Saturday, May 30, 2020

ရိုဟင်ဂျာဒုက္ခသည်အကြောင်း ရုပ်ရှင်ရိုက်ကူး

လွတ်လပ်တဲ့အာရှအသံ ( RFA )
 မြန်မာဌာန | သတင်းများ
2020.05.30

■ ရိုဟင်ဂျာ ဒုက္ခသည် အကြပ်အတည်းကာလက အဖြစ်အပျက်တွေကို အခြေခံပြီး၊ ဟင်ဒီ စကားပြော ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဘူတန်နိုင်ငံအခြေစိုက် Thunder Dragon Productions ရုပ်ရှင်ထုတ် လုပ်ရေးကနေ ရုပ်ရှင်ရိုက်ကူးနေတယ်လို Indian Express သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာလို့ နာမည်ပေးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာ ၉သိန်းကျော် ဘင်္ဂ လားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ အဖြစ်အပျက်တွေနဲ့ အိန္ဒိယ အထူးကွန်မန်ဒို တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု တွေကို အခြေခံပြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ကြုံနေရတဲ့ ရိုဟင်ဂျာတွေအကြောင်း ရိုက်ကူးထားတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်လာလိမ့်မယ်လို့ ဒီဇာတ်ကားကို ရိုက်ကူးနေတဲ့ ဘောလိဝုဒ်ဒါရိုက်တာ ဟိုက်ဒါခန် က ပြောပါတယ်။

ဒီဇာတ်ကားမှာ ဘူတန်လူမျိုး ရုပ်ရှင် မင်းသား Sangay Tsheltrim နဲ့ ဘင်္ဂလားဒေ့ရှ် စူပါမော်ဒယ် Tangia Zaman Methila တို့က ပါဝင် သရုပ်ဆောင်ထားပြီး၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည် နယ် တွေမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။
လင့်၊ FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */