Wednesday, January 8, 2020

တပ်ပိုင် မြဝတီဘဏ်နဲ့ အလုပ်မလုပ်ဖို့ Western Union ဆုံးဖြတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-08
ရန်ကုန်မြို့ ရန်ကင်းမြို့နယ် က မြဝတီဘဏ်ကို တွေ့ရစဉ်
Photo: AFP
အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ လက်တွဲ လုပ် ကိုင်နေတာကို အဆုံးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်အခြေစိုက် Burma Campaign UK ရဲ့ ဇွန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ Western Union ကုမ္ပဏီက သူတို့ဆီကို စာရေးသားပေးပို့လာတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ Burma Campaign UK အနေနဲ့ Western Union ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ရေးသားထားပါတယ်။

Western Union ဟာ ATM စက်တွေကနေ ငွေသွင်း၊ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုတွေ၊ ပုဂ္ဂလိက ဘဏ်တွေ ဖြစ်တဲ့ ကမ္ဘောဇ KBZ၊ ဧရာဝတီ အစရှိတဲ့ လုပ်ငန်းပေါင်း ရာနဲ့ချီပြီးတော့ မြန်မာနိုင်ငံမှာ ချိတ်ဆက်လုပ်ကိုင် နေ တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တဲ့ တပ်မတော်ပိုင် မြဝတီဘဏ်တစ်ခုတည်း ကိုသာ အခုလို ရပ် ဆိုင်းတာဖြစ်တယ်လို့လည်း Burma Campaign UKရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြဝတီဘဏ်ဟာ တပ်မတော်ပိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် သို့မဟုတ် အရပ်သားတွေ သိကြတဲ့ “ဦးပိုင်” ရဲ့ လုပ်ငန်းခွဲ တစ်ခုဖြစ်ပါတယ်။ Burma Campaign UK အဖွဲ့ဟာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ကြဖို့ တိုက်တွန်းနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ပတ်သက်တဲ့ လုပ်ငန်းတွေကို ညစ်ပတ်တဲ့ စီးပွားရေးလုပ်ငန်း Dirty List အဖြစ် စာရင်းပြုစုဖော် ပြပါတယ်။

Western Union က တပ်ပိုင်လုပ်ငန်းနဲ့ မပတ်သက်တော့တဲ့ အတွက်လည်း Dirty List ကနေ ပယ်ဖျက် ပေး ပြီ ဖြစ်ကြောင်းလည်း Burma Campaign UK က ရေးသားထားပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းသို့မဟုတ် တပ်နဲ့ ပတ်သက်တဲ့ မိသားစုလုပ်ငန်းတွေနဲ့ စီးပွားရေး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */