Thursday, June 4, 2020

ARSA နှစ်ဦးကို တိုက်ပွဲအတွင်း လက်နက်နှစ်လက်နှင့် အတူ အသေဖမ်းမိဟု တပ်မတော်ထုတ်ပြန်

နိရဉ္စရာ 
အိမ်စိုးဖြူ
04 Jun, 2020

ဇွန်လ ၃ ရက်နေ့ ညနေ ၄နာရီခွဲခန့်က မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာ အနီးတွင် ဖြစ်ပွား သော တိုက်ပွဲအတွင်း ARSA အကြမ်းဖက် အဖွဲ့ဝင်နှစ်ဦးကို လက်နက် နှစ်လက်နှင့် အတူ အသေဖမ်းမိ ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။

၎င်းတိုက်ပွဲသည် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြား မီးတိုက် ကျေးရွာဘက်မှ နယ်စပ်ခြံ စည်း ရိုးဘက်သို့ ထွက်ခွာလာသည့် ARSA ၂၅ ဦးခန့်နှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့် ရဲ တပ်ဖွဲ့ဝင်တို့အကြား အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားသည့် တိုက်ပွဲတွင် ညနေ ၄ နာရီခွဲမှ  ၅ နာရီအထိ ကြာမြင့်ခဲ့ပြီး  ၎င်းနောက် ARSA အကြမ်းဖက် သမားများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။

ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း ၂ လောင်းကို ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ၂ လက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး  ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းက ဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသခံများသို့ ဆက်သွယ်ရာ မီးတိုက်ကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံအမျိုး သမီးတစ်ဦးက ၎င်းနယ်ခြားစောင့်စခန်းဖက်မှ သေနတ်ပစ်သံများ ဇွန်လ ၃ ရက် ညနေ ၄ နာရီကျော် က မိနစ် ၃ဝ ခန့် အဆက်မပြတ်ကြားခဲ့ရကြောင်း၊ အဆိုပါ နယ်ခြားစောင့်တပ်နှင့် မီးတိုက်ကျေးရွာမှာ ၃ မိုင် ခန့် ဝေးကြောင်း ပြောသည်။

“ နာရီဝက်လောက်အပြန်အလှန်ပစ်ကြတယ်။ အဲဒီနားက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းနဲ့ ဒီဘက်က နယ်ခြား စောင့်နဲ့ ဖြစ်တာ။ အဲဒီဖက်မှာ ဖြစ်ရင် အာဆာနဲ့ နယ်ခြားစောင့်ပဲရှိတာ။ သူတို့ တိုက်ပွဲဖြစ်ကြပါတယ်” ဟုသူမကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က “ ဦးလေးက အတိကျတော့မသိဘူး။ ဒါပေမဲ့ အဲဒီမီးတိုက်ဘက်ကနေ အမှတ်(၂) တပ်ရင်းဘက်က အလောင်း တစ်လောင်း ချသွားတယ်လို့တော့ ဒေသခံတွေဆီက ကြားရတယ်။ ညနေ လေးနာရီကျော် လောက်ကပေါ့” ဟု ယနေ့ညနေ ၈ နာရီခန့်ကပြောသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သေနတ်သံများကြားရသော်လည်း တစ်စုံတစ်ရာ သိရှိခြင်းမ ရှိသောကြောင့် ဖြေဆိုနိုင်ခြင်းမရှိဟု ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */