DVB
အောင်ကိုကိုလတ် (နေပြည်တော်)
အောင်ကိုကိုလတ် (နေပြည်တော်)
21 February 2020
နိုင်ငံရေးလုပ်နေမှတော့ ဝေဖန်မှုတွေကို အရေထူနေမှရမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာနန္ဒလှမြင့်က ပြောပါတယ်။နေပြည်တော်၊ ရတနာသိင်္ဃဟိုတယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့အချုပ်အခြာ အာcဏာကို ထိပါးမယ့် ICJ အရေး၊ ရိုဟင်ဂျာလူမျိုး ရှိ/မရှိ အစိုးရရဲ့ ပြတ်သားတဲ့ အဖြေနဲ့ ရွေးကောက်ပွဲကော် မရှင်ရဲ့ ပြောကြားချက်တွေကို ပြန်လည်ဖြေရှင်းပေးဖို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
“ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ဆိုရင် ကျနော်တို့ကိုရော ဘယ်သူမှဝေဖန်လို့ မရတော့ဘူးလား။ ကျေ နာ် တို့ကိုဆို ရစရာမရှိအောင်ကို ဝေဖန်ခံရတာပဲ။ ဒါက နိုင်ငံရေး လုပ်နေမှတော့ အရေတော့ ထူရမှာ aပါ့။ ဒီအပေါ်မှာတော့ sensitive ဖြစ်လို့တော့ မရဘူး”လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့် က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို လက်ရှိ အချိန်ထိ ယုံကြည်မှုမ ရှိ ကြောင်းနဲ့ ICJ မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက် ဖြေရှင်းခဲ့တဲ့ ၇၄ ချက်ကို မြန်မာဘာသာနဲ့ ထုတ်ပြန်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

Link L Here
No comments:
Post a Comment