" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 22, 2020

ရခိုင်မှာ WHO ဝန်ထမ်း အသတ်ခံရတဲ့ကိစ္စ စုံစမ်း အရေး ယူပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဧပြီ၊ 2020
ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂ ယာဉ် တစီး တိုက်ခိုက်ခံရမှု အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ တဦးသေဆုံး၊ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့မှု အပေါ်လွတ်လပ်စွာ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် က တောင်းဆိုလိုက်တဲ့ အကြောင်း မသိင်္ဂ ီထိုက်တင်ပြပေးပါမယ်။
 
ရခိုင်ပြည်နယ်တွင်းက COVID -19 စောင့်ကြည့်လူနာတွေထံက ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်း မာရေး အဖွဲ့ကြီး WHO ကား တနလာၤနေ့ ညနေပိုင်းက မင်းပြားမြို့နယ်တွင်း တိုက်ခိုက်ခံခဲ့ရ တာမှာWHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် အပြင်းအထန် ဒဏ်ရာရပြီး အင်္ဂါနေ့ မနက် ခင်းမှာ သေဆုံးခဲ့ရပြီး အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပါ။ ဒီလို တိုက် ခိုက်မှုကို ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်တာပါ။ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါ နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ ကားတစီး တနလာၤနေ့ ညနေပိုင်းက ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်ခံရမှု အတွင်း WHO အဖွဲ့ကြီးအတွက် အလုပ်လုပ်ပေးနေတဲ့ ယာဉ်မောင်း သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင်က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကို ကူညီမှု အနေနဲ့ ရခိုင်ပြည် နယ်တွင်းက COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲ နမူနာတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာ ဖြစ် တယ်။ ကမ္ဘာ့ဘေးကင်းရေး ဆောင်ရွက်ရင်း အသက်ဆုံးရှုံးခဲ့ရတာဟာဆိုရင် ဝမ်းနည်းစရာ ဖြစ်ပါတယ် လို့ WHO အကြီးအကဲ ဒေါက်တာ Tedros ကလည်း ပြောဆိုထားပါတယ်” လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင် အတွက် ဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ အစိုးရ ဝန်ထမ်း ဦးအောင် မျိုးဦး အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆို ထားပါတယ်။ ဒီတိုက်ခိုက်မှုကို အပြည့်အ၀ ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း ပြောခွင့်ရက ကြေညာချက် ထုတ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်း တံတား အနီးမှာ တနင်္လာနေ့ ညနေခင်းက ကုလသမဂ္ဂရဲ့ အဖွဲ့ တခု ဖြစ်တဲ့ WHO အဖွဲ့ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရတဲ့ အတွက် တုန်လှုပ်မိတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပါတယ်။ ဒီတိုက်ခိုက်မှုကို စုံ စမ်းစစ်ဆေးသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကြား တိုက်ပွဲတွေ ရှိနေပြီး အခု တိုက်ခိုက် ခံရမှုကတော့ တာဝန်ခံသူ မရှိပါဘူး။

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဝန်ထမ်း တဦး အသက် ဆုံးရှုံးရတဲ့ အပေါ် ဝမ်းနည်းရပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ခဲ့ပြီး ရခိုင်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ အမြန်ဆုံး လိုအပ်နေပြီ ဆိုတာကို ဒီအချက်က မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရမှု အတွက် ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံး မှာ အင်္ဂါ နေ့က ကုလသမဂ္ဂ အလံကို တိုင်တဝက် လျှော့ချ လွှင့်ထူခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */