မြန်မာတိုင်းမ်နေ့စဉ်
ထက်စိုးလင်း
22 FEB 2020
ICJ ၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ မျက်နှာပါ လျှောက်လဲချက်ကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ပြန် ဆိုပေးရန် ပြည်ခိုင်ဖြိုးပါတီကတောင်းဆိုကြောင်း ယင်းပါတီပြောခွင့်ရ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။
ထက်စိုးလင်း
22 FEB 2020
ICJ ၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ မျက်နှာပါ လျှောက်လဲချက်ကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ပြန် ဆိုပေးရန် ပြည်ခိုင်ဖြိုးပါတီကတောင်းဆိုကြောင်း ယင်းပါတီပြောခွင့်ရ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။
မြန်မာ့အချုပ်အခြာအာဏာကိုထိပါးမည့် ICJ အရေး၊ ရိုဟင်ဂျာလူမျိုး ရှိ/မရှိ အစိုးရ၏ပြတ်သားသည့်အဖြေ၊ ရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်အပေါ် ပြန်လည်ရှင်းလင်းခြင်း စသည့်အကြောင်း အရာများနှင့် ပတ် သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ရတနာ သိင်္ဃဟိုတယ်၌ ဖေဖော်ဝါရီ ၂၁ ရက်တွင်ပြုလုပ်ခဲ့ကာ ယင်းသို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။
"၇၄ မျက်နှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲတင်ပြမှုတွေမှာ AA အဖွဲ့အစည်းကို ဗုဒ္ဓဘာသာ လက်နက် ကိုင်အဖွဲ့အစည်းလို့ သုံးနှုန်းသွားတဲ့စကားလုံးကို တွေ့ရတယ်။ ARSA ကို သုံးတဲ့အသုံးအနှုန်း ကို ဘယ်လိုအဓိ ပ္ပာယ်မျိုးသုံးနှုန်းခဲ့တယ်ဆိုတာ မြန်မာလိုရှင်းလင်းတိကျပြတ်သားတဲ့ စကားလုံးစကား ရပ်တွေနဲ့ ပြည်သူကို အသိပေးဖို့လိုလိမ့်မယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။
ICJ ၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ မျက်နှာပါ လျှောက်လဲချက်က နိုင်ငံ့အရေး၊ တစ်မျိုးသားလုံး၏အရေး ဖြစ်သည့်အတွက် စကားလုံးမှားယွင်းမှုသည် နိုင်ငံ့ကံကြမ္မာကိုဖန်တီးသည့် ကိစ္စဖြစ်သည့်အတွက် အဆိုပါ စကားလုံးများအား ပြည်သူများသိရန်လိုအပ်သည့်အတွက် ဘာသာပြန်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
"ကျွန်တော်တို့ မြန်မာလူမျိုးက အင်္ဂလိပ်စာအားနည်းတယ် ခင်ဗျ။ အဲဒီလို အင်္ဂလိပ်စာအားနည်းတော့ အခု လို ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ စကားလုံးတွေကိုနားမလည်ဘူး။ ရိုဟင်ဂျာပါလား မပါလားဆို တာ လဲ ပြည်သူက နားမလည်ဘူး။ အင်္ဂလိပ်လို ကမ္ဘာကိုပြောတာကတော့ မှန်ပါတယ်။ သို့သော် ကျွန်တော် တို့ ပြည်သူတွေကို ပြည်သူနဲ့အတူဆိုသော အစိုးရပြည်သူ့အစိုးရဆိုသော အစိုးရက ပြည်သူတွေ နားမ လည် တာကို နားလည်အောင် ပွင့်လင်းမြင်သာစွာ ဘာသာပြန်ပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်"ဟု ပြည်ခိုင် ဖြိုး ပါတီပြောခွင့်ရ ဦးသိန်းထွန်းဦးက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများရှိခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ မြန်မာနိုင်ငံ အား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တရားစွဲဆိုခဲ့သည်။ ယင်းသို့ တရားစွဲဆိုပြီးနောက် နှစ်နိုင်ငံလျှောက် လဲချက်ကြားနာမှုကို နယ် သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တွင် ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိပြုလုပ်ခဲ့ပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွား ရောက်လျှောက်လဲခဲ့သည်။
Link : Here
No comments:
Post a Comment