဏားကျွန်းမြို့ နှင့်ရသေ့ တောင်မြို့တို့၌ ပိုမိုများပြားသည် ဟုဆိုသည်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ငတောက်တူချောင်းကျေး ရွာအနီးနှင့် မောင်တောမြို့နယ် တရိန်းကျေး ရွာ အနီးတွင်လည်း မိုင်းပေါက်ကွဲမှုများကြောင့် ဒေသ ခံအမျိုးသားတစ်ဦး သေဆုံးခဲ့ သည်။ ထို့အပြင် စစ် ဆင်ရေးများ ပိုမိုပြုလုပ်လာ၍ ဇွန်လနောက်ဆုံး ပတ်နှင့် ဇူလိုင်လပထမပတ်အတွင်း ရသေ့တောင်မြို့နယ် အပြင် အမ်း၊ မြောက်ဦးမြို့နယ်တို့မှ နေ ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည့် ဒေသခံ ၃၀,၀၀၀ ဦး ခန့် ရှိလာကြောင်း Burma Monitor က ထုတ်ပြန်သည်။

တစ်နှစ်ကျော်ကြာမြင့်လာ သည့် ရခိုင်ဒေသလက်နက်ကိုင်ပဋိပက္ခများနှင့်ဆက်စပ်၍ အရပ် သားထိ ခိုက်သေ ဆုံးမူနှင့် သံသ ယဖြင့် ဖမ်းဆီးခံရမှုများမြင့်တက် လာနေသည်ဟု ဒေသတွင်းလူမှု အဖွဲ့အစည်းများက ဆိုသည်။

AA အဖွဲ့နှင့်ဆက်စပ်သံသ ယဖြင့် တပ်မတော်ဘက်မှဖမ်း ဆီးစစ်ဆေးမှုများရှိသည်။ ထို့အတူ လုံခြုံရေး တပ်ဖွဲ့များကို ကူညီ သည်ဆိုကာ အရပ်သားများကို AA အဖွဲ့က ဖမ်းဆီးမှုများလည်း ရှိသည်။

ပြည်တွင်းလက်နက်ကိုင်ပဋိ ပက္ခအရေး စောင့်ကြည့်လေ့လာ သူဦးမောင်မောင်စိုးကမူ လူ့အ ခွင့်အရေးချိုး ဖောက်သည်ဟု အ ပြန်အလှန်စွပ်စွဲမှုများရှိပြီး ယင်း ကိစ္စများနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးသင့်ကြောင်း သုံးသပ်သည်။

‘‘တစ်ဖက်ကလည်းလူ့အခွင့် အရေးချိုးဖောက်တယ် စွပ်စွဲ တာပေါ့။ တစ်ဖက်ကလည်းငြင်း တာပေါ့။ ဒါတွေနဲ့ ပတ် သက်ပြီး တော့ စုံစမ်းစစ်ဆေးဖြေရှင်းဖို့လို အပ်တယ်’’ဟု တိုင်းရင်းသားအ ရေးကျွမ်းကျင်သူ လည်းဖြစ် သည့် ဦးမောင်မောင်စိုးက မှတ်ချက်ပြု သည်။

သို့သော် အရပ်သားထိခိုက် သေဆုံးမှုများ မရှိစေရေးမှာမူ နှစ် ဖက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်လို အပ်သည်ဟု ၎င်းကပြောသည်။

‘‘စစ်ပွဲတွေရပ်ဖို့၊ အပစ်အ ခတ်ရပ်စဲရေးလုပ်ဖို့ လမ်းပိတ် နေသေးသရွေ့တော့ ဒီလိုပြဿနာတွေ ကြုံနေရဦး မယ်ထင်ပါ တယ်’’ဟု ဦးမောင်မောင်စိုးက ဆက်လက်ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */