Wednesday, February 12, 2020

ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတဲ့သံသယရှိသူလေးဦး ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ဖေဖော်ဝါရီ၊ 2020
တိမ်းမှောက်သွားတဲ့ လှေပေါ်မှာပါလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
 
ဘင်္ဂလားဒေ့ရှ်ကမ်းလွန်ပင်လယ်၊ Saint Martin ကျွန်းနားမှာ အင်္ဂါနေ့က တိမ်းမှောက်သွားတဲ့ လှေပေါ်မှာ ပါသူ ရိုဟင်ဂျာ မွတ်ဆလင်တွေထဲက အသက်မသေ ကျန်ရစ်သူ နောက်ထပ် ရိုဟင်ဂျာ တဦးကို ကယ် တင်လိုက်နိုင်တယ်လို့ ဗွီအိုအေ၊ ဘင်္ဂလားဌာနရဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းထောက်တဦးက သ တင်းပို့ပါတယ်။
ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး လူမှောင်ခိုကူးသူလို့ သံသယရှိသူလေးဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က Cox’s Bazar မှာ ဒီနေ့ ဖမ်းလိုက်တယ်လို့လည်း သတင်းထောက်ကပြောပါတယ်။
လူူ ၅၀ ပဲဆန့်တဲ့လှေပေါ်မှာ လူပေါင်း ၁၃၀ ထက်မနည်း တင်ဆောင်ခဲ့တာဖြစ်ပြီး လှေတိမ်းမှောက်မှုမှာ သေ ဆုံးသူ ၁၅ ဦး ထက် မနည်း ရှိပါတယ်။ အဲဒီလှေဟာ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားဖို့ ကြိုး စားခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်း တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မလေးရှားအပါအဝင် တခြားနိုင်ငံတွေကိုသွားဖို့အ တွက် လူကုန်ကူးသူတွေကို အခကြေး ငွေပေးပြီး အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကို ဖြစ်ကတတ်ဆန်း ဆောက်ထားတဲ့ လှေတွေနဲ့ သွားကြတာကြောင့် အခုလို ဖြစ်ရပ်တွေနဲ့ မကြာခဏကြုံရလေ့ ရှိပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံဘဲ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ နှစ်နိုင်ငံနယ်စပ်မှာ ကြိုဆိုရေးစခန်းတွေ ဖွင့်ထားပါတယ်။ ဒါပေမဲ့လည်း နှစ်ဘက်အစိုးရအစီအစဉ်နဲ့ ပြန်လာတဲ့ ဒုက္ခသည် တဦးမှ မရှိသေးပါဘူး။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */